လူကုန္ကူးမႈ (၂၂)မႈကို မတ္လအတြင္း ဖမ္းဆီးရမိထားၿပီး ရွမ္းျပည္နယ္ႏွင့္ ရန္ကုန္တုိင္းမွ လူကုန္ကူးခံရသူ အမ်ားဆံုးပါဝင္

လူကုန္ကူးမႈ (၂၂)မႈကို မတ္လအတြင္း ဖမ္းဆီးရမိထားၿပီး ရွမ္းျပည္နယ္ႏွင့္ ရန္ကုန္တုိင္းမွ လူကုန္ကူးခံရသူ အမ်ားဆံုးပါဝင္
ဧပြီ 10, 2019
By Tachileik News Agency

တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ (၈)ခုမွ လူကုန္ကူးခံရမႈ (၂၂)မႈကို ၂၀၁၉ ခုႏွစ္ မတ္လအတြင္း ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့ၿပီး ရွမ္းျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးမ်ားမွ အမ်ားဆံုးျဖစ္ပြားေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

လူကုန္ကူးမႈတားဆီးႏွိမ္းႏွင္းေရးရဲတပ္ဖြဲ႕က မတ္လအတြင္း ေဖၚထုတ္ဖမ္းဆီးမႈမ်ားမွာ ရွမ္းျပည္နယ္ႏွင့္ ရန္ကုန္တုိင္းေဒသႀကီးတုိ႔တြင္ (၆)မႈစီ၊ ကခ်င္ျပည္နယ္တြင္ (၄)မႈ၊ ဧရာဝတီတုိင္းေသႀကီးတြင္ (၂)မႈ၊ ပဲခူးတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ မႏၱေလးတုိင္းေဒသႀကီးတုိ႔တြင္ (၁)မႈစီ စုစုေပါင္း (၂၂)မႈရိွေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈမ်ားအတြင္းမွ လူကုန္ကူးခံရသူ အမ်ိဳးသား (၁)ဦးႏွင့္ မိန္းကေလး (၃)ဦးအပါအဝင္ အမ်ိဳးသမီး(၂၄)ဦး စုစုေပါင္း (၂၅)ဦးကို ကယ္တင္ႏုိင္ခဲ့ၿပီး တရားခံ အမ်ိဳးသား (၁၅)ဦးႏွင့္ အမ်ိဳးသမီး (၃၅)ဦး စုစုေပါင္း (၅၀)ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မတ္လအတြင္း ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈ (၂၂)မႈတြင္ တရုတ္ႏုိင္ငံသို႔ပို႔ေဆာင္ၿပီး အဓမၼလက္ထပ္ေစမႈ (၁၉)မႈ၊ မေလးရွားႏုိင္ငံတြင္ ေစခုိင္းရန္ေခၚေဆာင္ခံရမႈ (၂)မႈႏွင့္ ျပည္တြင္း၌ ျပည့္တန္ဆာအျဖစ္ပို႔ေဆာင္ခံရမႈ (၁)မႈတုိ႔ ပါဝင္ေၾကာင္း သိရသည္။

ေဖေဖၚဝါရီလအတြင္းက လူကုန္ကူးခံရမႈ (၁၈)မႈမွ လူကုန္းကူးခံရသူ ကေလး(၃)ဦးအပါအဝင္ အမ်ိဳးသား၊အမ်ိဳးသမီး စုစုေပါင္း(၃၁)ဦးကို ကယ္တင္ႏုိင္ခဲ့ၿပီး တရားခံ အမ်ိဳးသား၊အမ်ိဳးသမီးစုစုေပါင္း (၅၈)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လူကုန္ကူးမႈႏွင့္ပတ္သက္၍ တုိင္ၾကားလိုပါက လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔၏ သတင္းလက္ခံေရးဌာန ဖုန္း ၀၉၄၉၅၅၅၆၆၆. ၀၉၄၉၅၅၅၇၇၇. ၀၉၄၉၅၅၅၈၈၈. ၀၉၄၉၅၅၅၉၉၉ သို႔ ဆက္သြယ္တိုင္ၾကားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုမှ လူကုန်ကူးခံရမှု (၂၂)မှုကို ၂၀၁၉ ခုနှစ် မတ်လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးများမှ အများဆုံးဖြစ်ပွားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်းနှင်းရေးရဲတပ်ဖွဲ့က မတ်လအတွင်း ဖော်ထုတ်ဖမ်းဆီးမှုများမှာ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် (၆)မှုစီ၊ ကချင်ပြည်နယ်တွင် (၄)မှု၊ ဧရာဝတီတိုင်းသကြေီးတွင် (၂)မှု၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် (၁)မှုစီ စုစုပေါင်း (၂၂)မှုရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများအတွင်းမှ လူကုန်ကူးခံရသူ အမျိုးသား (၁)ဦးနှင့် မိန်းကလေး (၃)ဦးအပါအဝင် အမျိုးသမီး(၂၄)ဦး စုစုပေါင်း (၂၅)ဦးကို ကယ်တင်နိုင်ခဲ့ပြီး တရားခံ အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၃၅)ဦး စုစုပေါင်း (၅၀)ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မတ်လအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု (၂၂)မှုတွင် တရုတ်နိုင်ငံသို့ပို့ဆောင်ပြီး အဓမ္မလက်ထပ်စေမှု (၁၉)မှု၊ မလေးရှားနိုင်ငံတွင် စေခိုင်းရန်ခေါ်ဆောင်ခံရမှု (၂)မှုနှင့် ပြည်တွင်း၌ ပြည့်တန်ဆာအဖြစ်ပို့ဆောင်ခံရမှု (၁)မှုတို့ ပါဝင်ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်းက လူကုန်ကူးခံရမှု (၁၈)မှုမှ လူကုန်းကူးခံရသူ ကလေး(၃)ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး စုစုပေါင်း(၃၁)ဦးကို ကယ်တင်နိုင်ခဲ့ပြီး တရားခံ အမျိုးသား၊အမျိုးသမီးစုစုပေါင်း (၅၈)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုနှင့်ပတ်သက်၍ တိုင်ကြားလိုပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းလက်ခံရေးဌာန ဖုန်း ဝ၉၄၉၅၅၅၆၆၆. ဝ၉၄၉၅၅၅၇၇၇. ဝ၉၄၉၅၅၅၈၈၈. ဝ၉၄၉၅၅၅၉၉၉ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net