ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီး ျပန္လည္လြတ္ေျမာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာႏိုင္ငံနယ္စပ္ေဒသၿမိဳ႕မ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၄)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္သည္။
ထိုင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီး တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းလာသူဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း (၁၂၃၄)ဦးရိွခဲ့ျခင္းျဖစ္သည္။
ယင္းကဲ့သို႔ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသားမ်ားကို အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - CNCMC
*************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၆)ဦးကို ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ထိုင်းနိုင်ငံက လာရောက်လွှဲပြောင်းပေးသည်။
ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံနယ်စပ်ဒေသမြို့များသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၄)ဦးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့က လာရောက်လွှဲပြောင်းပေးခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး တာချီလိတ်မြို့သို့ လွှဲပြောင်းလာသူဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း (၁၂၃၄)ဦးရှိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - CNCMC