မိုင်းဆတ်ခရိုင်အတွင်း (၃)နှစ်(၃)လ(၃)ရက် ဂူတွင်း တရားကျင့်ကြံအား ထုတ်မည့် မိုင်းဖုန်းဆရာတော်သည် ၂၀၁၉ခုနှစ် ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီးနောက် မိုင်းဆတ်မြို့သို့ ကြွတော်မူသွားကြောင်း သိရသည်။
"ဆရာတော်ဘုရားက အခု မိုင်းဆတ်ကို ကြွနေပြီ၊ မုန်းကျက်ဂူမှာ (၁)ည(၂)ည အဓိဋ္ဌာန်ဝင်ပြီးတော့ အနီးအနား မြို့တွေကြွပြီး တရားဟောတာတွေ လုပ်မယ်လို့ သိရပါတယ်၊ ဒီလ(၂၈)ရက်နေ့မှာတော့ ဂူကို ပြန်ကြွလာပြီး (၃)နှစ်(၃)လ(၃)ရက် ဂူတွင်း တရားကျင့်ကြံအားထုတ်မယ်လို့ သိရတယ်ဗျ"ဟု မိုင်းဖုန်းဆရာတော်၏ တပည့်ဒါယကာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နှစ်စဉ်ဝါတွင်းကာလ(၃)လအတွင်း ဂူတွင်း တရားအားထုတ်လေ့ရှိသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တဥာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရားသည် ၂၀၁၉ခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်းမှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် (၃)နှစ်(၃)လ(၃)ရက် ကြာ ဂူတွင်းတရားကျင့်ကြံအားထုတ်ရန်အတွက် ယနေ့ ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက စ၍ မိုင်းဆတ်မြို့သို့ ကြွရောက်တော်မူသွားခြင်းဖြစ်သည်။
Tachileik News Agency
"ဆရာတော်ဘုရားက အခု မိုင်းဆတ်ကို ကြွနပြေီ၊ မုန်းကျက်ဂူမှာ (၁)ည(၂)ည အဓိဋ္ဌာန်ဝင်ပြီးတော့ အနီးအနား မြို့တွကြွပြေီး တရားဟောတာတွေ လုပ်မယ်လို့ သိရပါတယ်၊ ဒီလ(၂၈)ရက်နေ့မှာတော့ ဂူကို ပြန်ကြွလာပြီး (၃)နှစ်(၃)လ(၃)ရက် ဂူတွင်း တရားကျင့်ကြံအားထုတ်မယ်လို့ သိရတယ်ဗျ"ဟု မိုင်းဖုန်းဆရာတော်၏ တပည့်ဒါယကာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နှစ်စဉ်ဝါတွင်းကာလ(၃)လအတွင်း ဂူတွင်း တရားအားထုတ်လေ့ရှိသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘဒ္ဒန္တဉာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရားသည် ၂၀၁၉ခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်းမှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် (၃)နှစ်(၃)လ(၃)ရက် ကြာ ဂူတွင်းတရားကျင့်ကြံအားထုတ်ရန်အတွက် ယနေ့ ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက စ၍ မိုင်းဆတ်မြို့သို့ ကြွရောက်တော်မူသွားခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း