ကယားျပည္နယ္ ၊ ေဘာလခဲၿမိဳ႕ နန္းဖဲေက်းရြာအနီး႐ွိ အက္ေကြ႔ ကုန္းဆင္းကားလမ္းမႀကီးတြင္ မတ္လ ၂၈ ရက္ေန႔ ေန႔လည္ပိုင္းက (၆)ဘီးကားတစ္စီး ဘရိတ္ေပါက္ကာ တိမ္းေမွာက္ရာမွ လူႏွစ္ဦးေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေဘာလခဲၿမိဳ႕နယ္ နန္းဖဲေက်းရြာအနီး႐ွိ လိြဳင္ေကာ္ - ဖာေဆာင္း ကားလမ္းမႀကီးေပၚ မိုင္တိုင္အမွတ္ (၁၄၄/၄)ႏွင့္ (၁၄၄/၅)အၾကား႐ွိ အက္စ္ေကြ႕ကုန္းဆင္းတြင္ လိြဳင္ေကာ္မွ ဖားေဆာင္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ (၆)ဘီးကား တစ္စီးမွာ ဘရိတ္ေပါက္၍ အ႐ွိန္မထိန္းႏိုင္ဘဲ ကားလမ္းညာဘက္သို႔ ထိုးက်တိမ္းေမွာက္ခဲ့ရာမွ လူႏွစ္ဦးေသဆုံးခဲ့၍ သုံးဦးဒဏ္ရာ ရရွိခဲ့ျခင္း ျဖစ္သည္။
လိြဳင္ေကာ္ၿမိဳ႕မွ ဖားေဆာင္းၿမိဳ႕သို႔ ဦးဘိုးရယ္ ေမာင္းႏွင္လာေသာ (၆)ဘီးယာဥ္မွာ ဘရိတ္ေပါက္၍ တိမ္းေမွာက္ခဲ့ေသာေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ လိြဳင္ေကာ္ၿမိဳ႕ နာနတ္ေတာရပ္ကြက္တြင္ ေနထိုင္ၾကသည့္ ေဒၚႏွင္းမူ ဦးေပါလူ တို႔မွာ ႏွာေခါင္း ႏွင့္ ဦးေခါင္းတို႔တြင္ ဒဏ္ရာရ႐ွိကာ ေသဆုံးသြားခဲ့ၿပီး ဦးညီညီလြင္ ၊ ေဒၚဂ်ိဳဝါနာ ႏွင့္ ေမာင္သဲညီေအာင္တို႔မွာ ဒဏ္ရာအသီးသီး ရ႐ွိ၍ ေဘာလခဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္အားမဆင္မျခင္ေမာင္းႏွင္ခဲ့သူ ယာဥ္ေမာင္း ဘိုးရယ္အား ေဘာလခဲၿမိဳ႕မရဲစခန္းတြင္ ယဥ္(ပ)၅/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ /၂၇၉ ျဖင့္အမႈ႕ဖြင့္၍ အေရးယူေဆာင္ရြက္ လွ်က္႐ွိေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - Roselin Ei Ei
ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ လွိုင်ကော် - ဖာဆောင်း ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၁၄၄/၄)နှင့် (၁၄၄/၅)အကြားရှိ အက်စ်ကွေ့ကုန်းဆင်းတွင် လွိုင်ကော်မှ ဖားဆောင်မြို့သို့ မောင်းနှင်လာသော (၆)ဘီးကား တစ်စီးမှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းညာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာမှ လူနှစ်ဦးသေဆုံးခဲ့၍ သုံးဦးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
လွိုင်ကော်မြို့မှ ဖားဆောင်းမြို့သို့ ဦးဘိုးရယ် မောင်းနှင်လာသော (၆)ဘီးယာဉ်မှာ ဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်တွင် နေထိုင်ကြသည့် ဒေါ်နှင်းမူ ဦးပေါလူ တို့မှာ နှာခေါင်း နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ဦးညီညီလွင်၊ ဒေါ်ဂျိုဝါနာ နှင့် မောင်သဲညီအောင်တို့မှာ ဒဏ်ရာအသီးသီး ရရှိ၍ ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်း ဘိုးရယ်အား ဘောလခဲမြို့မရဲစခန်းတွင် ယဉ်(ပ)၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ /၂၇၉ ဖြင့်အမှု့ဖွင့်၍ အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - Roselin Ei Ei