ျပည္တြင္း၌ ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားအား အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာနမွ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာတြင္ သံုးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း(၃)မ်ဳိးကို စစ္ေဆးေတြ႔ရွိရ၍ အမ်ားျပည္သူမ်ား သံုးစြဲရန္ မသင့္ေၾကာင္းကို ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔က သတင္းထုတ္ျပန္ထားရွိသည္။
စစ္ေဆးေတြ႕ရွိရသည့္ အလွကုန္ပစၥည္း(၃)မ်ဳိးသည္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္း မရွိသည့္အျပင္ က်န္းမာေရး အတြက္ ေဘးအႏၱရာယ္မ်ား ျဖစ္ေစႏိုင္သည့္ တားျမစ္ဓာတုပစၥည္း(Mercury)ပါ၀င္သည္ကို စစ္ေဆးေတြ႔ရွိရသည့္ အတြက္ အမ်ားျပည္သူမ်ား သံုးစြဲရန္မသင့္ေၾကာင္းကို သတ္မွတ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
စစ္ေဆးေတြ႔ရွိရသည့္ အလွကုန္ပစၥည္း (၃)မ်ဳိးမွာ ဂ်ပန္စာျဖင့္ ေရးသားထားသည့္ Anti-Freckle Freckle removing cream ၊ ထိုင္းႏိုင္ငံထုတ္ အလွကုန္ပစၥည္းမ်ားျဖစ္သည့္ SMIZE Whitening Night Cream ႏွင့္ P-Vita Melasma Cream တို႔သည္ Mercury (+) ရွိသည္ကို စစ္ေဆးေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။
တားျမစ္ဓာတုပစၥည္း(Mercury)သည္ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ား ျဖစ္ျခင္း၊ အေရျပားယားယံျခင္း အျပင္ အေရျပားမွ တဆင့္ ခႏၶာကိုယ္အတြင္း စုပ္ယူ၍ ထံုက်င္ျခင္း၊ ၾကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း အျပင္ စိတ္က်ေရာဂါမ်ားအထိ ျဖစ္ေစတတ္ၿပီး တားျမစ္ဓာတုပစၥည္း (Mercury) ပါ၀င္သည့္ အလွကုန္ပစၥည္းကို ေရရွည္သံုးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္း ႏွင့္ အျခား ေရာဂါမ်ားလည္း ျဖစ္ပြားႏိုင္ေၾကာင္းကို အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနက အသိေပးထားရွိသည္။
အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ အမ်ားျပည္သူ သံုးစြဲရန္ မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ားအား တင္သြင္းေရာင္းခ်ျခင္းမ်ား ျပဳလုပ္ပါက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပုဒ္ (၃)(ဃ)အရ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
Tachileik News Agency
စစ်ဆေးတွေ့ရှိရသည့် အလှကုန်ပစ္စည်း(၃)မျိုးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်များ ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်း(Mercury)ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရသည့် အတွက် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်းကို သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိရသည့် အလှကုန်ပစ္စည်း (၃)မျိုးမှာ ဂျပန်စာဖြင့် ရေးသားထားသည့် Anti-Freckle Freckle removing cream၊ ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းများဖြစ်သည့် SMIZE Whitening Night Cream နှင့် P-Vita Melasma Cream တို့သည် Mercury (+) ရှိသည်ကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
တားမြစ်ဓာတုပစ္စည်း(Mercury)သည် ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရပြေားယားယံခြင်း အပြင် အရပြေားမှ တဆင့် ခန္ဓာကိုယ်အတွင်း စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း အပြင် စိတ်ကျရောဂါများအထိ ဖြစ်စေတတ်ပြီး တားမြစ်ဓာတုပစ္စည်း (Mercury) ပါဝင်သည့် အလှကုန်ပစ္စည်းကို ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့် အခြား ရောဂါများလည်း ဖြစ်ပွားနိုင်ကြောင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထားရှိသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူ သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများအား တင်သွင်းရောင်းချခြင်းများ ပြုလုပ်ပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency