ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားမိုကျေးရွာတွင် ၂၀၁၉ ခုနှစ် မတ်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာရှိ ဘုရားရှိခိုးကျောင်းဆောင်၏ အမိုးသွပ်ပြားများ ပြုတ်ထွက် ပျက်စီးသွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းဆောင်ကလွဲ၍ ကျေးရွာအတွင်း အခြားအိမ်များနှင့် အဆောက်အဦများ ပျက်စီးမှု၊ လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
Tachileik News Agency
လပြေင်းတိုက်ခတ်မှုကြောင့် အဆိုပါ ကျောင်းဆောင်ကလွဲ၍ ကျေးရွာအတွင်း အခြားအိမ်များနှင့် အဆောက်အဦများ ပျက်စီးမှု၊ လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - မိုင်းဖြတ် ထွေအုပ်