ျမစိမ္းေရာင္စီမံကိန္း တိက်စြာ အေကာင္အထည္ေဖာ္ႏိုင္သည့္ ေက်းရြာမ်ားကို ခရိုင္အဆင့္ထပ္မံ ေရြးခ်ယ္မည္

ျမစိမ္းေရာင္စီမံကိန္း တိက်စြာ အေကာင္အထည္ေဖာ္ႏိုင္သည့္ ေက်းရြာမ်ားကို ခရိုင္အဆင့္ထပ္မံ ေရြးခ်ယ္မည္
ဇန်နဝါရီ 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္အတြင္း ေဆာင္ရြက္ေနသည့္ ျမစိမ္းေရာင္ေက်းရြာမ်ားမွ စီမံကိန္း တိက်စြာ အေကာင္အထည္ေဖာ္ႏိုင္သည့္ ေက်းရြာမ်ားကို ၿမိဳ႕နယ္အဆင့္ေရြးခ်ယ္ၿပီးျဖစ္သျဖင့္ ခရိုင္အဆင့္ ဆက္လက္ ေရြးခ်ယ္ႏိုင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ျမစိမ္းေရာင္ေက်းရြာဆုအား ပထမဆု အျဖစ္  ေကာ္မလိတ္ေက်းရြာ၊ ဒုတိယဆုအျဖစ္ မာလိပါေကာ္ေက်းရြာ၊ တတိယဆုအျဖစ္  ေဟြယုန္းေက်းရြာႏွင့္ ေ၀ွေလကန္ေက်းရြာ၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ပထမဆုအျဖစ္ နမ္းယြန္းေက်းရြာ၊ ဒုတိယဆုအျဖစ္ နားမြန္းေက်းရြာႏွင့္ နားလီးေက်းရြာ၊ တတိယဆုအျဖစ္  ဆြပ္ပေလာင္ေက်းရြာ၊ မိုင္းေယာင္းၿမိဳ႕နယ္တြင္ ပထမဆု အျဖစ္ ၀မ္ေကာ့ရန္ေက်းရြာ၊ ဒုတိယဆုအျဖစ္  ၀မ္တီြေက်းရြာ၊ တတိယဆု အျဖစ္ ၀မ္ယင္းေက်းရြာတို႔   ရရိွခဲ့ေၾကာင္း သိရသည္။

“ခရိုင္အဆင့္မွာ ထပ္ေရြးမယ္။ အဲဒီကတစ္ဆင့္ ျပည္နယ္အဆင့္ ၿပီးေတာ့ ျပည္ေထာင္စုအဆင့္ေပါ့။ ဆုရတဲ့ေက်းရြာေတြကို ေနျပည္ေတာ္မွာ ၂ လပိုင္းမွာ လုပ္မယ့္ ျပည္ေထာင္စုအဆင့္ ျမစိမ္းေရာင္ သံုးသပ္ပြဲရိွပါတယ္။ ဖိတ္ေခၚသြားမွာပါ”ဟု တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးသန္းလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇန္န၀ါရီလ ၃၀ ရက္ေန႔တြင္ ေျပာသည္။

ျမစိမ္းေရာင္ေက်းရြာဆုမ်ားကို ေက်းရြာေကာ္မတီမ်ား၏ လုပ္ေဆာင္ခ်က္မ်ား (ခြင့္ျပဳေငြသိန္း ၃၀၀ ထဲမွ ေကာ္မတီမ်ားကို ရံုးပိုင္းဆိုင္ရာကိစၥရပ္မ်ား အတြက္ ၂ ရာခိုင္ႏႈန္းသံုးခြင့္ေပးသျဖင့္ ေငြက်ပ္ ၆ သိန္း သံုးစြဲခြင့္ရိွရာတြင္ ေကာ္မတီမွ ၆ သိန္းကိုမသံုးစြဲပဲ အကုန္ ျပန္ေခ်းေပးျခင္းကို ေကာ္မတီ၏ တက္ၾကြမႈအျဖစ္ သက္မွတ္အမွတ္ေပးျခင္း)ႏွင့္ ေကာ္မတီမွ ဌာနႏွင့္ခ်ိတ္ဆက္ ေဆာင္ရြက္မႈ(ေက်းရြာေကာ္မတီအခ်ိဳ႕မွာ ေငြထုတ္ေခ်း ခ်ိန္တြင္ လူစံုေသာ္လည္း ေခ်းေငြျပန္ဆပ္ရမည့္အခ်ိန္ႏွင့္ အခ်က္အလက္ ေတာင္းခံရာတြင္ ဆက္သြယ္မရျခင္းတို႔ေၾကာင့္ ဆက္သြယ္ေရး ေကာင္မြန္သည့္ ေကာ္မတီမ်ားကို အမွတ္ေပးျခင္း) စသည့္ အေျခခံအခ်က္ ၁၀ ခ်က္သက္မွတ္ထားၿပီး ေရြးခ်ယ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ျမစိမ္းေရာင္ေက်းရြာဆုမ်ားကို ေက်းရြာေကာ္မတီမ်ား၏ လုပ္ေဆာင္ခ်က္မ်ား ႏွင့္ ေကာ္မတီမွ ဌာနႏွင့္ ခ်ိတ္ဆက္ ေဆာင္ရြက္မႈ စသည့္ အေျခခံ အခ်က္ (၁၀)ခ်က္သက္မွတ္ထားၿပီး ေရြးခ်ယ္ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေကာ္မတီေတြမွာ စိုးရိမ္စိတ္ရိွတယ္။ ဆင္းရဲတဲ့သူေခ်းလို႔ရိွရင္ ျပန္ရပါ့မလား။ ေကာ္မတီေတြက ဆင္းရဲတဲ့သူ မေခ်းခ်င္ဘူး။ ကၽြန္ေတာ္တို႔ စီမံကိန္းရဲ႕မူ၀ါဒက လြယ္လြယ္ေျပာရင္ ဆင္းရဲတဲ့သူကို ပိုၿပီးေတာ့မွ ေခ်းေစခ်င္တာ။ သူတို႔ ေငြထုတ္ေခ်းတဲ့ ဟာကို စိစစ္တယ္။ ဆင္းရဲတဲ့သူနဲ႔ အလယ္အလတ္ တန္းစားသူေတြကို ဘယ္သူေတြကို ပိုၿပီးေငြထုတ္ေခ်းလဲ။ ဆင္းရဲတဲ့မိသားစု မ်ားမ်ားထုတ္ေခ်းေပးႏိုင္ရင္ အမွတ္ပိုေပးတယ္ေပါ့”ဟု တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးသန္းလြင္ ေျပာသည္။

၂၀၁၈-၁၉ ဘ႑ာေရးႏွစ္ ျမစိမ္းေရာင္ေက်းရြာစီမံကိန္း ၿမိဳ႕နယ္အဆင့္ သံုးသပ္ေဆြးေႏြးပြဲႏွင့္ ဆုခ်ီးျမႇင့္ ေပးအပ္ပြဲကို ဇန္န၀ါရီလ (၂၉)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳၚေရး ဦးစီးဌာနရံုးတြင္ က်င္းပျပဳလုပ္ရာ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၊ တာခ်ီလိတ္ခရိုင္ ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရး ဦးစီးဌာန ခရိုင္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးသန္းလြင္ ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာများမှ စီမံကိန်း တိကျစွာ အကောင်အထည်ဖော်နိုင်သည့် ကျေးရွာများကို မြို့နယ်အဆင့်ရွေးချယ်ပြီးဖြစ်သဖြင့် ခရိုင်အဆင့် ဆက်လက် ရွေးချယ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာဆုအား ပထမဆု အဖြစ် ကော်မလိတ်ကျေးရွာ၊ ဒုတိယဆုအဖြစ် မာလိပါကော်ကျေးရွာ၊ တတိယဆုအဖြစ် ဟွေယုန်းကျေးရွာနှင့် ဝှေလေကန်ကျေးရွာ၊ မိုင်းဖြတ်မြို့နယ်တွင် ပထမဆုအဖြစ် နမ်းယွန်းကျေးရွာ၊ ဒုတိယဆုအဖြစ် နားမွန်းကျေးရွာနှင့် နားလီးကျေးရွာ၊ တတိယဆုအဖြစ် ဆွပ်ပလောင်ကျေးရွာ၊ မိုင်းယောင်းမြို့နယ်တွင် ပထမဆု အဖြစ် ဝမ်ကော့ရန်ကျေးရွာ၊ ဒုတိယဆုအဖြစ် ဝမ်တွီကျေးရွာ၊ တတိယဆု အဖြစ် ဝမ်ယင်းကျေးရွာတို့ ရရှိခဲ့ကြောင်း သိရသည်။

“ခရိုင်အဆင့်မှာ ထပ်ရွေးမယ်။ အဲဒီကတစ်ဆင့် ပြည်နယ်အဆင့် ပြီးတော့ ပြည်ထောင်စုအဆင့်ပေါ့။ ဆုရတဲ့ကျေးရွာတွေကို နပြေည်တော်မှာ ၂ လပိုင်းမှာ လုပ်မယ့် ပြည်ထောင်စုအဆင့် မြစိမ်းရောင် သုံးသပ်ပွဲရှိပါတယ်။ ဖိတ်ခေါ်သွားမှာပါ”ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြောသည်။

မြစိမ်းရောင်ကျေးရွာဆုများကို ကျေးရွာကော်မတီများ၏ လုပ်ဆောင်ချက်များ (ခွင့်ပြုငွေသိန်း ၃၀၀ ထဲမှ ကော်မတီများကို ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ အတွက် ၂ ရာခိုင်နှုန်းသုံးခွင့်ပေးသဖြင့် ငွေကျပ် ၆ သိန်း သုံးစွဲခွင့်ရှိရာတွင် ကော်မတီမှ ၆ သိန်းကိုမသုံးစွဲပဲ အကုန် ပြန်ချေးပေးခြင်းကို ကော်မတီ၏ တက်ကြွမှုအဖြစ် သက်မှတ်အမှတ်ပေးခြင်း)နှင့် ကော်မတီမှ ဌာနနှင့်ချိတ်ဆက် ဆောင်ရွက်မှု(ကျေးရွာကော်မတီအချို့မှာ ငွေထုတ်ချေး ချိန်တွင် လူစုံသော်လည်း ချေးငွပြေန်ဆပ်ရမည့်အချိန်နှင့် အချက်အလက် တောင်းခံရာတွင် ဆက်သွယ်မရခြင်းတို့ကြောင့် ဆက်သွယ်ရေး ကောင်မွန်သည့် ကော်မတီများကို အမှတ်ပေးခြင်း) စသည့် အခြေခံအချက် ၁၀ ချက်သက်မှတ်ထားပြီး ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြစိမ်းရောင်ကျေးရွာဆုများကို ကျေးရွာကော်မတီများ၏ လုပ်ဆောင်ချက်များ နှင့် ကော်မတီမှ ဌာနနှင့် ချိတ်ဆက် ဆောင်ရွက်မှု စသည့် အခြေခံ အချက် (၁၀)ချက်သက်မှတ်ထားပြီး ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကော်မတီတွေမှာ စိုးရိမ်စိတ်ရှိတယ်။ ဆင်းရဲတဲ့သူချေးလို့ရှိရင် ပြန်ရပါ့မလား။ ကော်မတီတွေက ဆင်းရဲတဲ့သူ မချေးချင်ဘူး။ ကျွန်တော်တို့ စီမံကိန်းရဲ့မူဝါဒက လွယ်လွယ်ပြောရင် ဆင်းရဲတဲ့သူကို ပိုပြီးတော့မှ ချေးစေချင်တာ။ သူတို့ ငွေထုတ်ချေးတဲ့ ဟာကို စိစစ်တယ်။ ဆင်းရဲတဲ့သူနဲ့ အလယ်အလတ် တန်းစားသူတွေကို ဘယ်သူတွေကို ပိုပြီးငွေထုတ်ချေးလဲ။ ဆင်းရဲတဲ့မိသားစု များများထုတ်ချေးပေးနိုင်ရင် အမှတ်ပိုပေးတယ်ပေါ့”ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင် ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့် ပေးအပ်ပွဲကို ဇန်နဝါရီလ (၂၉)ရက်နေ့က တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြာို်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~