ဂ်ာမနီႏုိင္ငံသို႔ပ်ံသန္းရမည့္ အဆိုေလယာဥ္သည္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၅)ရက္ေန႔ နံနက္ပိုင္းက စေကာ့တလန္သို႔ ဆုိက္ေရာက္ေနသျဖင့္ ခရီးသည္မ်ားမွာ တအံ့တၾသျဖစ္ခဲ့ၾကရေၾကာင္း သိရသည္။
ေလယာဥ္အမႈထမ္းမ်ားက ပ်ံသန္းရမည့္ခရီးစဥ္ကို မွားယြင္းလက္ခံရရိွခဲ့ျခင္းျဖစ္ၿပီး စေကာ့တလန္သို႔ ဆင္းသက္ၿပီးခ်ိန္တြင္ ခရီးစဥ္မွားယြင္းေၾကာင္း သိရိွခဲ့ရျခင္းျဖစ္သည္ဟု သိရသည္။
“ေလယာဥ္လည္းဆင္းေရာ အျပင္မွာက ဂ်ာမနီမွာျမင္ေနက် စက္ရံုေတြဘာေတြ မျမင္ရဘဲ ေတာင္ေတြျမင္ရေတာ့ မ်က္စိလည္သြားတယ္။ ေဘးခံုကလူေတြ ေမးၾကည့္ေတာ့လည္း သူတို႔က ဂ်ာမနီကို သြားမွာလို႔ေျပာၾကတယ္။ ေလယာဥ္ဆင္းၿပီးခ်ိန္မွာ ရီစရာေတြျဖစ္ခဲ့ေသးတယ္။ ေလယာဥ္အမႈထမ္းေတြက ဒီဆာေဒါ့ဖ္ကိုသြားမယ့္ခရီးသည္မ်ား လက္ေျမႇာက္ပါဆုိေတာ့ ခရီးသည္အားလံုးပဲ လက္ေျမႇာက္ျပၾကတယ္”ဟု ခရီးသည္တစ္ဦးက CNN ကိုေျပာၾကားခဲ့သည္။
ေလယာဥ္မွဴးက ခရီးသည္မ်ားအား ခ်က္ခ်င္းေတာင္းပန္လုိက္ၿပီး ဂ်ာမနီ၊ ဒီဆာေဒါ့ဖ္္သို႔မပ်ံသန္းမီ ေလယာဥ္ဆီျဖည့္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
ေလယာဥ္ခရီးစဥ္မွားယြင္းခဲ့ျခင္းအတြက္ ခရီးသည္မ်ားအား ေတာင္းပန္ေၾကာင္းႏွင့္ ယင္းကဲ့သို႔မွားယြင္းမႈႏွင့္ ပတ္သက္၍ စံုစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ေလေၾကာင္းကုမၸဏီက သတင္းထုတ္ျပန္ခဲ့သည္ဟု သိရသည္။
Tachileik News Agency
Ref:CNN
************
လန်ဒန်မှ ဂျာမနီနိုင်ငံသို့ပျံသန်းသည့် ဗြိတိန်လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် စကော့တလန်၊ အေဒင်ဘတ်သို့ မှားယွင်းပျံသန်းမှုဖြစ်ပွားသဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဂျာမနီနိုင်ငံသို့ပျံသန်းရမည့် အဆိုလေယာဉ်သည် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက စကော့တလန်သို့ ဆိုက်ရောက်နေသဖြင့် ခရီးသည်များမှာ တအံ့တသြဖြစ်ခဲ့ကြရကြောင်း သိရသည်။
လေယာဉ်အမှုထမ်းများက ပျံသန်းရမည့်ခရီးစဉ်ကို မှားယွင်းလက်ခံရရှိခဲ့ခြင်းဖြစ်ပြီး စကော့တလန်သို့ ဆင်းသက်ပြီးချိန်တွင် ခရီးစဉ်မှားယွင်းကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
“လေယာဉ်လည်းဆင်းရော အပြင်မှာက ဂျာမနီမှာမြင်နေကျ စက်ရုံတွေဘာတွေ မမြင်ရဘဲ တောင်တွေမြင်ရတော့ မျက်စိလည်သွားတယ်။ ဘေးခုံကလူတွေ မေးကြည့်တော့လည်း သူတို့က ဂျာမနီကို သွားမှာလို့ပြောကြတယ်။ လေယာဉ်ဆင်းပြီးချိန်မှာ ရီစရာတွေဖြစ်ခဲ့သေးတယ်။ လေယာဉ်အမှုထမ်းတွေက ဒီဆာဒေါ့ဖ်ကိုသွားမယ့်ခရီးသည်များ လက်မြှောက်ပါဆိုတော့ ခရီးသည်အားလုံးပဲ လက်မြှောက်ပြကြတယ်”ဟု ခရီးသည်တစ်ဦးက CNN ကိုပြောကြားခဲ့သည်။
လေယာဉ်မှူးက ခရီးသည်များအား ချက်ချင်းတောင်းပန်လိုက်ပြီး ဂျာမနီ၊ ဒီဆာဒေါ့ဖ်သို့မပျံသန်းမီ လေယာဉ်ဆီဖြည့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
လေယာဉ်ခရီးစဉ်မှားယွင်းခဲ့ခြင်းအတွက် ခရီးသည်များအား တောင်းပန်ကြောင်းနှင့် ယင်းကဲ့သို့မှားယွင်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လေကြောင်းကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။
Tachileik News Agency
Ref:CNN