“အခုႏွစ္သစ္ကူးအစမွာ တာခ်ီလိတ္ဘက္မွာ မိုင္းဖုန္းဆရာေတာ္လာဖူးၾကတာေရာ၊ ဘုရားဖူးလာၾကတာေရာ ေဒသအသီးသီးက အမ်ားႀကီးလာၾကတယ္ေလ။ သူတုိ႔ေတြ ဒီဘက္လည္းလာၾကေတာ့ ကိုယ့္လူေတြကလည္း ေဒသအသီးသီးမွာက ဒါေတြက မလြတ္ၾကဘူးေလ။ ဆီးစစ္လို႔က်တာထဲ လူငယ္ေတြတင္မကဘူး။ အဖိုးႀကီးေတြပါ ပါတယ္။ သူတုိ႔ေဒသေတြမွာ ေတာင္ေပၚေဒသေတြမွာ ဒီလိုသံုးစြဲေနၾကတာေနမွာေပါ့။ ကၽြန္ေတာ္တို႔မွာလည္း ေျဖရွင္းေပးရတာ မ်ားေနေတာ့ ဒီဘက္က တာဝန္ရိွသူေတြကလည္း သူတုိ႔ႏိုင္ငံဥပေဒအရ သူတုိ႔တာဝန္လုပ္ေနတာကို ကိုယ့္ဘက္က ဝင္စြက္ဖက္သလိုမျဖစ္ေအာင္လည္း သတိထားရပါတယ္”ဟု တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃)ရက္ေန႔တြင္ ေျပာသည္။
ထုိင္းႏုိင္ငံ၏ ဥပေဒအရ မူးယစ္ေဆးသံုးစြဲသည္ဟု သံသယရိွသူ မည္သူကိုမဆို ရဲတပ္ဖြဲ႕က ဆီးစစ္ေဆးခြင့္ရိွရာ ျမန္မာႏုိင္ငံႏွင့္နယ္စပ္ မယ္ဆိုင္ၿမိဳ႕မွ ခ်င္းရိုင္းၿမိဳ႕ဘက္သို႔အထြက္ ဘန္႔ထန္းဂိတ္တြင္လည္း ျဖတ္သန္း သြားလာသူမ်ားကို မူးယစ္ေဆး သံုးစြဲျခင္းရိွ၊ မရိွ ဆီးစစ္ေဆးျခင္းကို လုပ္ေဆာင္ေလ့ရိွျခင္းျဖစ္ေၾကာင္း သိရသည္။
“ထုိင္းဘက္ကေတာ့ သူ႔ဥပေဒအတုိင္း စစ္တာေဆးတာလုပ္တယ္။ ဒီမွာ ဆီးစစ္တာမေအာင္တာကို မူးယစ္ေဆး သံုးတာမဟုတ္ပါဘူး ဝန္မခံရင္၊ တကယ္မသံုးဘူးျငင္းရင္ ေဆးရံုေခၚသြားၿပီး တရားဝင္စစ္မယ္။ အဲဒီမွာ တစ္ခ်ိဳ႕က ကိုယ့္မိန္းမ၊ တစ္ခ်ိဳ႕လည္း ကိုယ့္မိဘနဲ႔အတူလာၾကေတာ့ သူတုိ႔ေရွ႕မွာ သံုးေနပါတယ္ဆိုတာ ဝန္မခံရဲဘူး။ ညိႈႏိုင္းရတာကလည္း အဲဒီလို သံုးစြဲေနပါတယ္ဆိုတာ ဝန္ခံမွ ညိႈႏိုင္း လို႔ရတာ။ တစ္ခ်ိဳ႕က သံုးလည္းထားတယ္။ ဝန္လည္းမခံရဲဘူးဆိုေတာ့ ရဲကလည္း ဆီးက်တဲ့သူက မသံုးပါဘူးျငင္းေနရင္ ေဆးရံုေခၚသြားၿပီး စစ္ၿပီ။ အဲဒီလိုစစ္လို႔ မူးယစ္ေဆးသံုးတာေပၚရင္ ဒီဘက္က တာဝန္ရိွသူေတြလည္း မကယ္ႏုိင္ေတာ့ဘူး။ ညိႈႏိႈင္းလို႔မရေတာ့ဘူးေပါ့။ အဲဒီလိုမူးယစ္ေဆးသံုးေၾကာင္း ဆရာဝန္လက္မွတ္နဲ႔ထြက္လာၿပီဆိုရင္ေတာ့ တရားရံုးကို ပို႔ရေတာ့တာ။ အဲဒီလိုဆိုရင္ ရဲစခန္းထဲမွာ ထည့္ထားမယ္။ ေနာက္ေန႔က်ေတာ့ ခ်င္းရိုင္းကို ပို႔မယ္။ ဒီအမႈကို ခ်င္းရိုင္းေထာင္ထဲကေန (၁၂)ရက္တစ္ခါ တရားရံုးထုတ္စစ္တာေပါ့”ဟု တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)က ရွင္းျပသည္။
မယ္ဆုိင္ၿမိဳ႕တြင္ ယင္းကဲ့သို႔ ဆီးစစ္ေဆးမႈကို မၾကာခဏလုပ္ေဆာင္ေလ့ရိွေသာ္လည္း ထုိင္းႏုိင္ငံဘက္သို႔ ဝင္ေရာက္လည္ပတ္သည့္ အေရအတြက္ မ်ားလာခ်ိန္တြင္ ဆီးစစ္ေဆးမႈကိုလည္း ပိုမိုလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - U Htun
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့်နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသားအရေအတွက် များလာပြီး မူးယစ်ဆေးသုံးစွဲမှုရှိမရှိ ဆီးစစ်ဆေးမှုမအောင်သူလည်း အရေအတွက်များလာကြောင်း သိရသည်။
“အခုနှစ်သစ်ကူးအစမှာ တာချီလိတ်ဘက်မှာ မိုင်းဖုန်းဆရာတော်လာဖူးကြတာရော၊ ဘုရားဖူးလာကြတာရော ဒေသအသီးသီးက အများကြီးလာကြတယ်လေ။ သူတို့တွေ ဒီဘက်လည်းလာကြတော့ ကိုယ့်လူတွေကလည်း ဒေသအသီးသီးမှာက ဒါတွေက မလွတ်ကြဘူးလေ။ ဆီးစစ်လို့ကျတာထဲ လူငယ်တွေတင်မကဘူး။ အဖိုးကြီးတွေပါ ပါတယ်။ သူတို့ဒေသတွေမှာ တောင်ပေါ်ဒေသတွေမှာ ဒီလိုသုံးစွဲနေကြတာနေမှာပေါ့။ ကျွန်တော်တို့မှာလည်း ဖြေရှင်းပေးရတာ များနေတော့ ဒီဘက်က တာဝန်ရှိသူတွေကလည်း သူတို့နိုင်ငံဥပဒေအရ သူတို့တာဝန်လုပ်နေတာကို ကိုယ့်ဘက်က ဝင်စွက်ဖက်သလိုမဖြစ်အောင်လည်း သတိထားရပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် ပြောသည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသည်ဟု သံသယရှိသူ မည်သူကိုမဆို ရဲတပ်ဖွဲ့က ဆီးစစ်ဆေးခွင့်ရှိရာ မြန်မာနိုင်ငံနှင့်နယ်စပ် မယ်ဆိုင်မြို့မှ ချင်းရိုင်းမြို့ဘက်သို့အထွက် ဘန့်ထန်းဂိတ်တွင်လည်း ဖြတ်သန်း သွားလာသူများကို မူးယစ်ဆေး သုံးစွဲခြင်းရှိ၊ မရှိ ဆီးစစ်ဆေးခြင်းကို လုပ်ဆောင်လေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
“ထိုင်းဘက်ကတော့ သူ့ဥပဒေအတိုင်း စစ်တာဆေးတာလုပ်တယ်။ ဒီမှာ ဆီးစစ်တာမအောင်တာကို မူးယစ်ဆေး သုံးတာမဟုတ်ပါဘူး ဝန်မခံရင်၊ တကယ်မသုံးဘူးငြင်းရင် ဆေးရုံခေါ်သွားပြီး တရားဝင်စစ်မယ်။ အဲဒီမှာ တစ်ချို့က ကိုယ့်မိန်းမ၊ တစ်ချို့လည်း ကိုယ့်မိဘနဲ့အတူလာကြတော့ သူတို့ရှေ့မှာ သုံးနေပါတယ်ဆိုတာ ဝန်မခံရဲဘူး။ ညှိုနိုင်းရတာကလည်း အဲဒီလို သုံးစွဲနေပါတယ်ဆိုတာ ဝန်ခံမှ ညှိုနိုင်း လို့ရတာ။ တစ်ချို့က သုံးလည်းထားတယ်။ ဝန်လည်းမခံရဲဘူးဆိုတော့ ရဲကလည်း ဆီးကျတဲ့သူက မသုံးပါဘူးငြင်းနေရင် ဆေးရုံခေါ်သွားပြီး စစ်ပြီ။ အဲဒီလိုစစ်လို့ မူးယစ်ဆေးသုံးတာပေါ်ရင် ဒီဘက်က တာဝန်ရှိသူတွေလည်း မကယ်နိုင်တော့ဘူး။ ညှိုနှိုင်းလို့မရတော့ဘူးပေါ့။ အဲဒီလိုမူးယစ်ဆေးသုံးကြောင်း ဆရာဝန်လက်မှတ်နဲ့ထွက်လာပြီဆိုရင်တော့ တရားရုံးကို ပို့ရတော့တာ။ အဲဒီလိုဆိုရင် ရဲစခန်းထဲမှာ ထည့်ထားမယ်။ နောက်နေ့ကျတော့ ချင်းရိုင်းကို ပို့မယ်။ ဒီအမှုကို ချင်းရိုင်းထောင်ထဲကနေ (၁၂)ရက်တစ်ခါ တရားရုံးထုတ်စစ်တာပေါ့”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ရှင်းပြသည်။
မယ်ဆိုင်မြို့တွင် ယင်းကဲ့သို့ ဆီးစစ်ဆေးမှုကို မကြာခဏလုပ်ဆောင်လေ့ရှိသော်လည်း ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လည်ပတ်သည့် အရေအတွက် များလာချိန်တွင် ဆီးစစ်ဆေးမှုကိုလည်း ပိုမိုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - U Htun