မီးခိုးျမဴေလွ်ာ့ခ်ရန္ ႀကိဳးစားေနသည့္ ထုိင္းနိုင္ငံအတြင္း သတင္းေဖၚျပခံလို၍ ေတာမီးရိႈ႕သည့္လူငယ္ကို ဖမ္းဆီးထား

မီးခိုးျမဴေလွ်ာ့ခ်ရန္ ႀကိဳးစားေနသည့္ ထုိင္းနိုင္ငံအတြင္း သတင္းေဖၚျပခံလို၍ ေတာမီးရိႈ႕သည့္လူငယ္ကို ဖမ္းဆီးထား
မတ် 18, 2019
By 🌸
ထုိင္းႏုိင္ငံ၊ ခ်င္းရိုင္းခရိုင္အတြင္း ျမန္မာ - ထုိင္းနယ္စပ္တေလွ်ာက္ရိွ သစ္ေတာမ်ားအတြင္း မီးရိႈ႕မႈျဖင့္ ဖမ္းဆီးခံရသည့္ အသက္ (၂၂)ႏွစ္အရြယ္ ႏိုင္ငံမဲ့လူငယ္တစ္ဦးက စိုက္ပ်ိဳးေျမအတြက္ မီးရိႈ႕ျခင္းမဟုတ္ဘဲ သတင္းတြင္ ေဖၚျပခံလို၍ မီးရိႈ႕ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

မီးခိုးျမဴထူထပ္ေနသျဖင့္ ခ်င္းရိုင္းခရို္င္အတြင္း ေဖေဖၚဝါရီလ (၁၅)ရက္ေန႔မွ
ဧၿပီလ (၁၅)ရက္ေန႔အထိ မီးရိႈ႕ျခင္းမ်ား မျပဳလုပ္ၾကရန္ တားျမစ္ထားေသာ္လည္း ေတာမီးရိႈ႕သူရိွေနေၾကာင္း ေဒသခံမ်ား၏သတင္းေပးခ်က္အရ သက္ဆုိင္ရာဌာနမ်ားက ဖမ္းဆီးရမိလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလူငယ္က နယ္စပ္အနီး သစ္ေတာမ်ားရိွ ျမက္ေျခာက္မ်ားအတြင္း စီးကရက္ကိုပစ္ထည့္ကာ မီးေလာင္ကၽြမ္းေစရန္ ျပဳလုပ္ၿပီး မီးရိႈ႕ျခင္းျဖစ္ကာ စိုက္ပ်ိဳးေျမအတြက္မဟုတ္ဘဲ သတင္းတြင္ ေဖၚျပခံလို၍ မီးရိႈ႕ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ကို ေျဖၾကားထားေၾကာင္း သိရသည္။

ေဒသတြင္း စိုက္ပ်ိဳးေျမအတြက္ မီးရိႈ႕သည့္ဓေလ့မ်ားေၾကာင့္ မီးခိုးျမဴမ်ားပိတ္ေနကာ ခ်င္းရိုင္းခရိုင္အတြင္း ေလထုအရည္အေသြးက်ဆင္းေနသျဖင့္ မီးခိုးျမဴေလွ်ာ့ခ်ေရး နည္းလမ္းေပါင္းစံုျဖင့္ ႀကိဳးစားေနရဆဲျဖစ္ၿပီး ျမန္မာဘက္ျခမ္းရိွ တာခ်ီလိတ္ၿမိဳ႕တြင္လည္း မီးခိုးျမဴမ်ားပိတ္ေနသျဖင့္ ေလယာဥ္ခရီးစဥ္အခ်ိဳ႕ဖ်က္သိမ္းခဲ့ရသည့္အျပင္ ေလထုအရည္အေသြးတုိင္းတာသည့္စက္ျဖင့္ပါ ေစာင့္ၾကည့္ေနရျခင္းျဖစ္သည္။

Tachileik News Agency
Ref:DailyNewsThailand

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မီးခိုးမြူလျှော့ချရန် ကြိုးစားနေသည့် ထိုင်းနိုင်ငံအတွင်း သတင်းဖေါ်ပြခံလို၍ တောမီးရှို့သည့်လူငယ်ကို ဖမ်းဆီးထား
**************
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း မြန်မာ - ထိုင်းနယ်စပ်တလျှောက်ရှိ သစ်တောများအတွင်း မီးရှို့မှုဖြင့် ဖမ်းဆီးခံရသည့် အသက် (၂၂)နှစ်အရွယ် နိုင်ငံမဲ့လူငယ်တစ်ဦးက စိုက်ပျိုးမြေအတွက် မီးရှို့ခြင်းမဟုတ်ဘဲ သတင်းတွင် ဖေါ်ပြခံလို၍ မီးရှို့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

မီးခိုးမြူထူထပ်နေသဖြင့် ချင်းရိုင်းခရိုင်အတွင်း ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှ
ဧပြီလ (၁၅)ရက်နေ့အထိ မီးရှို့ခြင်းများ မပြုလုပ်ကြရန် တားမြစ်ထားသော်လည်း တောမီးရှို့သူရှိနေကြောင်း ဒေသခံများ၏သတင်းပေးချက်အရ သက်ဆိုင်ရာဌာနများက ဖမ်းဆီးရမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်က နယ်စပ်အနီး သစ်တောများရှိ မြက်ခြောက်များအတွင်း စီးကရက်ကိုပစ်ထည့်ကာ မီးလောင်ကျွမ်းစေရန် ပြုလုပ်ပြီး မီးရှို့ခြင်းဖြစ်ကာ စိုက်ပျိုးမြေအတွက်မဟုတ်ဘဲ သတင်းတွင် ဖေါ်ပြခံလို၍ မီးရှို့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ဖြေကြားထားကြောင်း သိရသည်။

ဒေသတွင်း စိုက်ပျိုးမြေအတွက် မီးရှို့သည့်ဓလေ့များကြောင့် မီးခိုးမြူများပိတ်နေကာ ချင်းရိုင်းခရိုင်အတွင်း လေထုအရည်အသွေးကျဆင်းနေသဖြင့် မီးခိုးမြူလျှော့ချရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေရဆဲဖြစ်ပြီး မြန်မာဘက်ခြမ်းရှိ တာချီလိတ်မြို့တွင်လည်း မီးခိုးမြူများပိတ်နေသဖြင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်းခဲ့ရသည့်အပြင် လေထုအရည်အသွေးတိုင်းတာသည့်စက်ဖြင့်ပါ စောင့်ကြည့်နေရခြင်းဖြစ်သည်။

Tachileik News Agency
Ref:DailyNewsThailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net