ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းျဖတ္ - မုိင္းေယာင္းလမ္းတြင္ ပိေတာက္သစ္မ်ား တရားမဝင္ သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို နယ္ေျမခံတပ္က ဖမ္းဆီးရမိသျဖင့္ သစ္ေတာဦးစီးဌာနႏွင့္ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။
နမ့္ေလာက္ေက်းရြာအုပ္စု၊ တာမေက်းရြာအနီး မုိုင္းျဖတ္ - မုိင္းေယာင္းလမ္းတြင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား နယ္ေျမခံတပ္ ခလရ(၂၂၁)က ဖမ္းဆီးရမိထားေၾကာင္း သတင္းအရ သစ္ေတာဦးစီးဌာန ဝန္ထမ္းမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၇)ရက္ေန႔က နံနက္ (၂)နာရီ (၄၅)မိနစ္အခ်ိန္တြင္ သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။
ယာဥ္ေမာင္းစိုင္းဝီႏွင့္ ယာဥ္ေနာက္လုိက္လုိက္ ေရွာဟိုးတို႔က ပိေတာက္သစ္ခြဲသား (၀.၉၈၃၈)တန္ကို တရားဝင္ခြင့္ျပဳခ်က္မရိွဘဲ မိုင္းျဖတ္ဘက္မွ မိုင္းေယာင္းဘက္သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
စိုင္းဝီႏွင့္ ေရွာဟိုးတို႔အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၉/၂၀၁၉၊ သစ္ေတာဥပေဒပုဒ္မ ၄၂(က)အရ အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - KHS
နမ့်လောက်ကျေးရွာအုပ်စု၊ တာမကျေးရွာအနီး မိုင်းဖြတ် - မိုင်းယောင်းလမ်းတွင် သစ်တင်လာသည့် မော်တော်ယာဉ်တစ်စီးအား နယ်မြေခံတပ် ခလရ(၂၂၁)က ဖမ်းဆီးရမိထားကြောင်း သတင်းအရ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က နံနက် (၂)နာရီ (၄၅)မိနစ်အချိန်တွင် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းစိုင်းဝီနှင့် ယာဉ်နောက်လိုက်လိုက် ရှောဟိုးတို့က ပိတောက်သစ်ခွဲသား (ဝ.၉၈၃၈)တန်ကို တရားဝင်ခွင့်ပြုချက်မရှိဘဲ မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းဝီနှင့် ရှောဟိုးတို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၉/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က)အရ အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - KHS