တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၁)တွင် တစ်ပိုင်တစ်နိုင်တင်သွင်းမှုမှ နှစ်စဉ် ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သိန်းတစ်သောင်းကျော်ရရှိ
တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၁)တွင် တစ်ပိုင်တစ်နိုင်တင်သွင်းမှုမှ နှစ်စဉ် ပြည်နယ်အစိုးရ ရန်ပုံငွေ ကျပ်သိန်းတစ်သောင်းကျော်ရရှိ
ဧပွီ 11, 2019
By Tachileik News Agency
ချစ်ကြည်ရေးတံတားအမှတ် (၁)မှ ပြည်နယ်အစိုးရရန်ပုံငွေ (၃)ရာခိုင်နှုန်းကောက်ခံခြင်းနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင် (ခ)ဦးအောင်အောင်က မေးခွန်းမေးမြန်းခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)နှင့် အမှတ် (၂) ရှိသည့်အနက် ကုန်သွယ်မှုအတွက် တံတား (၂)ကိုအသုံးပြုနေပြီး တံတား (၁) ကို လူဝင်လူထွက်ကူးသန်းသွားလာခြင်းနှင့် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။
တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်ဆောင်မှုမှ ကုန်စည်တန်ဖိုး၏ (၃) ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ၏ရန်ပုံငွေအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်သော အခြားဌာနဝန်ထမ်းများမှ စိစစ်ကောက်ခံနေခြင်းဖြစ်ပြီး သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းရမည့်ကုန်ပစ္စည်းများကို သုံးဘီးဆိုင်ကယ်များ၊ အလုံပိတ်ကားများဖြင့် တင်သွင်းမှုများရှိနေသဖြင့် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) တွင် တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းမှုမှ (၃) ရာခိုင်နှုန်းကို ရှမ်းပြည်နယ်အစိုးရရန်ပုံငွေအဖြစ် အခွန်ကောက်ခံနေရာ နှစ်စဉ်ကျပ်သိန်း တစ်သောင်းကျော်ရရှိနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ချစ်ကြည်ရေးတံတားအမှတ် (၁)မှ ပြည်နယ်အစိုးရရန်ပုံငွေ (၃)ရာခိုင်နှုန်းကောက်ခံခြင်းနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအေဝးတွင် မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင် (ခ)ဦးအောင်အောင်က မေးခွန်းမေးမြန်းခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်က ဖြကြေားခဲ့ခြင်းဖြစ်သည်။
"တံတားပေါ်မှာပဲ (၃) ရာခိုင်နှုန်းကောက်တယ်။ မယ်ယန်းဂိတ်နဲ့ ပုန်းထွန်ဂိတ်တွေကတော့ မကောက်ဘူးပေါ့။ ကောက်ပိုင်ခွင့် မရှိဘူးပေါ့။ မိုင်းဆတ်ခရိုင်နဲ့ တာချီလိတ်ခရိုင်အထိတော့ သွားလို့ရတယ်။ တစ်နှစ်ကို သိန်းပေါင်း (၁၀,၁၀၀) ကျော်ရတယ်။ တံတား (၁) ကနဖြေတ်သန်းရတဲ့ ကုန်ပစ္စည်းအမျိုးအစားက (၁၄၅) မျိုး၊ တစ်ပိုင်တစ်နိုင်ပေါ့ " ဟု မိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)နှင့် အမှတ် (၂) ရှိသည့်အနက် ကုန်သွယ်မှုအတွက် တံတား (၂)ကိုအသုံးပြုနပြေီး တံတား (၁) ကို လူဝင်လူထွက်ကူးသန်းသွားလာခြင်းနှင့် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။
တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်ဆောင်မှုမှ ကုန်စည်တန်ဖိုး၏ (၃) ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ၏ရန်ပုံငွေအဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်သော အခြားဌာနဝန်ထမ်းများမှ စိစစ်ကောက်ခံနခြေင်းဖြစ်ပြီး သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းရမည့်ကုန်ပစ္စည်းများကို သုံးဘီးဆိုင်ကယ်များ၊ အလုံပိတ်ကားများဖြင့် တင်သွင်းမှုများရှိနေသဖြင့် လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net