မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနက် နော်ဝေသံရုံးက လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်ကို ပထမဆုံးအသုံးပြုသည့် သံရုံးဖြစ်လာကြောင်း နော်ဝေသံရုံးက ဧပြီလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
Tachileik News Agency
ဓါတ်ပုံ - နော်ဝေသံရုံး
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် အပြားအများ ထုတ်လုပ်နေသည့် နော်ဝေနိုင်ငံက လျှပ်စစ်စွမ်းအင်သုံးကားကို ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး Dag-Inge Ulstein က ရန်ကုန်မြို့ရှိ သံရုံးတွင် ကိုယ်တိုင် မောင်းနှင်အသုံးပြုခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်များကြောင့် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် နော်ဝေနိုင်ငံတွင် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ အသုံးပြုမှုတိုးတက်လာသည်နှင့်အမျှ လေထုအရည်အသွေး တိုးတက်လာနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - နော်ဝေသံရုံး