ထုိင္းႏုိင္ငံေတာင္ပိုင္းတြင္ စာရြက္စာတမ္းမ်ားသိမ္းခံရ၊ အလုပ္ျဖဳတ္ခံရသည့္ ျမန္မာလုပ္သားမ်ားက အမႈဖြင့္တိုင္ၾကားၿပီးေနာက္ မူလအလုပ္ျပန္လည္ရရိွ

ထုိင္းႏုိင္ငံေတာင္ပိုင္းတြင္ စာရြက္စာတမ္းမ်ားသိမ္းခံရ၊ အလုပ္ျဖဳတ္ခံရသည့္ ျမန္မာလုပ္သားမ်ားက အမႈဖြင့္တိုင္ၾကားၿပီးေနာက္ မူလအလုပ္ျပန္လည္ရရိွ
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္  စာရြက္စာတမ္း သိမ္းဆည္းခံရျခင္းႏွင့္ အလုပ္ျဖဳတ္ခံရသည့္ ျမန္မာလုပ္သား (၃)ဦးက ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္ MWRN အကူအညီျဖင့္ က်ဟန္ငန္းရံုးတြင္ အမႈဖြင့္ တုိင္ၾကားလုိက္ရာ မူလလုပ္ငန္းမ်ားကို ျပန္လည္ရရိွသြားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၂၄)ရက္ေန႔တြင္ MWRN က သတင္းထုတ္ျပန္ထားသည္။

 စိန္ဟနခိုနယ္ေျမ ၊ သၾကားစက္ရံုမွ ျမန္မာလုပ္သားတစ္ဦး၏ စာရြက္စာတမ္းမ်ားကို အလုပ္ရွင္က သိမ္းဆည္းထားေၾကာင္းႏွင့္ ထံုးလံုနယ္ေျမ သစ္စက္အလုပ္သမား(၂)ဦး အလုပ္ျဖဳတ္ခံရေၾကာင္း MWRN သို႔ အကူအညီ ေတာင္းခံလာျခင္းျဖစ္ေၾကာင္း သိရသည္။

MWRN ဟတ္ယိုင္ရံုး တာဝန္ရွိိသူမ်ားကအလုပ္သမားမ်ား၏ သေဘာဆႏၵအရ သက္ဆိုင္ရာ နယ္ေျမမွ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး(ဆ၀ါဒီကန္)ရံုး ႏွင့္ အလုပ္အကိုင္ ရွာေဖြေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး( က်ဟငန္)ရံုး သို႔ပိုေဆာင္၍ အမႈဖြင့္တိုင္ၾကားေပးခဲ့ရာ သိမ္းဆည္း ခံထားရေသာစာ ရြက္စာတမ္းႏွင့္ အလုပ္ျဖဳတ္ခံရေသာ အလုပ္သမားႏွစ္ဦး မူလအလုပ္ ေနရာတြင္ျပန္လည္ အလုပ္လုပ္ခြင့္ရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ ေရႊ႕ေျပာင္းလုပ္သားအခ်ိဳ႕မွာ အလုပ္ရွင္က ေနထုိင္အလုပ္လုပ္ကိုင္ခြင့္ စာရြက္စာတမ္းအေထာက္အထားမ်ားကို  သိမ္းဆည္းခံထားရသျဖင့္ တရားဝင္ အလုပ္ လုပ္ကိုင္ျခင္းျဖစ္ေသာ္လည္း လုပ္ငန္းခြင္အခြင့္အေရးခ်ိဳးေဖါက္ခံရျခင္းမ်ားႏွင့္ ႀကံဳေတြ႕ပါက တရားဝင္ ေျဖရွင္းႏုိင္ရန္ အခက္အခဲေတြ႕ရေလ့ရိွျခင္းျဖစ္သည္။

 ထုိင္းႏုိင္ငံ အလုပ္သမားဥပေဒအရ ယင္းကဲ့သို႔ အေထာက္အထားမ်ား သိမ္းဆည္းသည့္ အလုပ္ရွင္မ်ားကို ေငြဒဏ္၊ ေထာင္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္းထားေသာ္လည္း လုပ္သားမ်ား၏ စာရြက္စာတမ္း အေထာက္အထားမ်ားကို သိမ္းဆည္းသည့္ အလုပ္ရွင္မ်ား ရိွေနဆဲျဖစ္သျဖင့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ မိမိတို႔၏ စာရြက္စာတမ္းမ်ား သိမ္းဆည္းခံရပါက မိမိတုိ႔ေနထုိင္ရာၿမိဳ႕နယ္ရိွ ရဲစခန္း သို႔မဟုတ္ က်ဟငန္ရံုးမ်ားသို႔လည္းေကာင္း နယ္ေျမခံ ဆဝါဒီကန္ရံံုးမ်ားသို႔လည္းေကာင္း သြားေရာက္တုိင္ၾကား အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: MWRN


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စာရွက်စာတမ်း သိမ်းဆည်းခံရခြင်းနှင့် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား (၃)ဦးက ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN အကူအညီဖြင့် ကျဟန်ငန်းရုံးတွင် အမှုဖွင့် တိုင်ကြားလိုက်ရာ မူလလုပ်ငန်းများကို ပြန်လည်ရရှိသွားကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် MWRN က သတင်းထုတ်ပြန်ထားသည်။

 စိန်ဟနခိုနယ်မြေ၊ သကြားစက်ရုံမှ မြန်မာလုပ်သားတစ်ဦး၏ စာရွက်စာတမ်းများကို အလုပ်ရှင်က သိမ်းဆည်းထားကြောင်းနှင့် ထုံးလုံနယ်မြေ သစ်စက်အလုပ်သမား(၂)ဦး အလုပ်ဖြုတ်ခံရကြောင်း MWRN သို့ အကူအညီ တောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

MWRN ဟတ်ယိုင်ရုံး တာဝန်ရှိသူများကအလုပ်သမားများ၏ သဘောဆန္ဒအရ သက်ဆိုင်ရာ နယ်မြေမှ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး(ဆဝါဒီကန်)ရုံး နှင့် အလုပ်အကိုင် ရှာဖွေရေးနှင့် ပြန်လည်နေရာချထားရေး( ကျဟငန်)ရုံး သို့ပိုဆောင်၍ အမှုဖွင့်တိုင်ကြားပေးခဲ့ရာ သိမ်းဆည်း ခံထားရသောစာ ရွက်စာတမ်းနှင့် အလုပ်ဖြုတ်ခံရသော အလုပ်သမားနှစ်ဦး မူလအလုပ် နေရာတွင်ပြန်လည် အလုပ်လုပ်ခွင့်ရသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားအချို့မှာ အလုပ်ရှင်က နေထိုင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းအထောက်အထားများကို သိမ်းဆည်းခံထားရသဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခြင်းဖြစ်သော်လည်း လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်ခံရခြင်းများနှင့် ကြုံတွေ့ပါက တရားဝင် ဖြေရှင်းနိုင်ရန် အခက်အခဲတွေ့ရလေ့ရှိခြင်းဖြစ်သည်။

 ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ ယင်းကဲ့သို့ အထောက်အထားများ သိမ်းဆည်းသည့် အလုပ်ရှင်များကို ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းထားသော်လည်း လုပ်သားများ၏ စာရွက်စာတမ်း အထောက်အထားများကို သိမ်းဆည်းသည့် အလုပ်ရှင်များ ရှိနေဆဲဖြစ်သဖြင့် မြန်မာလုပ်သားများအနဖြေင့် မိမိတို့၏ စာရွက်စာတမ်းများ သိမ်းဆည်းခံရပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ ရဲစခန်း သို့မဟုတ် ကျဟငန်ရုံးများသို့လည်းကောင်း နယ်မြေခံ ဆဝါဒီကန်ရုံးများသို့လည်းကောင်း သွားရောက်တိုင်ကြား အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Tachileik News Agency
Photo: MWRN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~