~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
*********
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည့် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန္သည် ပြုံယမ်းမှ ဗီယက်နမ်နိုင်ငံသို့ ရထားစီးနင်းလာရာ တရုတ် - ဗီယက်နမ်နယ်စပ် ဒုံဒမ်သို့ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ ဒေသစံတော်ချိန် ည (၉)နာရီတွင် ရောက်ရှိကြောင်း ပြုံယမ်းအခြေစိုက်သတင်းတွင် ဖေါ်ပြထားကြောင်း သိရသည်။
အဆိုပါ အထူးရထားသည် မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့မှ ဒေသစံတော်ချိန် ညနေ (၅)နာရီ၌ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ရုရှားသတင်းအေဂျင်စီတစ်ခုက သံတမန်သတင်းရင်းမြစ်ကို ကိုးကားဖေါ်ပြထားသည်။
ကင်နှင့် ထရမ့်တို့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့နှင့် (၂၈)နေ့များ၌ ဒုတိယအကြိမ် တွေ့ဆုံကြမည်ဖြစ်ပြီး ကင်အနေဖြင့် ဗီယက်နမ်သမ္မတနှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။
ကင်သည် တရုတ် - ဗီယက်နမ်နယ်စပ် ဒုံဒမ်မှတစ်ဆင့် ဟနွိုင်းသို့ မော်တော်ယာဉ်ဖြင့်သွားရောက်မည်ဟု ယူဆရပြီး ဘူတာနှင့် မြို့တော်ကြားလမ်းများကို လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
Tachileik News Agency
Ref: Kyodo News