ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ဂုတ္တြင္း ေနာင္ခ်ဳိဘက္မွ အဆင္း နံပါတ္(၇)အေကြ႕(ကုလားမေကြ႕)တြင္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ညေန(၅)နာရီ(၁၅)မိနစ္၀န္းက်င္က စ၍ ေကာ္ျဖတ္စမ်ား တင္လာသည့္ (၂၂)ဘီးယာဥ္တစ္စီး လဲက်တိမ္းေမွာက္ေန၍ ည(၆)နာရီအထိ လမ္းပိတ္ေနေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ Oriental Highway Co.ltd မွ ေနာင္ခ်ိဳ ႏွင့္ ေက်ာက္မဲ တိုးဂိတ္မ်ားတြင္ LED ဆိုင္းဘုတ္ျဖင့္ သတိေပး ေၾကညာေပးသြားမည္ျဖစ္ၿပီး ယာဥ္ေၾကာပိတ္ဆို႔ေနမႈအား အျမန္ဆံုး႐ွင္း လင္း ႏိုင္ရန္ သက္ဆိုင္ရာ ယာဥ္ထိန္းရဲတပ္ဖြဲ႔ျဖင့္ ပူးေပါင္း၍ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း OHC မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြထံက သိရသည္။
လတ္တေလာတြင္ ခရီးသည္တင္ ယာဥ္ငယ္မ်ားသာ အလွည့္က်ျဖင့္ တစ္စီးျခင္းသာ ျဖတ္သန္းႏိုင္ၿပီး က်န္ေသာ ယာဥ္ႀကီးမ်ားမွ ရပ္တန္႔ေနရေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဂုတ်တွင်း နောင်ချိုဘက်မှ အဆင်း နံပါတ်(၇)အကွေ့(ကုလားမကွေ့)တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေ(၅)နာရီ(၁၅)မိနစ်ဝန်းကျင်က စ၍ ကော်ဖြတ်စများ တင်လာသည့် (၂၂)ဘီးယာဉ်တစ်စီး လဲကျတိမ်းမှောက်နေ၍ ည(၆)နာရီအထိ လမ်းပိတ်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Oriental Highway Co.ltd မှ နောင်ချို နှင့် ကျောက်မဲ တိုးဂိတ်များတွင် LED ဆိုင်းဘုတ်ဖြင့် သတိပေး ကြေညာပေးသွားမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့နေမှုအား အမြန်ဆုံးရှင်း လင်း နိုင်ရန် သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း OHC မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေထံက သိရသည်။
လတ်တလောတွင် ခရီးသည်တင် ယာဉ်ငယ်များသာ အလှည့်ကျဖြင့် တစ်စီးခြင်းသာ ဖြတ်သန်းနိုင်ပြီး ကျန်သော ယာဉ်ကြီးများမှ ရပ်တန့်နေရကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်