ကျိုင်းတုံမြို့ရှိ မုန့်လုပ်ငန်းများနှင့် စတိုးဆိုင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ရှောင်တခင် ၀င်ရောက်စစ်ဆေး

ကျိုင်းတုံမြို့ရှိ မုန့်လုပ်ငန်းများနှင့် စတိုးဆိုင်များကို စားသုံးသူရေးရာဦးစီးဌာနမှ ရှောင်တခင် ၀င်ရောက်စစ်ဆေး
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency




စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင် ထုတ်လုပ် ရောင်းချနိုင်ရန် ထောက်ခံချက်များ ရရှိရေး ကူညီပံ့ပိုးမူများဆောင်ရွက်နေပြီး စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး အဆိုပါ လုပ်ငန်း များကို သက်ဆိုင်ရာဌာန၏ လုပ်ထုံး လုပ်နည်းများနှင့် ညီညွှတ်မှု ရှိ၊ မရှိကို ရှောင်တခင်ပြန်လည်စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျိုင်းတုံမြို့တွင် ထုတ်လုပ်ဖြန့်ဖြူးနေသည့် မုန့်လုပ်ငန်းများနှင့် စားသောက်ကုန်များ ရောင်းချပေးနေသည့် စတိုးဆိုင်များအား ရှောင်တခင် စစ်ဆေးမှုများအဖြစ် ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီဌာနက ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"မုန့်ဖိုတွေအထဲထိ စစ်ဆေးတာပေါ့။ သန့်ရှင်းမှု ရှိ၊ မရှိ၊ ထောက်ခံချက်တွေထဲကအတိုင်း ထုတ်လုပ်တာ ဟုတ်၊ မဟုတ်။ ထုတ်လုပ်တဲ့ ရက်စွဲနဲ့ သက်တမ်းလွန် ရက်စွဲတွေ ပါ၊ မပါ ဒါတွေ စစ်ဆေးတာ၊ စားသုံးသူပြည်သူတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဒီလိုတွေ စစ်ဆေးတာပါ”ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှောင်တခင်စစ်ဆေးမူကို ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဗဟိုကော်မတီမှ ထုတ်ပြန် ကြေညာ ထားသော ကုန်စည်(၉)မျိုးတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိရေး ကြိုတင်အသိပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့ပေါ်ရှိ ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်း (၇)ခုနှင့် စတိုးဆိုင် (၅)ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန အနဖြေင့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင် ထုတ်လုပ် ရောင်းချနိုင်ရန် ထောက်ခံချက်များ ရရှိရေး ကူညီပံ့ပိုးမူများဆောင်ရွက်နပြေီး စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး အဆိုပါ လုပ်ငန်း များကို သက်ဆိုင်ရာဌာန၏ လုပ်ထုံး လုပ်နည်းများနှင့် ညီညွှတ်မှု ရှိ၊ မရှိကို ရှောင်တခင်ပြန်လည်စစ်ဆေးမှုများ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~