အခ်ိန္ကာလၾကာျမင့္စြာ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းေနသည့္ ထိုင္းႏုိင္ငံ၊ ေျမာက္ပိုင္းေဒသတြင္ ေလထုညစ္ညမ္းမႈ အဆိုးရြားဆံုး ရင္ဆုိင္ေနရသျဖင့္ အစိုးရအေနျဖင့္ အေရးေပၚအေျခအေန ေၾကညာေပးရန္ ေတာင္းဆိုလုိက္ၿပီး ခ်င္းမုိင္တြင္လည္း N 95 ႏွာေခါင္းစည္းမ်ား အေရးေပၚလွဴဒါန္းၾကရန္ ေဒသတာဝန္ရိွသူမ်ားက တုိက္တြန္းထားသည္။
ႏုိင္ငံတြင္းႏွင့္ အိမ္နီးခ်င္းျမန္မာႏုိင္ငံတို႔မွ ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ ေလစီးေၾကာင္းသင့္ရာ ခ်င္းမိုင္တြင္ ကာလရွည္ၾကာ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းေနရာ အသက္ရႈလမ္းေၾကာင္းဆုိင္ရာေရာဂါမ်ား ကာကြယ္ေရးအတြက္ ႏွာေခါင္းစည္း (၁.၄)သန္းကို ေဒသခံမ်ားထံ ျဖန္႔ေဝေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။
ေလထုအတြင္း အမႈန္ပါဝင္မႈပမာဏမ်ားလြန္းသျဖင့္ ပံုမွန္အသံုးျပဳေနသည့္ ႏွာေခါင္းစည္းမ်ားက လံုေလာက္စြာ ကာကြယ္ေပးႏိုင္မည္မဟုတ္သျဖင့္ N 95 ႏွာေခါင္းစည္းမ်ား ပါဝင္လွဴဒါန္းၾကရန္ ဒုတိယၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးက တုိက္တြန္းထားသည္။
ေဒသတြင္း ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ ေတာမီးေလာင္မႈမ်ား၊ ေတာင္ယာမီးရိႈ႕မႈမ်ားကို စစ္တပ္မွ ကယ္ဆယ္ေရးအဖြဲ႕က ရွာေဖြၿငိႇမ္းသတ္ေပးျခင္းတုိ႔ကို ေဆာင္ရြက္ေနေၾကာင္းသိရသည္။
လူထုအေနျဖင့္ ျဖစ္ႏုိင္သမွ် အိမ္တြင္းေနၾကရန္ အသိေပးတုိက္တြန္းထားၿပီး N 95 ႏွာေခါင္းစည္းမ်ား လွဴဒါန္းႏုိင္မည့္ေနရာကိုလည္း ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ခ်င္းမုိင္မွ မယ္ဆုိင္အထိ ထုိင္းနုိင္ငံေျမာက္ပိုင္းေဒသတြင္ မီးခိုးျမဴကာလရွည္ဖံုးလႊမ္းၿပီး ေလထုညစ္ညမ္းမႈမ်ားေၾကာင့္ ေဒသတြင္း လာေရာက္လည္ပတ္သူအေရအတြက္ က်ဆင္းသြားကာ ခရီးသြားလုပ္ငန္းအေပၚ ထိခုိက္ေနၿပီး မီးခိုးျမဴမ်ားေၾကာင့္ ေလေၾကာင္းခရီးစဥ္မ်ားကိုလည္း မၾကာခဏ ေရႊ႕ဆုိင္း၊ ဖ်က္သိမ္းေနရျခင္းျဖစ္သည္။
မီးခိုးျမဴဖံုးလႊမ္းမႈကို ႏုိင္ငံအတြင္း ႏွစ္စဥ္ျပင္းထန္စြာ ခံစားေနရေသာ္လည္း ထိေရာက္သည့္ေျဖရွင္းကိုင္တြယ္မႈ မလုပ္ေဆာင္ႏုိ္င္သျဖင့္ တာဝန္ရိွသူမ်ားအား ေဝဖန္မႈမ်ားလည္း ျမင့္တက္ေနျခင္းျဖစ္သည္။
Tachileik News Agency
Ref:The Nation & Bangkok Post
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
လေထုညစ်ညမ်းမှုဆိုးရွားစွာရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကို အရေးပေါ်အခြေအနေ ကြေညာပေးရန် အစိုးရအား တောင်းဆိုလိုက်ပြီး N 95 နှာခေါင်းစည်းများ လှူဒါန်းရန် လူထုအား တိုက်တွန်း
**************
အချိန်ကာလကြာမြင့်စွာ မီးခိုးမြူထူထပ်စွာဖုံးလွှမ်းနေသည့် ထိုင်းနိုင်ငံ၊ မြောက်ပိုင်းဒေသတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ရင်ဆိုင်နေရသဖြင့် အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆိုလိုက်ပြီး ချင်းမိုင်တွင်လည်း N 95 နှာခေါင်းစည်းများ အရေးပေါ်လှူဒါန်းကြရန် ဒေသတာဝန်ရှိသူများက တိုက်တွန်းထားသည်။
နိုင်ငံတွင်းနှင့် အိမ်နီးချင်းမြန်မာနိုင်ငံတို့မှ တောင်ယာမီးရှို့မှုများကြောင့် လေစီးကြောင်းသင့်ရာ ချင်းမိုင်တွင် ကာလရှည်ကြာ မီးခိုးမြူထူထပ်စွာဖုံးလွှမ်းနေရာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (၁.၄)သန်းကို ဒေသခံများထံ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း သိရသည်။
လေထုအတွင်း အမှုန်ပါဝင်မှုပမာဏများလွန်းသဖြင့် ပုံမှန်အသုံးပြုနေသည့် နှာခေါင်းစည်းများက လုံလောက်စွာ ကာကွယ်ပေးနိုင်မည်မဟုတ်သဖြင့် N 95 နှာခေါင်းစည်းများ ပါဝင်လှူဒါန်းကြရန် ဒုတိယမြို့အုပ်ချုပ်ရေးမှူးက တိုက်တွန်းထားသည်။
ဒေသတွင်း တောင်ယာမီးရှို့မှုများကြောင့် တောမီးလောင်မှုများ၊ တောင်ယာမီးရှို့မှုများကို စစ်တပ်မှ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေငြှိမ်းသတ်ပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်းသိရသည်။
လူထုအနေဖြင့် ဖြစ်နိုင်သမျှ အိမ်တွင်းနေကြရန် အသိပေးတိုက်တွန်းထားပြီး N 95 နှာခေါင်းစည်းများ လှူဒါန်းနိုင်မည့်နေရာကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်မှ မယ်ဆိုင်အထိ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးမြူကာလရှည်ဖုံးလွှမ်းပြီး လေထုညစ်ညမ်းမှုများကြောင့် ဒေသတွင်း လာရောက်လည်ပတ်သူအရေအတွက် ကျဆင်းသွားကာ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နေပြီး မီးခိုးမြူများကြောင့် လေကြောင်းခရီးစဉ်များကိုလည်း မကြာခဏ ရွှေ့ဆိုင်း၊ ဖျက်သိမ်းနေရခြင်းဖြစ်သည်။
မီးခိုးမြူဖုံးလွှမ်းမှုကို နိုင်ငံအတွင်း နှစ်စဉ်ပြင်းထန်စွာ ခံစားနေရသော်လည်း ထိရောက်သည့်ဖြေရှင်းကိုင်တွယ်မှု မလုပ်ဆောင်နိုင်သဖြင့် တာဝန်ရှိသူများအား ဝေဖန်မှုများလည်း မြင့်တက်နေခြင်းဖြစ်သည်။
Tachileik News Agency
Ref:The Nation & Bangkok Post