တာချီလိတ်မြို့မသုဿာန်သစ်နှင့် မီးသဂြုင်္ိဟ်တွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားလိုင်းအတွက် ကုန်ကျမည့် ဘတ် (၁၃) သိန်းနီးပါးပေးချေ
တာချီလိတ်မြို့မသုဿာန်သစ်နှင့် မီးသဂြုင်္ိဟ်တွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားလိုင်းအတွက် ကုန်ကျမည့် ဘတ် (၁၃) သိန်းနီးပါးပေးချေ
ဖေဖော်ဝါရီ 16, 2019
By Tachileik News Agency
တာချီလိတ်မြို့မ သုဿာန်သစ်နှင့် မီးသဂြုင်္ိဟ်စက်တွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တပ်ဆင်နိုင်ရေး အတွက် ကုန်ကျမည့် ဘတ်ငွေ (၁၃) သိန်းနီးပါး (၁,၂၉၀,၀၀၀) ဘတ်ကို တာချီလိတ်မြို့ မီးလင်းရေးရုံးခွဲ(တာဝေ)ရုံးခန်းတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ(၁၅) ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က ပေးအပ်လိုက်ခြင်း ဖြစ်သည်။
တပ်ဆင်ရန် ပစ္စည်းများမှာ ရောက်ရှိနေပြီး မကြာမီ မီးကြိုးသွယ်တန်းမည့် လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ရာ မီးသဂြုင်္ိလ်စက်တစ်လုံးကို ချက်ခြင်းတပ်ဆင်ရန်ပြင်ဆင်နေပြီး (၂) လအတွင်း ဇရပ်တစ်ဆောင်ကိုလည်း အပြီးဆောက်လုပ် သွားမည်ဖြစ်ကြောင်းနှင့် မြို့မသုဿာန်ဖြစ်မြောက်ရေး ကော်မတီတွင် အလှူငွေ ဘတ် (၇၂) သိန်းကျော်ကျန်ရှိနေကြောင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စုံ ပုံလို့တွင် ပုံလို့ဆရာတော် လှူဒါန်းထားသည့် မြေ(၁၆)ဧကအတွင်း လူမျိုးဘာသာမရွေး အသုံးပြုနိုင်မည့် မီးသဂြုင်္ိလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုသာန် တည်ဆောက်ရေး အတွက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ စုစုပေါင်း ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိထားပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - San Thein
~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့မသုဿာန်သစ်ဖြစ်ပေါ်လာရန်အတွက် အကောင်အထည်ဖော် ပြုလုပ်နေလျက်ရှိရာ လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းရေးလုပ်ငန်းကို မကြာမီ စတင်ရန်အတွက် တာချီလိတ်မြို့မသုဿာန်သစ် ဖြစ်မြောက်ရေးကော်မတီမှ မီးလင်းရေးရုံးခွဲသို့ ကုန်ကျငွေအား သွားရောက် ပေးသွင်းရာ မီးလင်းရေးရုံးခွဲမှ ဘတ်(၅)သိန်း ပြန်လှူပေးလိုက်ကြောင်း သိရသည်။
“ထရန်စဖော်မှာရော၊ ပါဝါလိုင်းတွေရောက ဘတ် (၂၂) သိန်းကျော်ကျတယ်။ သူတို့က လက်ခတွေဘာတွေ မယူဘူးဆိုပြီးတော့ ဘတ် (၁,၇၉၀,ဝဝဝ)ပဲ ကျတယ်။ ကျွန်တော်တို့ သွားသွင်းတဲ့အချိန်မှာ မီးလင်းရေး ရုံးခွဲကနပြေီးမှ ဘတ် (၅) သိန်းကို ပြန်လှူပေးတယ်။ ပြန်လှူပေးတဲ့အတွက် ဘတ် (၁,၂၉၀,ဝဝဝ) ပဲ သွင်းခဲ့ရတယ်”ဟု တာချီလိတ်မြို့မသုဿာန်သစ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့မ သုဿာန်သစ်နှင့် မီးသင်္ဂြိုဟ်စက်တွင် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တပ်ဆင်နိုင်ရေး အတွက် ကုန်ကျမည့် ဘတ်ငွေ (၁၃) သိန်းနီးပါး (၁,၂၉၀,ဝဝဝ) ဘတ်ကို တာချီလိတ်မြို့ မီးလင်းရေးရုံးခွဲ(တောဝ)ရုံးခန်းတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ(၁၅) ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်က ပေးအပ်လိုက်ခြင်း ဖြစ်သည်။
တပ်ဆင်ရန် ပစ္စည်းများမှာ ရောက်ရှိနပြေီး မကြာမီ မီးကြိုးသွယ်တန်းမည့် လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ရာ မီးသင်္ဂြိုလ်စက်တစ်လုံးကို ချက်ခြင်းတပ်ဆင်ရန်ပြင်ဆင်နပြေီး (၂) လအတွင်း ဇရပ်တစ်ဆောင်ကိုလည်း အပြီးဆောက်လုပ် သွားမည်ဖြစ်ကြောင်းနှင့် မြို့မသုဿာန်ဖြစ်မြောက်ရေး ကော်မတီတွင် အလှူငွေ ဘတ် (၇၂) သိန်းကျော်ကျန်ရှိနေကြောင်း တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုံ ပုံလို့တွင် ပုံလို့ဆရာတော် လှူဒါန်းထားသည့် မြေ(၁၆)ဧကအတွင်း လူမျိုးဘာသာမရွေး အသုံးပြုနိုင်မည့် မီးသင်္ဂြိုလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုသာန် တည်ဆောက်ရေး အတွက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ စုစုပေါင်း ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိထားပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - San Thein
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~