တာခ်ီလိတ္ေလဆိပ္လမ္းမီးလင္းေရးအတြက္ ၿမိဳ႕မီးလင္းေရးေကာ္မတီက ေဆာင္ရြက္ေန

တာခ်ီလိတ္ေလဆိပ္လမ္းမီးလင္းေရးအတြက္ ၿမိဳ႕မီးလင္းေရးေကာ္မတီက ေဆာင္ရြက္ေန
ဇန်နဝါရီ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ေလဆိပ္ အ၀င္လမ္းတြင္ လွ်ပ္စစ္မီးလင္းေရးအတြက္ မီးတုိင္မ်ား၊ မီးလံုး လဲလွယ္ျခင္းမ်ားေဆာင္ရြက္ရန္ လိုအပ္သည့္ ပစၥည္းမ်ားကို ၂၀၁၉ ခုနွစ္၊ ဇန္နဝါရီလ (၂၅)ရက္ေန႔က မွာယူထားၿပီး ျဖစ္ေၾကာင္း မီးလင္းေရးေကာ္မတီထံမွ သိရသည္။

“ေလယာဥ္ကြင္းက ကၽြန္ေတာ္တို႔သြားၾကည့္တဲ့အခါက်ေတာ့ ေလယာဥ္ကြင္းက ေမွာင္ေနတယ္။ ေလဆိပ္ဝင္တဲ့ လမ္းမတစ္ေလွ်ာက္လည္းမီးတိုင္ (၁၃) တိုင္ရိွတယ္။ အဲဒီမွာရိွတဲ့ မီးလံုး (၂၆) လံုးကိုလည္း ကၽြန္ေတာ္တို႔ လဲမယ္။ လဲၿပီးေတာ့ ကၽြန္ေတာ္တို႔ မီးလင္းေရးထဲကို မီတာေဘာက္သက္သက္ တစ္လံုးနဲ႔ ကၽြန္ေတာ္တို႔ပဲ ေပးေဆာင္သြားမွာ”ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ  တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလယာဥ္ကြင္း လမ္းတစ္ေလွ်ာက္ႏွင့္ ေလဆိပ္ဝန္းအတြင္း ဝပ္(၅၀၀)အားရိွသည့္ မီးလံုး (၄)လံုးစီ တပ္ဆင္မည့္ မီးတိုင္မ်ားကို စိုက္ထူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မီးလံုးတစ္လံုးကို (၅၀၀) ဝပ္ရိွတဲ့ မီးတုိင္ေလးတုိင္၊ မီးတိုင္တစ္တိုင္ကို ဝပ္(၂၀၀၀)ပါတဲ့ တိုင္ေလးတိုင္။ တစ္တိုင္နဲ႔တစ္တိုင္ ေပ( ၈၀) ေဝးမယ္။ ေလဆိပ္ကားပါကင္မွာ ကိုင္းေလးကိုင္းပါတဲ့ မီးတိုင္ေပါ့။ တိုင္ (၂) တိုင္။ ေလဆိပ္အထြက္၊ ေလဆိပ္အဝန္းအဝိုင္းေလးထဲမွာ အားလံုး (၁၇)တုိင္ေပါ့။ ကၽြန္ေတာ္တုိ႔ ဒီေန႔မွာလိုက္ၿပီ”ဟု  တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီ  တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕လမ္းမ်ားရိွ လမ္းမီးမ်ားကို စည္ပင္သာယာေရးဌာနက  မီတာအသံုးျပဳခ ေပးေဆာင္ရျခင္း ျဖစ္ေသာ္လည္း ေလဆိပ္အတြက္ လွ်ပ္စစ္မီတာခကို မီးလင္းေရးေကာ္မတီက က်ခံမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီက ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားဝယ္ယူၿပီး တာခ်ီလိတ္ၿမိဳ႕တြင္း ျပန္လည္ ျဖန္႔ျဖဴးေနရာ လွ်ပ္စစ္မီတာခအား ထုိင္းဘတ္ေငြျဖင့္ ေကာက္ခံျခင္းျဖစ္ေသာ္လည္း လမ္းမီးမ်ားအတြက္ မီတာခကို စည္ပင္သာယာေရးဌာနထံမွ တစ္ယူနစ္လွ်င္ က်ပ္(၁၀၀)ႏႈန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု/သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ် အဝင်လမ်းတွင် လျှပ်စစ်မီးလင်းရေးအတွက် မီးတိုင်များ၊ မီးလုံး လဲလှယ်ခြင်းများဆောင်ရွက်ရန် လိုအပ်သည့် ပစ္စည်းများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့က မှာယူထားပြီး ဖြစ်ကြောင်း မီးလင်းရေးကော်မတီထံမှ သိရသည်။

“လေယာဉ်ကွင်းက ကျွန်တော်တို့သွားကြည့်တဲ့အခါကျတော့ လေယာဉ်ကွင်းက မှောင်နေတယ်။ လေဆိပ်ဝင်တဲ့ လမ်းမတစ်လျှောက်လည်းမီးတိုင် (၁၃) တိုင်ရှိတယ်။ အဲဒီမှာရှိတဲ့ မီးလုံး (၂၆) လုံးကိုလည်း ကျွန်တော်တို့ လဲမယ်။ လဲပြီးတော့ ကျွန်တော်တို့ မီးလင်းရေးထဲကို မီတာဘောက်သက်သက် တစ်လုံးနဲ့ ကျွန်တော်တို့ပဲ ပေးဆောင်သွားမှာ”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေယာဉ်ကွင်း လမ်းတစ်လျှောက်နှင့် လေဆိပ်ဝန်းအတွင်း ဝပ်(၅၀၀)အားရှိသည့် မီးလုံး (၄)လုံးစီ တပ်ဆင်မည့် မီးတိုင်များကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

“မီးလုံးတစ်လုံးကို (၅၀၀) ဝပ်ရှိတဲ့ မီးတိုင်လေးတိုင်၊ မီးတိုင်တစ်တိုင်ကို ဝပ်(၂၀၀၀)ပါတဲ့ တိုင်လေးတိုင်။ တစ်တိုင်နဲ့တစ်တိုင် ပေ( ၈၀) ဝေးမယ်။ လေဆိပ်ကားပါကင်မှာ ကိုင်းလေးကိုင်းပါတဲ့ မီးတိုင်ပေါ့။ တိုင် (၂) တိုင်။ လေဆိပ်အထွက်၊ လေဆိပ်အဝန်းအဝိုင်းလေးထဲမှာ အားလုံး (၁၇)တိုင်ပေါ့။ ကျွန်တော်တို့ ဒီနေ့မှာလိုက်ပြီ”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က ပြောသည်။

တာချီလိတ်မြို့လမ်းများရှိ လမ်းမီးများကို စည်ပင်သာယာရေးဌာနက မီတာအသုံးပြုခ ပေးဆောင်ရခြင်း ဖြစ်သော်လည်း လေဆိပ်အတွက် လျှပ်စစ်မီတာခကို မီးလင်းရေးကော်မတီက ကျခံမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူပြီး တာချီလိတ်မြို့တွင်း ပြန်လည် ဖြန့်ဖြူးနေရာ လျှပ်စစ်မီတာခအား ထိုင်းဘတ်ငွဖြေင့် ကောက်ခံခြင်းဖြစ်သော်လည်း လမ်းမီးများအတွက် မီတာခကို စည်ပင်သာယာရေးဌာနထံမှ တစ်ယူနစ်လျှင် ကျပ်(၁၀၀)နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~