နယ်စပ်ဖြတ်ကျော်မီးခိုးမြူများကြောင့် တာချီလိတ်မြို့တွင်း လေထုအရည်အသွေးကျဆင်းမှုရှိနေသဖြင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်နေ့မှစ၍ တိုင်းတာမှုများဆောင်ရွက်ခဲ့ရာတွင် လေထုအရည်အသွေးတိုးတက်ကောင်းမွန်လာသော်လည်း မတ်လ(၂၁)ရက်နေ့အထိ လိမ္မော်ရောင်အဆင့်တွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် ကျန်းမာရေးအသိပေးခြင်း၊ ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်ပြီး လေထုအရည်အသွေးတိုင်းတာရန် တောင်ကြီးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက လာရောက်ကူညီပေးနေခြင်းဖြစ်သည်။
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
တာချီလိတ်မြို့တွင် (၂၄) နာရီကြာ လေထုတိုင်းတာရေး စက်ကိရိယာဖြင့် မတ်လ (၁၅) ရက်နေ့မှစတင်တိုင်းတာခဲ့သည့် ရလဒ်များအရ ၂၀၁၉ခုနှစ် မတ်လ (၁၆) ရက်နေ့တွင် အညိုရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၃၀၂)၊ မတ်လ (၁၇) ရက်နေ့တွင် အနီရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၂၇၆)၊ မတ်လ (၁၈) ရက်နေ့တွင် လိမ္မော်ရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၁၄၃)၊ မတ်လ (၁၉) ရက်နေ့တွင် လိမ္မော်ရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၁၃၉)၊ မတ်လ (၂၀) ရက်နေ့တွင် လိမ္မော်ရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၁၃၈)၊ မတ်လ (၂၁) ရက်နေ့တွင် လိမ္မော်ရောင်အဆင့်ဖြစ်သည့် ညွှန်းကိန်း (၁၃၈)အထိ အသီးသီးရှိနေကြောင်း သိရသည်။
တိုင်းထွာချက်များကို သတိပေး အရောင်များဖြင့် သတ်မှတ်ရာတွင် တိုင်းထွာချက် ရလဒ်၏ (၃၀၁)အထက်အား အညိုရောင်အဆင့်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၂၀၁) မှ (၃၀၀)အထိအား အနီရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၁၀၁) မှ (၁၅၀)အထိအား လိမ္မော်ရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (၅၀) မှ (၁၀၀)အထိအား အဝါရောင်ဖြင့် လည်းကောင်း၊ တိုင်းထွာချက် (ဝ)မှ (၅၀)အထိအား အစိမ်းရောင်ဖြင့် လည်းကောင်း အရောင်ခွဲ၍ သတိပေး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့ထဲမှာ တစ်နေ့ကို (၃) ကြိမ်ပေါ့။ မီးခိုးရဲ့ထူထပ်မှု အခြေအနေကိုကြည့်ပြီးမှ လိုအပ်သလောက် ထပ်ပြီးမှ ဆောင်ရွက်ကြပါမယ်။ လိုအပ်တဲ့စက်သုံးဆီတွေ၊ ကုန်ကျစရိတ်တွေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီက တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးပါမယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားသည်။
မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် ကျန်းမာရေးအသိပေးခြင်း၊ ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်ပြီး လေထုအရည်အသွေးတိုင်းတာရန် တောင်ကြီးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက လာရောက်ကူညီပေးနခြေင်းဖြစ်သည်။
သတင်/ဓာတ်ပုံ - #ဟန်စိုးထိုက်