ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊတိဂံုဘုရားရင္ျပင္ေတာ္တြင္ ဆီမီး (၁၀,၀၀၀) ပူေဇာ္ပြဲကို တာခ်ီလိတ္ၿမိဳ႕ရိွ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား အပါအ၀င္ ေဒသခံမ်ားျဖင့္ ပူးေပါင္းၿပီး ယေန႔ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၉)ရက္ေန႔ တပိုတြဲလျပည့္ည (၇) နာရီတြင္ က်င္းပျပဳလုပ္သြားရန္အတြက္ နံနက္ပိုင္းက စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကသည္။
တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္ေတာ္တြင္ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ မဇၥ်ိမလူမႈကူညီေရးအသင္းႏွင့္ အလင္းေရာင္ပရဟိတအသင္းတို႔မွ ပါ၀င္ကာ စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။
ဆီမီးတစ္ေသာင္း ပူေဇာ္ရန္အတြက္ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ရပ္ကြက္ခ်ဳပ္ေရးမွဴးရံုးအတို႔မွ ဆီမီး(၅၀၀) (၁၀၀၀)စီ ပါ၀င္ၾကၿပီး ဆီမီးခြက္မ်ား စတင္ ေနရာခ်ထားမႈအျဖစ္ ညေန(၅)နာရီ၀န္းက်င္တြင္ ျပဳလုပ္မည္ျဖစ္၍ မည္သူမဆို လာေရာက္ ကူညီႏိုင္ေၾကာင္းလည္း သိရသည္။
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တော်တွင် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် အလင်းရောင်ပရဟိတအသင်းတို့မှ ပါဝင်ကာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆီမီးတစ်သောင်း ပူဇော်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်ချုပ်ရေးမှူးရုံးအတို့မှ ဆီမီး(၅၀၀) (၁၀၀၀)စီ ပါဝင်ကြပြီး ဆီမီးခွက်များ စတင် နေရာချထားမှုအဖြစ် ညနေ(၅)နာရီဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်၍ မည်သူမဆို လာရောက် ကူညီနိုင်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ - #ကျော်ဇင်ဟိန်း