Tachileik News Agency
အဆိုပါ ပြိုင်ပွဲတွင် မွေးစအရွယ်မှ (၂)နှစ်အရွယ်ထိ ကလေးငယ်များအား အသက်ပိုင်းခြားအလိုက် ပြိုင်ပွဲနှင့်အတူ မိခင်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။
မိခင်များအား အမှတ်ပေး ရွေးချယ်ရာတွင် ကျန်းမာသောကလေးများ မွေးဖွားခြင်းနှင့် ရှင်သန်ကြီးထွားရန် ပြုစုခြင်းများနှင့် ပတ်သက်၍ ကလေးဦးရေ၊ အထွေထွေကျန်းမာရေး၊ ရောဂါကင်းရှင်းမှု၊ အဟာရချို့တဲ့ခြင်း ကင်းရှင်းမှု၊ ကျန်းမာရေးအသိပညာရှိမှု၊ ကလေးအသက်ကွာခြားမှု၊ မိခင်နို့တိုက်ကျွေးမှု၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပညာအရည်အချင်းနှင့် မိခင်၏အလုပ်အကိုင်တို့အပေါ် အမှတ်ပေးရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကလေးများအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်နှင့် မိခင်ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သားဖွားနှင့် မီးယပ်အထူး ဒေါက်တာ ဇင်မူမူကျော်က အမှတ်ပေး ရွေးချယ်ကြကြောင်း သိရသည်။
ပြိုင်ပွဲတွင် မွေးစမှ (၆)လအရွယ်ကလေး (၄)ဦး၊ (၆)လမှ (၁)နှစ်အရွယ် ကလေး (၄)ဦး၊ (၁)နှစ်မှ (၂)နှစ်အရွယ် ကလေး (၄)ဦး၊ အမွှာပူးကလေးဆုနှင့် မိခင်ဆု (၃)ဆုတို့ကို ရွေးချယ်ချီးမြှင့်ပေးကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း