ထုိင္းႏုိင္ငံ ႀကံခင္းအတြင္း (၉)ၾကာ ရွာေဖြခဲ့ရသည့္ ျမန္မာကေလးငယ္ ေသဆံုးရျခင္း အေၾကာင္းရင္း စစ္ေဆးေန

ထုိင္းႏုိင္ငံ ႀကံခင္းအတြင္း (၉)ၾကာ ရွာေဖြခဲ့ရသည့္ ျမန္မာကေလးငယ္ ေသဆံုးရျခင္း အေၾကာင္းရင္း စစ္ေဆးေန
ဒီဇင်ဘာ 25, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံ၊ စူဖန္ဘူရီခရိုင္၊ အူေထာင္းၿမိဳ႕နယ္ရိွ ႀကံစိုက္ခင္းအတြင္း ေပ်ာက္ဆံုးသြားၿပီး (၉)ရက္ေျမာက္ေန႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၅)ရက္ေန႔ ညေန(၄)နာရီခြဲအခ်ိန္တြင္ ရွာေဖြေတြ႔ရိွရသည့္ အသက္(၂)ႏွစ္အရြယ္ ျမန္မာကေလးငယ္ ေသဆံုးရသည့္ အေၾကာင္းရင္းကို စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

ကေလးငယ္ေပ်ာက္ဆံုးသြားသည့္ေနရာမွ (၅)ကီလိုမီတာ ( ၃ မုိင္ေက်ာ္)အကြာရိွ ႀကံခင္းအတြင္း ေသဆံုးေနသည္ကို ရွာေဖြေတြ႔ရၿပီး ကေလးငယ္မွာ အစာေရစာ ျပတ္လပ္အားအင္ခ်ိနဲ႔ေသဆံုးသည္ဟု ကနဦး ယူဆထားၾကျခင္းျဖစ္ၿပီး အေလာင္းကို ခြဲစိတ္စစ္ေဆးေနေၾကာင္း သိရသည္။

စူဖန္ဘူရီခရိုင္အုပ္ခ်ဳပ္ေရးမွဴးက အင္အား (၇၀၀)ခန္႔ျဖင့္ ေျပာင္းခင္းအတြင္း ပိုက္စိပ္တိုက္ရွာေဖြရန္  ညႊန္ၾကားခဲ့ၿပီးေနာက္ ကေလးငယ္၏ အေလာင္းအား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ(၁၇)ရက္ေန႔က ျမန္မာေရႊ႕ေျပာင္းလုပ္သားမိဘမ်ား အလုပ္ လုပ္ကိုင္ေနသည့္ ႀကံစိုက္ခင္းမ်ား အနီးတြင္ ေမာင္စိုးလြင္ၿဖိဳးသည္ အသက္(၃)ႏွစ္အရြယ္ သူငယ္ခ်င္းျဖစ္သူႏွင့္အတူ ရိွေနရာမွ ေပ်ာက္ဆံုးခဲ့ သျဖင့္ ထုိင္းရဲတပ္ဖြဲ႕၊ စစ္တပ္ႏွင့္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားျဖင့္ ရွာေဖြခဲ့ၾကျခင္းျဖစ္သည္။

ႀကံစိုက္ခင္းဧရိယာအတြင္း ကေလးငယ္ေပ်ာက္ဆံုးသြားေၾကာင္းသိရၿပီးေနာက္ ရဲတပ္ဖြဲ႕၊ ကယ္ဆယ္ေရးအဖြဲ႕၊ စစ္တပ္မွ ရာႏွင့္ခ်ီသည့္ အင္အားကို အသံုးျပဳကာ ေျမျပင္ရွာေဖြမႈျပဳလုပ္ျခင္း၊ အနံ႔ခံေခြးမ်ား၊ ဆင္မ်ားျဖင့္ ရွာေဖြျခင္း၊ ရဟတ္ယာဥ္ျဖင့္ ရွာေဖြျခင္း၊ Drone မ်ားျဖင့္ ရွာေဖြျခင္းအျပင္ အနီးဝန္းက်င္ရိွ ေရကန္မ်ားတြင္ ေရငုပ္အဖြဲ႕မ်ားျဖင့္ ရွာေဖြျခင္းမ်ား လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင်၊ အူထောင်းမြို့နယ်ရှိ ကြံစိုက်ခင်းအတွင်း ပျောက်ဆုံးသွားပြီး (၉)ရက်မြောက်နေ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်တွင် ရှာဖွေတွေ့ရှိရသည့် အသက်(၂)နှစ်အရွယ် မြန်မာကလေးငယ် သေဆုံးရသည့် အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ကလေးငယ်ပျောက်ဆုံးသွားသည့်နေရာမှ (၅)ကီလိုမီတာ ( ၃ မိုင်ကျော်)အကွာရှိ ကြံခင်းအတွင်း သေဆုံးနေသည်ကို ရှာဖွေတွေ့ရပြီး ကလေးငယ်မှာ အစာရေစာ ပြတ်လပ်အားအင်ချိနဲ့သေဆုံးသည်ဟု ကနဦး ယူဆထားကြခြင်းဖြစ်ပြီး အလောင်းကို ခွဲစိတ်စစ်ဆေးနေကြောင်း သိရသည်။

စူဖန်ဘူရီခရိုင်အုပ်ချုပ်ရေးမှူးက အင်အား (၇၀၀)ခန့်ဖြင့် ပြောင်းခင်းအတွင်း ပိုက်စိပ်တိုက်ရှာဖွေရန် ညွှန်ကြားခဲ့ပြီးနောက် ကလေးငယ်၏ အလောင်းအား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ(၁၇)ရက်နေ့က မြန်မာရွှေ့ပြောင်းလုပ်သားမိဘများ အလုပ် လုပ်ကိုင်နေသည့် ကြံစိုက်ခင်းများ အနီးတွင် မောင်စိုးလွင်ဖြိုးသည် အသက်(၃)နှစ်အရွယ် သူငယ်ချင်းဖြစ်သူနှင့်အတူ ရှိနေရာမှ ပျောက်ဆုံးခဲ့ သဖြင့် ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ကြံစိုက်ခင်းဧရိယာအတွင်း ကလေးငယ်ပျောက်ဆုံးသွားကြောင်းသိရပြီးနောက် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ စစ်တပ်မှ ရာနှင့်ချီသည့် အင်အားကို အသုံးပြုကာ မြပြေင်ရှာဖွေမှုပြုလုပ်ခြင်း၊ အနံ့ခံခွေးများ၊ ဆင်များဖြင့် ရှာဖွခြေင်း၊ ရဟတ်ယာဉ်ဖြင့် ရှာဖွခြေင်း၊ Drone များဖြင့် ရှာဖွခြေင်းအပြင် အနီးဝန်းကျင်ရှိ ရေကန်များတွင် ရေငုပ်အဖွဲ့များဖြင့် ရှာဖွခြေင်းများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~