တာခ်ီလိတ္ၿမို႕မသုႆာန္ေရွ႕ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္သူမ်ားကို စည္ပင္ဥပေဒအရဒဏ္ေငြ က်ပ္ (၅၀,၀၀၀) ေကာက္ခံၿပီး တိုင္ၾကားႏုိင္သူကို က်ပ္(၃၀,၀၀၀)ျပန္လည္ခ်ီးျမႇင့္မည္

တာခ်ီလိတ္ၿမို႕မသုႆာန္ေရွ႕ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္သူမ်ားကို စည္ပင္ဥပေဒအရဒဏ္ေငြ က်ပ္ (၅၀,၀၀၀) ေကာက္ခံၿပီး တိုင္ၾကားႏုိင္သူကို က်ပ္(၃၀,၀၀၀)ျပန္လည္ခ်ီးျမႇင့္မည္
ဧပြီ 6, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမို႕ ပုန္းထြန္ရပ္ကြက္ႏွင့္ ၀မ္ေကာင္းရပ္ကြက္ၾကားရိွ တာခ်ီလိတ္ၿမိဳ႕မသုႆာန္အနီးတြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္ အမိႈက္မ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာတို႔ ပူးေပါင္းရွင္းလင္းမႈ ဧၿပီလ (၆) ရက္ေန႔တြင္ေဆာင္ရြက္ခဲ့ၿပီးေနာက္ စမ္းကမ္းမဲ့အမိႈက္စြန္႔ပစ္သူမ်ားကို စည္ပင္ဥပေဒအရဒဏ္ေငြ (၅၀,၀၀၀) က်ပ္ ေကာက္ခံမည့္အစီအစဥ္ စတင္လိုက္ေၾကာင္း သိရသည္။

"ဒီေနရာက ၿမိဳ႕နဲ့လည္းနီးတယ္။ ဒဏ္ေငြ (၅၀,၀၀၀) က်ပ္ရိုက္မယ့္ အစီအစဥ္ေပါ့။ ပညာေပးဆိုင္းဘုတ္ကပ္ထားမယ္။ ရပ္ကြက္ဥကၠဌရယ္၊ ကြ်န္ေတာ္ရယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရယ္၊ စည္ပင္ကအမွဴေဆာင္အရာရိွရယ္က တိုင္တဲ့သူကို ဆုေငြ က်ပ္ (၃၀,၀၀၀) ေပးဖို႔ စီစဥ္ထားပါတယ္။ အမိႈက္ပစ္တဲ့သူကို ဓာတ္ပံရိုက္ၿပီး ေသခ်ာတိုင္ၾကားႏိုင္ရင္ ဆုခ်သြားမွာေပါ့"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အတြင္း သန္႔ရွင္းသာယာေရးအတြက္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ၿမိဳ႕ေနျပည္သူမ်ားစုေပါင္းအမိႈက္ေကာက္မႈကို မတ္လ (၉) ရက္ေန႔က စတင္ေဆာင္ရြက္ခဲ့ၿပီး တစ္ႏွစ္စီမံခ်က္ျဖင့္ ေဆာင္ရြက္ေနရာတြင္ အမိႈက္ပံုးမ်ားျဖန္႔ေ၀ျခင္းႏွင့္ ဆုေပးဒဏ္ေပးစနစ္မ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။   

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နှင့် ဝမ်ကောင်းရပ်ကွက်ကြားရှိ တာချီလိတ်မြို့မသုဿာန်အနီးတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်များကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းရှင်းလင်းမှု ဧပြီလ (၆) ရက်နေ့တွင်ဆောင်ရွက်ခဲ့ပြီးနောက် စမ်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများကို စည်ပင်ဥပဒေအရဒဏ်ငွေ (၅၀,ဝဝဝ) ကျပ် ကောက်ခံမည့်အစီအစဉ် စတင်လိုက်ကြောင်း သိရသည်။

"ဒီနေရာက မြို့နဲ့လည်းနီးတယ်။ ဒဏ်ငွေ (၅၀,ဝဝဝ) ကျပ်ရိုက်မယ့် အစီအစဉ်ပေါ့။ ပညာပေးဆိုင်းဘုတ်ကပ်ထားမယ်။ ရပ်ကွက်ဥက္ကဌရယ်၊ ကျွန်တော်ရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ စည်ပင်ကအမှူဆောင်အရာရှိရယ်က တိုင်တဲ့သူကို ဆုငွေ ကျပ် (၃၀,ဝဝဝ) ပေးဖို့ စီစဉ်ထားပါတယ်။ အမှိုက်ပစ်တဲ့သူကို ဓာတ်ပံရိုက်ပြီး သေချာတိုင်ကြားနိုင်ရင် ဆုချသွားမှာပေါ့"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့အတွင်း သန့်ရှင်းသာယာရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နပြေည်သူများစုပေါင်းအမှိုက်ကောက်မှုကို မတ်လ (၉) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်စီမံချက်ဖြင့် ဆောင်ရွက်နေရာတွင် အမှိုက်ပုံးများဖြန့်ဝခြေင်းနှင့် ဆုပေးဒဏ်ပေးစနစ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net