ထုိင္းႏုိင္ငံတြင္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒခ်ိဳးေဖါက္မႈျဖင့္ ျမန္မာႏုိင္ငံသား (၂၂၇)ဦးအပါအဝင္ ႏုိင္ငံျခားသား စုစုေပါင္း (၄၃၅)ဦးကို ေနရာေပါင္း (၂၂၀)တြင္ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလအတြင္း ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးမႈအတြင္း ဖမ္းဆီးရမိထားေၾကာင္း ထိုင္းသတင္းဌာနမ်ား၏ ေဖၚျပခ်က္အရ သိရသည္။
အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သည့္ ထုိင္းႏုိင္ငံသား (၈၇)ဦးကိုပါ ထိန္းသိမ္းထားသျဖင့္ စုစုေပါင္း ဖမ္းဆီးထိန္းသိမ္းခံရသူမွာ (၅၂၂)ဦးရိွေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာနမွ အရာရိွတစ္ဦးက မီဒီယာမ်ားကို ေဖေဖၚဝါရီလ (၁၅)ရက္ေန႔က ေျပာၾကားေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရး၊ ကမၻာလွည့္ခရီးသြားရဲႏွင့္ အျခားသက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဘန္ေကာက္ အပါအဝင္ အျခားခရိုင္မ်ားတြင္ စစ္ေဆးမႈမွ ယင္းကဲ့သို႔ ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးခံရသူမ်ား အနက္ ျမန္မာ (၅)ဦး၊ ကေမၻာဒီးယား (၄)ဦး၊ လာအို(၃)ဦး၊ ဗီယက္နမ္၊ အိႏၵိယႏွင့္ ဒိန္းမတ္ (၁)ဦးစီ စုစုေပါင္း (၁၅)ဦးမွာ ဗီဇာသက္တမ္း ေက်ာ္လြန္ေနထုိင္မႈျဖင့္လည္းေကာင္း၊ ျမန္မာ (၁၄၃)ဦး၊ လာအို(၁၀၂)ဦး၊ ကေမၻာဒီးယား (၃၈)ဦး၊ အိႏၵိယ(၃)ဦးႏွင့္ ဘဂၤလားေဒ့ရွ္(၁)ဦး စုစုေပါင္း (၂၈၇)ဦးမွာ တရားမဝင္ ဝင္ေရာက္မႈျဖင့္လည္းေကာင္း ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။
က်န္ရိွသည့္ ထုိင္း (၈၇)ဦး၊ ျမန္မာ (၇၉)ဦး၊ ကေမၻာဒီးယား (၃၁)ဦး၊ တရုတ္ (၇)ဦး၊ လာအို(၅)ဦး၊ ဗီယက္နမ္ႏွင့္ တူရကီမွ (၃)ဦးစီ၊ အစၥေရး၊ အိႏၵိယ၊ ဖိလစ္ပိုင္၊ အီရတ္တုိ႔မွ တစ္ဦးစီႏွင့္ ႏိုင္ငံသားအတည္မျပဳႏုိင္သူ (၁)ဦး စုစုေပါင္း (၂၂၀)ဦးတို႔မွာ လူဝင္မႈႀကီးၾကပ္ေရးဆုိင္ရာ ဥပေဒ ခ်ိဳးေဖါက္မႈမ်ားျဖင့္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
Ref:Bangkok Post
ထိုင်းနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် မြန်မာနိုင်ငံသား (၂၂၇)ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၄၃၅)ဦးကို နေရာပေါင်း (၂၂၀)တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သည့် ထိုင်းနိုင်ငံသား (၈၇)ဦးကိုပါ ထိန်းသိမ်းထားသဖြင့် စုစုပေါင်း ဖမ်းဆီးထိန်းသိမ်းခံရသူမှာ (၅၂၂)ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦးက မီဒီယာများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြောကြားကြောင်း သိရသည်။
ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ ကမ္ဘာလှည့်ခရီးသွားရဲနှင့် အခြားသက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဘန်ကောက် အပါအဝင် အခြားခရိုင်များတွင် စစ်ဆေးမှုမှ ယင်းကဲ့သို့ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများ အနက် မြန်မာ (၅)ဦး၊ ကမ္ဘောဒီးယား (၄)ဦး၊ လာအို(၃)ဦး၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဒိန်းမတ် (၁)ဦးစီ စုစုပေါင်း (၁၅)ဦးမှာ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုဖြင့်လည်းကောင်း၊ မြန်မာ (၁၄၃)ဦး၊ လာအို(၁၀၂)ဦး၊ ကမ္ဘောဒီးယား (၃၈)ဦး၊ အိန္ဒိယ(၃)ဦးနှင့် ဘင်္ဂလားဒေ့ရှ်(၁)ဦး စုစုပေါင်း (၂၈၇)ဦးမှာ တရားမဝင် ဝင်ရောက်မှုဖြင့်လည်းကောင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် ထိုင်း (၈၇)ဦး၊ မြန်မာ (၇၉)ဦး၊ ကမ္ဘောဒီးယား (၃၁)ဦး၊ တရုတ် (၇)ဦး၊ လာအို(၅)ဦး၊ ဗီယက်နမ်နှင့် တူရကီမှ (၃)ဦးစီ၊ အစ္စရေး၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အီရတ်တို့မှ တစ်ဦးစီနှင့် နိုင်ငံသားအတည်မပြုနိုင်သူ (၁)ဦး စုစုပေါင်း (၂၂၀)ဦးတို့မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref:Bangkok Post