တာချီလိတ်မြို့တွင် ဖမ်းဆီးသိမ်းဆည်းထားသည့် ဆိုင်ကယ်ပါဝါအိတ်ဇော (၅၀၀)ကျော် ဖျက်ဆီး

တာချီလိတ်မြို့တွင် ဖမ်းဆီးသိမ်းဆည်းထားသည့် ဆိုင်ကယ်ပါဝါအိတ်ဇော (၅၀၀)ကျော် ဖျက်ဆီး
ဧပွီ 11, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အများပြည်သူကို ဆူညံသံဖြင့်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောများဖမ်းဆီးရေးကို တိုးမြှင့်လုပ်ဆောင်နေပြီး ဖမ်းဆီးရမိထားသည့် ပါဝါအိတ်ဇော (၅၄၅)ခုကို ၂၀၁၉ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ နံနက်က ဖျက်ဆီးလိုက်သည်။


သင်္ကြန်ကာလနီးကပ်ချိန်တွင် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များအားဖမ်းဆီးသည့်အပြင် ပါဝါအိတ်ဇောရောင်းချသည့် ဆိုင်များကိုပါ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အများပြည်သူကို ဆူညံသံဖြင့်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောများဖမ်းဆီးရေးကို တိုးမြှင့်လုပ်ဆောင်နပြေီး ဖမ်းဆီးရမိထားသည့် ပါဝါအိတ်ဇော (၅၄၅)ခုကို ၂၀၁၉ ခုနှစ် ဧပြီလ (၁၁) ရက်နေ့ နံနက်က ဖျက်ဆီးလိုက်သည်။

"ဆိုင်ကယ်စီးဦးထုပ် (၁၅၀) ဝေခဲ့တယ်။ ပါဝါအိတ်ဇောက တစ်လုံးကို ကျပ် (၁၅,ဝဝဝ) လောက်ရှိတယ်။ ပါဝါအိတ်ဇော (၅၄၅) ခုဖျက်စီးခဲ့တယ်။ နောက်ကိုလည်းစီမံချက်နဲ့ ဖမ်းဆီးသွားမှာပါ"ဟု တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလနီးကပ်ချိန်တွင် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များအားဖမ်းဆီးသည့်အပြင် ပါဝါအိတ်ဇောရောင်းချသည့် ဆိုင်များကိုပါ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးနခြေင်းဖြစ်သည်။

ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို နေ့ပိုင်းတွင်သာမက ညပိုင်းအချိန်များတွင်ပါ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးကာ အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းထားမည်ဖြစ်ပြီး တရားရုံးဒဏ်ကြေးကိုလည်း တိုးမြင့်ထားကာ ထောင်ဒဏ်အထိလည်း ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net