မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ညပိုင်းက ဆိုင်ကယ်နှင့် ကား ဝင်တိုက်မှု၊ ကားတစ်စီးက လမ်းဘေးသစ်ပင်ဝင်တိုက်မှုနှင့် ဆိုင်ကယ်အရှိန်လွန် တိမ်းမှောက်မှုတို့ ဖြစ်ပွားမှု (၃)မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး(၂)ဦးနှင့် အမျိုးသား (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
Tachileik News Agency
တာချီလိတ်မြို့အထွက် မိုင်းဖုန်းဘက်အသွား ဦးထွန်းအောင်ဂိတ်အနီးတွင် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်က ဆိုင်ကယ်နှင့်ကားတိုက်မိပြီး ဆိုင်ကယ်မောင်းသူသည့် အမျိုးသားမှာ ဒဏ်ရာအပြင်းအထန် ရသွားကာ ကားမောင်းသူမှာ တိမ်းရှောင်သွားကြောင်း သိရသည်။
ယင်းနောက် ည(၁၀)နာရီဝန်းကျင်တွင် ဆေးခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတွင် ကားတစ်စီးက လမ်းဘေးသစ်ပင် ဝင်တိုက်မိ၍ ကားပေါ်တွင် ပါလာသည့် အမျိုးသမီး (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
ဝိန်းကျောက်ဘုန်းကြီးကျောင်းရှေ့တွင် ည(၁၁)နာရီဝန်းကျင်က အမျိုးသားတစ်ဦး ဆိုင်ကယ်အရှိန်လွန် လဲသဖြင့် ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ရပ်များမှ ဒဏ်ရာရသူများအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ကူညီကာ ကားဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းအထိ အဆိုပါ ယာဉ်တိုက်မှုများနှင့် ပတ်သက်၍ ယာဉ်ထိန်းတပ်ဖွဲ့က အမှုဖွင့်လာခြင်း မရှိသေးကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း