တာချီလိတ် မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်ပုံးများကို ဧပြီလကုန်ပိုင်းတွင် စတင်ဖြန့်ဝေမည်
တာချီလိတ် မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်ပုံးများကို ဧပြီလကုန်ပိုင်းတွင် စတင်ဖြန့်ဝေမည်
ဧပွီ 8, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအမှိုက်ကောက်သည့် အစီအစဉ်ကို စတင်နေပြီး မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်ပုံးများကို ဧပြီလကုန်ပိုင်းမှစတင်ပြီး တစ်ရပ်ကွက်လျှင် အမှိုက်ပုံး(၂၀)စီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူတို့ပူးပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်နေပြီး ရပ်ကွက်များအတွင်းရှိ ရေမြောင်းများ၊ အမှိုက်ပုံများကို ရှင်းလင်းဖယ်ရှားနေရာ အဆိုပါနေရာများတွင် အမှိုက်စွန့်ပစ်မှု မရှိစေရန် စောင့်ကြည့်သွားမည်ဖြစ်ပြီး ရပ်ကွက်များအတွင်း အမှိုက်စနစ်တကျစွန့်ပစ်ရန်အတွက် အမှိုက်ပုံးများချထားပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မတ်လ (၉) ရက်နေ့ကစတင်ပြီး ရပ်ကွက်အလိုက်စုပေါင်းအမှိုက်ကောက်မှုကိုဆောင်ရွက်နေပြီး (၁) နှစ်စီမံချက်ဆောင်ရွက်နေရာတွင် ပထမ (၃) လပတ်ပြီးစီးသွားပါက အမှိုက်ပုံးဖြန့်ဝေမှုနှင့် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကို စည်ပင်ဒဏ်ငွေကောက်ခံမှုနှင့် ဓာတ်ပုံနှင့်တကွ သတင်းပေးပို့သူများကို ဆုကြေးငွေပေးမည့်အစီအစဉ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်းအမှိုက်ကောက်သည့် အစီအစဉ်ကို စတင်နပြေီး မြို့ပေါ်ရပ်ကွက်များတွင် အမှိုက်ပုံးများကို ဧပြီလကုန်ပိုင်းမှစတင်ပြီး တစ်ရပ်ကွက်လျှင် အမှိုက်ပုံး(၂၀)စီ ဖြနေ့်ဝပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"တစ်ရပ်ကွက်ကို ပုံး (၂၀) လောက်လျာထားဆောင်ရွက်ထားပါတယ်။ သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ စည်ပင်ကနေ ဖြနေ့်ဝပေးထားတဲ့အမှိုက်ပုံးတွေရှိပါတယ်ခင်ဗျ။ သင်္ကြန်အပြီး ဧပြီလ နောက်ဆုံးအပတ်မှာ ဖြန့်ဝပြေီး ချထားဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နပြေည်သူတို့ပူးပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်နပြေီး ရပ်ကွက်များအတွင်းရှိ ရေမြောင်းများ၊ အမှိုက်ပုံများကို ရှင်းလင်းဖယ်ရှားနေရာ အဆိုပါနေရာများတွင် အမှိုက်စွန့်ပစ်မှု မရှိစေရန် စောင့်ကြည့်သွားမည်ဖြစ်ပြီး ရပ်ကွက်များအတွင်း အမှိုက်စနစ်တကျစွန့်ပစ်ရန်အတွက် အမှိုက်ပုံးများချထားပေးမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့မြို့မှာ ရပ်ကွက်တွေမှာ အမှိုက်မပစ်ရဘူးဆိုတဲ့နေရာတွေမှာ လာပြီးတော့ စုပုံနေရာတွေရှိတယ်။ အမှိုက်ပုံကြီးတွဖြေစ်သွားတယ်။ အဲဒီနေရာတွေကို အမှိုက်ကောက်ရင်းနဲ့ရှင်းလင်းသွားတယ်။ ဆိုင်းဘုတ်တွေထောင်မယ်။ စည်ပင်သာယာရေးဥပဒေအရ ဒဏ်ကြေးတွေကောက်မယ်။ မြောင်းတွေမှာလဲ အမှိုက်ပစ်တာတွေရှိတယ်။ အမှိုက်ကောက်ရင်းနဲ့ မြောင်းတွေရှင်းလင်းတာရှိတယ်။ မြောင်းတွေမှာလည်း ဆိုင်းဘုတ်ထောင်သွားမယ်။ ဒဏ်ကြေးရိုက်တာတွေရှိလာမှာပေါ့"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
၂၀၁၉ ခုနှစ် မတ်လ (၉) ရက်နေ့ကစတင်ပြီး ရပ်ကွက်အလိုက်စုပေါင်းအမှိုက်ကောက်မှုကိုဆောင်ရွက်နပြေီး (၁) နှစ်စီမံချက်ဆောင်ရွက်နေရာတွင် ပထမ (၃) လပတ်ပြီးစီးသွားပါက အမှိုက်ပုံးဖြနေ့်ဝမှုနှင့် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကို စည်ပင်ဒဏ်ငွေကောက်ခံမှုနှင့် ဓာတ်ပုံနှင့်တကွ သတင်းပေးပို့သူများကို ဆုကြေးငွေပေးမည့်အစီအစဉ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net