အစိုးရဌာနမ်ားၾကား အခ်က္အလက္မ်ား ကြဲလြဲစြာအသံုးျပဳေနမႈကို ျပဳျပင္ၾကရန္ မေကြးတုိင္းဝန္ႀကီးခ်ဳပ္ တုိက္တြန္း

အစိုးရဌာနမ်ားၾကား အခ်က္အလက္မ်ား ကြဲလြဲစြာအသံုးျပဳေနမႈကို ျပဳျပင္ၾကရန္ မေကြးတုိင္းဝန္ႀကီးခ်ဳပ္ တုိက္တြန္း
မတ် 20, 2019
By Tachileik News Agency

အစိုးရဌာနဆိုင္ရာမ်ားအေနျဖင့္ အခ်က္အလက္မ်ားကို ဌာနတစ္ခုႏွင့္တစ္ခု ကြဲလြဲထုတ္ျပန္ေနၾကသျဖင့္ ျပန္လည္ စိစစ္ၿပီး တိက်သည့္အခ်က္အလက္မ်ားအသံုးျပဳၾကရန္ မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တိုက္တြန္းေျပာၾကားလုိက္သည္။

“ဒီမွာလည္း အမွန္အတိုင္းဝန္ခံရရင္ ေျမစာရင္းက စိုက္ဧကက တစ္မ်ိဳး၊ စိုက္ပ်ိဳးေရးက စိုက္ဧကက တစ္မ်ိဳး၊ စီမံကိန္းရယ္၊ ဆည္ေျမာင္းရယ္ အဲဒါေတြကိုက ကိန္းဂဏန္းအခ်က္အလက္ေတြက မညီတာေတြရိွတယ္။ အဲဒါေတြကို မွန္မွန္ကန္ကန္ျဖစ္ေအာင္ ေလ်ာ့ရင္ေလ်ာ့တယ္ ရဲရဲဝံ့ဝံ့ခ်ျပ။ အေျဖရွာမွေပါ့။ ေဒတာအတိအက် မွန္မွန္ကန္ကန္ မရသေရြ႕ကေတာ့ ဟိုအရင္တုန္းကလို လိုတိုးပိုေလွ်ာ့ သြားေနရရင္ မကိုက္ဘူး။ ဒါေၾကာင့္ မွန္မွန္ကန္ကန္ျဖစ္ေအာင္ ညိႇႏိႈင္းလုပ္ေစခ်င္ပါတယ္”ဟု ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက မတ္လ (၁၉)ရက္ေန႔တြင္ က်င္းပသည့္ မေကြးတိုင္းေဒသႀကီး စီးပြားေရးဖံြ႔ၿဖိဳးတိုးတက္မႈစီမံကိန္း ပထမအႀကိမ္မူၾကမ္းေဆြးေႏြးပဲြတြင္ တုိက္တြန္းေဆြးေႏြးသည္။

လက္ေတြ႔ လိုအပ္ခ်က္ရိွသည့္လုပ္ငန္းမ်ားျဖစ္ေစရန္အတြက္ စီမံကိန္းမ်ားကို ေအာက္ေျခမွ အထက္သို႔တင္ျပသည့္စနစ္ ေျပာင္းလဲက်င့္သံုးရန္ ၂၀၁၈ ခုနွစ္အတြင္းက မေကြးတိုင္းေဒသႀကီး ျပဳျပင္ေျပာင္းလဲမႈဆိုင္ရာ ဦးစားေပးက႑မ်ား သတ္မွတ္ရန္ ေဆြးေႏြးခဲ့ၾကကာ ရရိွသည့္မူၾကမ္းမ်ားကို ၂၀၁၉ ခုနွစ္အတြင္း ဆက္လက္ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

“အရင္တုန္းကေတာ့ Top Down ဆိုတဲ့ အေပၚကေန ေအာက္ကိုခ်ေပးရတဲ့စနစ္နဲ႔သြားခဲ့ၾကေတာ့ ဗဟိုက ေန ညႊန္ခ်ဳပ္တို႔ ညႊန္မွဴးတို႔ စသျဖင့္ အသိပညာရွင္ အတတ္ပညာရွင္ေတြက အေပၚမွာေရးဆဲြၿပီးေတာ့ ဒီစီမံကိန္းကို ခ်ေပးတာျဖစ္ပါတယ္။ အခုက Botton Up ဆိုေတာ့ ျပည္သူေတြအေနနဲ႔ စီမံကိန္းေရးဆဲြမႈ ဆိုင္ရာ ျခံဳငံုသံုးသပ္တတ္မႈ၊ အသိပညာေတြ၊ စီးပြားေရးဆိုင္ရာ အႏွစ္သာရေတြ နားလည္ဖို႔ ပိုၿပီးေတာ့ လိုအပ္ပါတယ္။ အဲဒါေတြ ျပည့္စံုၿပီဆိုရင္ ပိုၿပီးေတာ့ ျပည္စံုေကာင္းမြန္တဲ့ စီမံကိန္းေတြျဖစ္လာမယ္လို႔ ယံုၾကည္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ စီမံကိန္း၊ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီး ျပဳျပင္ေျပာင္းလဲမႈဆိုင္ရာ ဦးစားေပးက႑မ်ားသတ္မွတ္ရန္ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၂)ရက္၊ ၾသဂုတ္လ(၃)ရက္ႏွင့္ ၾသဂုတ္လ(၁၇)ရက္တို႔တြင္ အလုပ္ရံုေဆြးေႏြးပြဲမ်ားျပဳလုပ္ကာ တိုင္းေဒသႀကီးအစိုးရအဖဲြ႔၊ တိုင္းေဒသႀကီးလႊတ္ေတာ္ႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ ေဆြးေႏြးခ်က္မ်ားအ ေပၚအေျခခံ၍ အဓိက ဦးစားေပး ျပဳျပင္ေျပာင္းလဲရမည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာက႑၊ အေျခ ခံအေဆာက္အအံုႏွင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျဖန္႔ျဖဴးမႈ၊ စက္မႈလက္မႈႏွင့္ သတၳဳက႑၊ အေသးစား အလတ္စားစီးပြားေရးလုပ္ငန္းမ်ား(SME)၊ ပို႔ကုန္၊ဟိုတယ္ႏွင့္ခရီးသြားက႑ မ်ားဖံြ႔ၿဖိဳးတိုးတက္ေရးႏွင့္ ပတ္ ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သဘာဝေဘးအႏၱရာယ္ကာကြယ္ရန္တို႔ကို မူၾကမ္းေရးဆဲြႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အစိုးရဌာနဆိုင်ရာများအနဖြေင့် အချက်အလက်များကို ဌာနတစ်ခုနှင့်တစ်ခု ကွဲလွဲထုတ်ပြန်နကြေသဖြင့် ပြန်လည် စိစစ်ပြီး တိကျသည့်အချက်အလက်များအသုံးပြုကြရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုက်တွန်းပြောကြားလိုက်သည်။

“ဒီမှာလည်း အမှန်အတိုင်းဝန်ခံရရင် မြေစာရင်းက စိုက်ဧကက တစ်မျိုး၊ စိုက်ပျိုးရေးက စိုက်ဧကက တစ်မျိုး၊ စီမံကိန်းရယ်၊ ဆည်မြောင်းရယ် အဲဒါတွေကိုက ကိန်းဂဏန်းအချက်အလက်တွေက မညီတာတွေရှိတယ်။ အဲဒါတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လျော့ရင်လျော့တယ် ရဲရဲဝံ့ဝံ့ချပြ။ အဖြေရှာမှပေါ့။ ဒေတာအတိအကျ မှန်မှန်ကန်ကန် မရသရွေ့ကတော့ ဟိုအရင်တုန်းကလို လိုတိုးပိုလျှော့ သွားနေရရင် မကိုက်ဘူး။ ဒါကြောင့် မှန်မှန်ကန်ကန်ဖြစ်အောင် ညှိနှိုင်းလုပ်စေချင်ပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မတ်လ (၁၉)ရက်နေ့တွင် ကျင်းပသည့် မကွေးတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ပထမအကြိမ်မူကြမ်းဆွေးနွေးပွဲတွင် တိုက်တွန်းဆွေးနွေးသည်။

လက်တွေ့ လိုအပ်ချက်ရှိသည့်လုပ်ငန်းများဖြစ်စေရန်အတွက် စီမံကိန်းများကို အောက်ခြေမှ အထက်သို့တင်ပြသည့်စနစ် ပြောင်းလဲကျင့်သုံးရန် ၂၀၁၈ ခုနှစ်အတွင်းက မကွေးတိုင်းဒေသကြီး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးကဏ္ဍများ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြကာ ရရှိသည့်မူကြမ်းများကို ၂၀၁၉ ခုနှစ်အတွင်း ဆက်လက်ဆွေးနွေးနကြခြေင်းဖြစ်သည်။

“အရင်တုန်းကတော့ Top Down ဆိုတဲ့ အပေါ်ကနေ အောက်ကိုချပေးရတဲ့စနစ်နဲ့သွားခဲ့ကြတော့ ဗဟိုက နေ ညွှန်ချုပ်တို့ ညွှန်မှူးတို့ စသဖြင့် အသိပညာရှင် အတတ်ပညာရှင်တွေက အပေါ်မှာရေးဆွဲပြီးတော့ ဒီစီမံကိန်းကို ချပေးတာဖြစ်ပါတယ်။ အခုက Botton Up ဆိုတော့ ပြည်သူတွေအနေနဲ့ စီမံကိန်းရေးဆွဲမှု ဆိုင်ရာ ခြုံငုံသုံးသပ်တတ်မှု၊ အသိပညာတွေ၊ စီးပွားရေးဆိုင်ရာ အနှစ်သာရတွေ နားလည်ဖို့ ပိုပြီးတော့ လိုအပ်ပါတယ်။ အဲဒါတွေ ပြည့်စုံပြီဆိုရင် ပိုပြီးတော့ ပြည်စုံကောင်းမွန်တဲ့ စီမံကိန်းတွဖြေစ်လာမယ်လို့ ယုံကြည်ပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးကဏ္ဍများသတ်မှတ်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂)ရက်၊ သြဂုတ်လ(၃)ရက်နှင့် သြဂုတ်လ(၁၇)ရက်တို့တွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်နှင့် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးချက်များအ ပေါ်အခြေခံ၍ အဓိက ဦးစားပေး ပြုပြင်ပြောင်းလဲရမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ၊ အခြေ ခံအဆောက်အအုံနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု၊ စက်မှုလက်မှုနှင့် သတ္ထုကဏ္ဍ၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ(SME)၊ ပို့ကုန်၊ဟိုတယ်နှင့်ခရီးသွားကဏ္ဍ များဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန်တို့ကို မူကြမ်းရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net