တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ေသနတ္ပစ္ခတ္မႈ (၂)ခုမွ လြတ္ေျမာက္ေနသည့္ ေသနတ္သမားမ်ားကို ဖမ္းမိရန္ ပိတ္ဆို႔စစ္ေဆးမႈ၊ ေရွာင္တခင္စစ္ေဆးမႈမ်ား တိုးျမႇင့္ လုပ္ေဆာင္ေန

တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ေသနတ္ပစ္ခတ္မႈ (၂)ခုမွ လြတ္ေျမာက္ေနသည့္ ေသနတ္သမားမ်ားကို ဖမ္းမိရန္ ပိတ္ဆို႔စစ္ေဆးမႈ၊ ေရွာင္တခင္စစ္ေဆးမႈမ်ား တိုးျမႇင့္ လုပ္ေဆာင္ေန
ဇန်နဝါရီ 30, 2019
By Tachileik News Agency
ျမန္မာ - ထုိင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕လယ္တြင္ (၉) ရက္တာအတြင္း ေသနတ္ပစ္ခတ္မႈ (၂)ႀကိမ္မွ လြတ္ေျမာက္ေနသည့္ တရားခံမ်ားကို ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႕က ပံုမွန္လုပ္ငန္းမ်ား အျပင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားကို ေန႔ေရာ ညပါ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ဒီဟာမျဖစ္ခင္ကလည္း ကၽြန္ေတာ္တုိ႔ လုပ္ရမယ့္ လံုၿခံဳေရးလုပ္ငန္းေတြ လုပ္ေနပါတယ္။ ဒီကိစၥျဖစ္တဲ့အတြက္ ပံုမွန္လုပ္ေနတာေတြအျပင္ ခါတုိင္းထက္ပိုၿပီး အခ်ိန္ေရာ၊ လုပ္ေဆာင္ခ်က္ေတြေရာ ထပ္တိုးလုပ္ေဆာင္ေနတာ”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇန္န၀ါရီလ(၂၉)ရက္ေန႔က ေျပာၾကားထားသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ား ပါဝင္သည့္အဖြဲ႕မ်ားျဖင့္ ၿမိဳ႕တြင္း၊ ၿမိဳ႕အဝင္ေနရာမ်ားတြင္ ပိတ္ဆို႔ စစ္ေဆးေနေသာ္လည္း လြတ္ေျမာက္ေနသည့္ တရားခံမ်ားအား ဖမ္းဆီးရမိျခင္း မရိွေသးသျဖင့္ အခင္းျဖစ္ရပ္မ်ားႏွင့္ ပတ္သက္၍ သက္ေသ အေထာက္အထား ရရိွထားသူမ်ား အေနျဖင့္ ရဲတပ္ဖြဲ႕ထံ ေပးပို႔ျခင္းျဖင့္ အမႈမ်ား အျမန္ဆံုးေပၚေပါက္ရန္ အေထာက္အကူ ျဖစ္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၂၁)ရက္ေန႔ နံနက္အေစာပိုင္းက စားေသာက္ဆုိင္တစ္ခုတြင္  လူငယ္တစ္ဦး ေသနတ္ပစ္ခံရၿပီး ဇန္နဝါရီလ (၂၉)ရက္ေန႔ ေန႔လယ္ပိုင္းက မီးပိြဳင့္တြင္ မီးနီေစာင့္ေနစဥ္ ၿမိဳ႕မ်က္ႏွာဖံုး လုပ္ငန္းရွင္တစ္ဦး ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္။

ဇန္နဝါရီလ (၂၁)ရက္ေန႔က ပစ္ခတ္မႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး ဇန္နဝါရီလ (၂၉)ရက္ေန႔က ပစ္ခတ္မႈကို (ပ)၅၀/၂၀၁၉ ရာဇသတ္ႀကီးပုုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္ကာ ေသနတ္သမားမ်ားကို ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့လယ်တွင် (၉) ရက်တာအတွင်း သေနတ်ပစ်ခတ်မှု (၂)ကြိမ်မှ လွတ်မြောက်နေသည့် တရားခံများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ပုံမှန်လုပ်ငန်းများ အပြင် ပိတ်ဆို့စစ်ဆေးမှုများကို နေ့ရော ညပါ ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီဟာမဖြစ်ခင်ကလည်း ကျွန်တော်တို့ လုပ်ရမယ့် လုံခြုံရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ ဒီကိစ္စဖြစ်တဲ့အတွက် ပုံမှန်လုပ်နေတာတွေအပြင် ခါတိုင်းထက်ပိုပြီး အချိန်ရော၊ လုပ်ဆောင်ချက်တွေရော ထပ်တိုးလုပ်ဆောင်နေတာ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ဇန်နဝါရီလ(၂၉)ရက်နေ့က ပြောကြားထားသည်။

ရဲတပ်ဖွဲ့က သက်သေများ ပါဝင်သည့်အဖွဲ့များဖြင့် မြို့တွင်း၊ မြို့အဝင်နေရာများတွင် ပိတ်ဆို့ စစ်ဆေးနေသော်လည်း လွတ်မြောက်နေသည့် တရားခံများအား ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် အခင်းဖြစ်ရပ်များနှင့် ပတ်သက်၍ သက်သေ အထောက်အထား ရရှိထားသူများ အနဖြေင့် ရဲတပ်ဖွဲ့ထံ ပေးပို့ခြင်းဖြင့် အမှုများ အမြန်ဆုံးပေါ်ပေါက်ရန် အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက်အစောပိုင်းက စားသောက်ဆိုင်တစ်ခုတွင် လူငယ်တစ်ဦး သေနတ်ပစ်ခံရပြီး ဇန်နဝါရီလ (၂၉)ရက်နေ့ နေ့လယ်ပိုင်းက မီးပွိုင့်တွင် မီးနီစောင့်နေစဉ် မြို့မျက်နှာဖုံး လုပ်ငန်းရှင်တစ်ဦး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီလ (၂၁)ရက်နေ့က ပစ်ခတ်မှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ (၂၉)ရက်နေ့က ပစ်ခတ်မှုကို (ပ)၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ သေနတ်သမားများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~