က်ိဳင္းတံုတြင္ မူးယစ္သတင္းရေနအိမ္မွ အသက္ (၆၀)အရြယ္ အမ်ိဳးသမီးကို စိတ္ၾကြေဆးျပား (၂၀၀) ႏွင့္အတူ ဖမ္းမိ

က်ိဳင္းတံုတြင္ မူးယစ္သတင္းရေနအိမ္မွ အသက္ (၆၀)အရြယ္ အမ်ိဳးသမီးကို စိတ္ၾကြေဆးျပား (၂၀၀) ႏွင့္အတူ ဖမ္းမိ
ဧပြီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ကတ္ထိုက္ေက်းရြာအုပ္စု၊ ပင္ခါးေက်းရြာတြင္ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၀၀)ႏွင့္အတူ ေနအိမ္ပိုင္ရွင္ အသက္ (၆၀)အရြယ္ အမ်ိဳးသမီးကို ဖမ္းဆီးရမိေၾကာင္းသိရသည္။

အမွတ္(၂)မူးယစ္တပ္ဖဲြ႔ခဲြမွဴး(ေတာင္ႀကီး)၏ ညြွန္ၾကားမွဳ ျဖင့္ မူးယစ္တပ္ဖြဲ႕စု (၂၈)က်ိဳင္းတံု ဦးစီးသည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၉) ရက္ေန႔ နံနက္ (၈)နာရီက သတင္းအရ ပင္းခါးေက်းရြာရိွ ေဒၚနာအူး၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေဒၚနာအူး၏ ခါးတြင္ပတ္ထားေသာ လြယ္အိတ္ငယ္အတြင္းမွ ကပ္ခြာအိတ္ျဖင့္ထုပ္ထားေသာ စိတ္ၾကြရႈးသြပ္ေဆးျပား (၂၀၀) ျပားႏွင့္ ေငြက်ပ္ (၂၆,၀၀၀) ကို ရွာေဖြေတြ႕ရိွခဲ့ေၾကာင္း သိရသည္။

ေဒၚနာအူးက အဆိုပါေဆးျပားမ်ားကို ၎ကိုယ္တုိင္သံုးစြဲရန္ႏွင့္ ေရာင္းခ်ရန္အတြက္ျဖစ္ေၾကာင္း ထြက္ဆိုသည္ဟု သိရသျဖင့္ ေဒၚနာအူးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉၉/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)၊၂၀(က) အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္ပတ္သက္၍ ဖမ္းဆီးရမိသူမ်ားတြင္္ အသက္ႀကီးသူမ်ားႏွင့္ အသက္ငယ္သူမ်ားအား မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးမႈမရိွေၾကာင္း ေျပာဆိုစည္းရံုး၍ အသံုးျပဳခံရမႈမ်ားေတြ႔ရိွရသျဖင့္ သတိျပဳၾကရန္ ေဒသတြင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္ႏွင္းေရးေဟာေျပာပြဲမ်ားတြင္ ရဲတပ္ဖြဲ႕က သတိေပးရွင္းလင္းေနရေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စု၊ ပင်ခါးကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၂၀၀)နှင့်အတူ နေအိမ်ပိုင်ရှင် အသက် (၆၀)အရွယ် အမျိုးသမီးကို ဖမ်းဆီးရမိကြောင်းသိရသည်။

အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲမှူး(တောင်ကြီး)၏ ညွှန်ကြားမှု ဖြင့် မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ် ဧပြီလ (၁၉) ရက်နေ့ နံနက် (၈)နာရီက သတင်းအရ ပင်းခါးကျေးရွာရှိ ဒေါ်နာအူး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဒေါ်နာအူး၏ ခါးတွင်ပတ်ထားသော လွယ်အိတ်ငယ်အတွင်းမှ ကပ်ခွာအိတ်ဖြင့်ထုပ်ထားသော စိတ်ကြွရှုးသွပ်ဆေးပြား (၂၀၀) ပြားနှင့် ငွေကျပ် (၂၆,ဝဝဝ) ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေါ်နာအူးက အဆိုပါဆေးပြားများကို၎င်းကိုယ်တိုင်သုံးစွဲရန်နှင့် ရောင်းချရန်အတွက်ဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသဖြင့် ဒေါ်နာအူးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၉၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)၊၂၀(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများတွင် အသက်ကြီးသူများနှင့် အသက်ငယ်သူများအား မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးမှုမရှိကြောင်း ပြောဆိုစည်းရုံး၍ အသုံးပြုခံရမှုများတွေ့ရှိရသဖြင့် သတိပြုကြရန် ဒေသတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဟောပြောပွဲများတွင် ရဲတပ်ဖွဲ့က သတိပေးရှင်းလင်းနေရကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net