ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ (၆၃)ဦးကို တာခ်ီလိတ္သို႔ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ(၆)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲဝန္းက်င္က လႊဲေျပာင္းေပးလာသျဖင့္ စိစစ္ရာ မေလးရွားႏုိင္ငံသားတစ္ဦးပါဝင္လာေၾကာင္း သိရသည္။
"မေလးရွားႏိုင္ငံသားလို႔ သူကေတာ့ေျပာတယ္။ ထိုင္း လ၀ကကေန ကၽြန္ေတာ္တို႔ဆီကို ပို႔လာတာ။ သူတို႔ဆီက ဘာသာျပန္နဲ႔ ေမးျမန္းၿပီးေတာ့ ျမန္မာႏိုင္ငံသားျဖစ္တယ္ဆိုၿပီး လာပို႔လာတယ္။ ကၽြန္ေတာ္တို႔စစ္ေဆးလိုက္တဲ့အခါမွာ ျမန္မာစကားလံုးဝမတတ္ေတာ့ ေသခ်ာေမးတယ္။ စစ္ေဆးလိုက္တဲ့အခါက်ေတာ့ မေလးရွားႏိုင္ငံသားလို႔ေျပာတယ္။ အသက္က (၈၀) ရိွၿပီ။ အဲဒါနဲ႔ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံသားျဖစ္မွသာလွ်င္ ကၽြန္ေတာ္တို႔ လက္ခံပါတယ္ဆိုၿပီးေတာ့ သူ႔ကိုထိုင္း လ၀က က လာပို႔တဲ့ကားနဲ႔ ျပန္ထည့္ေပးလိုက္ပါတယ္"ဟု လႊဲေျပာင္းလက္ခံရာတြင္ ပါ၀င္သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လႊဲေျပာင္းလာသည့္ အမ်ဳိးသား(၄၆)ဦး ႏွင့္ အမ်ဳိးသမီး(၁၆)ဦး စုစုေပါင္း (၆၂)ဦးမွာ မြန္ျပည္နယ္မွ (၁)ဦး၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ (၄)ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ (၁)ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၇)ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၁၀)ဦး ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၃၉)ဦးပါဝင္ၿပီး တရားမဝင္သြားေရာက္မႈေၾကာင့္ ဖမ္းဆီးခံရသူ (၁၄)ဦး၊ သတ္မွတ္နယ္ေျမေက်ာ္လြန္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူ (၂၄)ဦး ႏွင့္ က်န္(၂၄)ဦးသည္ ရက္ေက်ာ္ေနထိုင္ျခင္းေၾကာင့္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူ (၃၂)ဦးမွာ မဟာခ်ိဳင္ရိွ ပလတ္စတစ္စက္ရံုတြင္ အဖမ္းခံရျခင္းျဖစ္ၿပီး က်န္လူမ်ားမွာ အေထာက္အထားမျပည့္စံု၍ အဖမ္းခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ျပန္လည္လႊဲေျပာင္းခံရသူမ်ားသည္ ျမန္မာႏုိင္ငံသို႔ အျမန္ျပန္လႊဲေပးရန္ ဘန္ေကာက္အထြက္တြင္ တစ္ဦးလွ်င္ ဘတ္ (၁၀၀၀)ႏွင့္ မယ္ဆုိင္လဝကရံုးတြင္ ဘတ္ (၃၀၀) စုစုေပါင္း ဘတ္ (၁၃၀၀)စီေပးခဲ့ရေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ ျမန္မာႏုိင္ငံသား (၆၃)ဦးကို လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"မလေးရှားနိုင်ငံသားလို့ သူကတော့ပြောတယ်။ ထိုင်း လဝကကနေ ကျွန်တော်တို့ဆီကို ပို့လာတာ။ သူတို့ဆီက ဘာသာပြန်နဲ့ မေးမြန်းပြီးတော့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုပြီး လာပို့လာတယ်။ ကျွန်တော်တို့စစ်ဆေးလိုက်တဲ့အခါမှာ မြန်မာစကားလုံးဝမတတ်တော့ သေချာမေးတယ်။ စစ်ဆေးလိုက်တဲ့အခါကျတော့ မလေးရှားနိုင်ငံသားလို့ပြောတယ်။ အသက်က (၈၀) ရှိပြီ။ အဲဒါနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်မှသာလျှင် ကျွန်တော်တို့ လက်ခံပါတယ်ဆိုပြီးတော့ သူ့ကိုထိုင်း လဝက က လာပို့တဲ့ကားနဲ့ ပြန်ထည့်ပေးလိုက်ပါတယ်"ဟု လွှဲပြောင်းလက်ခံရာတွင် ပါဝင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွှဲပြောင်းလာသည့် အမျိုးသား(၄၆)ဦး နှင့် အမျိုးသမီး(၁၆)ဦး စုစုပေါင်း (၆၂)ဦးမှာ မွန်ပြည်နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၇)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁၀)ဦး နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၃၉)ဦးပါဝင်ပြီး တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦး၊ သတ်မှတ်နယ်မြေကျော်လွန်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး နှင့် ကျန်(၂၄)ဦးသည် ရက်ကျော်နေထိုင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ (၃၂)ဦးမှာ မဟာချိုင်ရှိ ပလတ်စတစ်စက်ရုံတွင် အဖမ်းခံရခြင်းဖြစ်ပြီး ကျန်လူများမှာ အထောက်အထားမပြည့်စုံ၍ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်လွှဲပြောင်းခံရသူများသည် မြန်မာနိုင်ငံသို့ အမြန်ပြန်လွှဲပေးရန် ဘန်ကောက်အထွက်တွင် တစ်ဦးလျှင် ဘတ် (၁၀၀၀)နှင့် မယ်ဆိုင်လဝကရုံးတွင် ဘတ် (၃၀၀) စုစုပေါင်း ဘတ် (၁၃၀၀)စီပေးခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တာချီလိတ်ဘက်ခြမ်းသို့ မြန်မာနိုင်ငံသား (၆၃)ဦးကို လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း