တာချီလိတ်မြို့မီးလင်းရေးကော်မတီရဲ့ လက်ရှိ စာရင်းအရ ၂၀၁၇ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ခုနှစ် အောက်တိုဘာလအထိ (၁၃)လတာ ကာလအတွင်းမှာ ပျောက်ဆုံးယူနစ်ဟာ စုစုပေါင်း (၁၂,၇၂၀,၇၀၂)ယူနစ်ရှိပြီး တန်ဖိုးငွေအားဖြင့် ဘတ်သိန်းပေါင်း (၅၇,၂၄၃,၁၅၉)ဘတ်ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်မီးကို ထိုင်းနိုင်ငံကနေ တစ်ယူနစ်ကို ထိုင်းဘတ်ငွေ (၄)ဘတ်ခွဲနဲ့ ၀ယ်ယူပြီး တစ်ယူနစ်ကို ထိုင်းဘတ်ငွေ (၆)ဘတ် (၂၅)ပြားနဲ့ ပြန်လည်ရောင်းချပေးနေရာကနေ ၂၀၁၃ခုနှစ် ဇန်န၀ါရီလက စတင်ပြီး (၂၅)ပြား လျော့ပေးလိုက်ရာက တစ်ယူနေကို (၆)ဘတ်နဲ့ အသုံးပြုလာနေကြတာပါ။
အခု ၂၀၁၉ခုနှစ်အတွင်းမှာတော့ ထပ်မံပြီး (၂၅)ပြား လျော့ပေးဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြထားဆဲဖြစ်ပါတယ်။
တင်ဆက် - #ကိုဇောင်း
ရိုက်ကူး - #ဟန်စိုးထိုက်