ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းခံရၿပီး ျမန္မာႏိုင္ငံ တာခ်ီလိတ္သို႔ ျပန္လည္၍ လႊဲေျပာင္းေပးမႈအျဖစ္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၈)ရက္ေန႔တြင္ စုစုေပါင္း (၁၆)ဦးကို လႊဲေျပာင္းေပးလာရာ နယ္ေျမေက်ာ္သြားေရာက္မႈျဖင့္ ဖမ္းခံရသူ မ်ားျပားေၾကာင္း သိရသည္။
ထိုင္းဘက္မွ လာေရာက္လႊဲေျပာင္းေပးလာမႈမ်ားတြင္ ထိုင္းႏုိင္ငံအတြင္း တရားမ၀င္ သြားေရာက္ျခင္းေၾကာင့္ ဖမ္းခံရသူ (၃)ဦး၊ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင္း ဖမ္းခံရသူ (၈)ဦး ႏွင့္ ရက္ေက်ာ္ေနထိုင္ျခင္း (၅)ဦး ပါ၀င္ရာတြင္ နယ္စပ္ျဖတ္သန္းလက္မွတ္တြင္ ေဖာ္ျပပါရွိသည့္ မယ္ဆိုင္ၿမိဳ႕ထက္ လြန္သြား၍ ဖမ္းခံရသူမ်ားျပားေၾကာင္း သိရသည္။
အဆိုပါ (၁၆)ဦးတြင္ ရခိုင္ျပည္နယ္မွ အမ်ဳိးသား(၁)ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ဳိးသား(၂)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ဳိးသား(၅)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦး၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ အမ်ဳိးသား(၁)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး၊ မႏၱေလးတိုင္းေဒသႀကီးအတြင္းမွ အမ်ဳိးသား(၂)ဦး၊ မေကြးတိုင္းေဒသႀကီးအတြင္းမွ အမ်ဳိးသား(၁)ဦး စုစုေပါင္း အမ်ဳိးသား (၁၂)ဦး ႏွင့္ အမ်ဳိးသမီး(၄)ဦး ပါ၀င္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ လ၀ကအရာရွိ Eakpeck Jantakao ဦးေဆာင္သည့္အဖြဲ႔က ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတား တာခ်ီလိတ္ဘက္သို႔ လာေရာက္လႊဲေျပာင္းေပးလာရာ တာခ်ီလိတ္ၿမိဳ႕မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိုင္းေရးေကာ္မတီ (CNCMC)တို႔က စီစစ္လက္ခံခဲ့ၾကျခင္း ျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - CNCMC
ထိုင်းဘက်မှ လာရောက်လွှဲပြောင်းပေးလာမှုများတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်ခြင်းကြောင့် ဖမ်းခံရသူ (၃)ဦး၊ နယ်မြေကျော်သွားရောက်ခြင်းကြောင်း ဖမ်းခံရသူ (၈)ဦး နှင့် ရက်ကျော်နေထိုင်ခြင်း (၅)ဦး ပါဝင်ရာတွင် နယ်စပ်ဖြတ်သန်းလက်မှတ်တွင် ဖော်ပြပါရှိသည့် မယ်ဆိုင်မြို့ထက် လွန်သွား၍ ဖမ်းခံရသူများပြားကြောင်း သိရသည်။
အဆိုပါ (၁၆)ဦးတွင် ရခိုင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ အမျိုးသား(၂)ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ အမျိုးသား(၁)ဦး စုစုပေါင်း အမျိုးသား (၁၂)ဦး နှင့် အမျိုးသမီး(၄)ဦး ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လဝကအရာရှိ Eakpeck Jantakao ဦးဆောင်သည့်အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးလာရာ တာချီလိတ်မြို့မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနိုင်းရေးကော်မတီ (CNCMC)တို့က စီစစ်လက်ခံခဲ့ကြခြင်း ဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - CNCMC