ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၂)ဦးကို တာခ်ီလိတ္သို႔ ပို႔ေဆာင္လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၂)ဦးကို တာခ်ီလိတ္သို႔ ပို႔ေဆာင္လႊဲေျပာင္းလာ
ဇန်နဝါရီ 24, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရၿပီး ထိုင္းႏိုင္ငံဥပေဒျဖင့္ အေရးယူၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္လည္ပို႔ေဆာင္ေပးလာရာ  ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၂၄)ရက္ေန႔တြင္ အမ်ဳိးသား(၁၀)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး စုစုေပါင္း (၁၂)ဦး ပါ၀င္ေၾကာင္း သိရသည္။

ဇန္န၀ါရီလ(၂၄)ရက္ေန႔ ေန႔လည္(၂)နာရီေက်ာ္က ထိုင္းႏုိင္ငံ မယ္ဆိုင္ လ၀က အရာရွိ Adul Promnk ႏွင့္ တာ၀န္ရွိသူမ်ားက ၎တို႔အား တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားသို႔ လာေရာက္ ပို႔ေဆာင္လႊဲေျပာင္းရာ   ျမန္မာဘက္မွ   ဒုလ၀ကမွဴး ဦးခိုင္စိုးလင္း ႏွင့္  ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီ ေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ၂၀၁၉ခုႏွစ္၏ (၂၄)ရက္တာ ကာလအတြင္း ယခုလို လာေရာက္လႊဲေျပာင္းေပးလာရာတြင္ အမ်ဳိးသား (၉၀)ဦး၊ အမ်ဳိးသမီး (၄၆)ဦး အပါအ၀င္ ကေလးငယ္ (၄)ဦး စုစုေပါင္း (၁၄၀)ဦး တိတိ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ ယခုလို လာေရာက္ပို႔ေဆာင္ လႊဲေျပာင္းလာမႈမ်ားတြင္ တစ္ခါတစ္ရံ၌ ျမန္မာႏုိင္ငံသားမဟုတ္သည့္ အျခားႏိုင္ငံသားမ်ားလည္း ပါ၀င္လာတတ္သည့္အတြက္ ျမန္မာဘက္မွ စိစစ္လက္ခံေလ့ရွိေၾကာင္းႏွင့္ အျခားႏုိင္ငံသားမ်ား ပါ၀င္လာပါ ထိုင္းႏုိင္ငံသို႔ ျပန္လည္ အပ္ႏွံမႈမ်ား ရွိခဲ့ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံဥပဒဖြေင့် အရေးယူပြီးနောက် တာချီလိတ်သို့ ပြန်လည်ပို့ဆောင်ပေးလာရာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၁၂)ဦး ပါဝင်ကြောင်း သိရသည်။

ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည်(၂)နာရီကျော်က ထိုင်းနိုင်ငံ မယ်ဆိုင် လဝက အရာရှိ Adul Promnk နှင့် တာဝန်ရှိသူများက၎င်းတို့အား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားသို့ လာရောက် ပို့ဆောင်လွှဲပြောင်းရာ မြန်မာဘက်မှ ဒုလဝကမှူး ဦးခိုင်စိုးလင်း နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ၂၀၁၉ခုနှစ်၏ (၂၄)ရက်တာ ကာလအတွင်း ယခုလို လာရောက်လွှဲပြောင်းပေးလာရာတွင် အမျိုးသား (၉၀)ဦး၊ အမျိုးသမီး (၄၆)ဦး အပါအဝင် ကလေးငယ် (၄)ဦး စုစုပေါင်း (၁၄၀)ဦး တိတိ ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ယခုလို လာရောက်ပို့ဆောင် လွှဲပြောင်းလာမှုများတွင် တစ်ခါတစ်ရံ၌ မြန်မာနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံသားများလည်း ပါဝင်လာတတ်သည့်အတွက် မြန်မာဘက်မှ စိစစ်လက်ခံလေ့ရှိကြောင်းနှင့် အခြားနိုင်ငံသားများ ပါဝင်လာပါ ထိုင်းနိုင်ငံသို့ ပြန်လည် အပ်နှံမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~