“၂၀၁၈ -၁၉ ဘ႑ာႏွစ္မွစ၍ ေျမြကိုက္ခံရတဲ့လူနာမ်ားကို အခ်ိန္မီကယ္တင္ႏုိင္ေရးအတြက္ ေျမြဆိပ္ေျဖေဆး ေအးခဲေျခာက္မ်ားကို ထုတ္လုပ္သြားမွာျဖစ္ပါတယ္။ အဲဒီေဆးေတြဟာ သာမန္အခန္းအပူခ်ိန္မွာ ထားရိွႏိုင္တဲ့အတြက္ ေျမြကိုက္ခံရမႈျမင့္မားတဲ့ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးမ်ားရိွ ေက်းလက္ေဆးေပးခန္းမ်ားမွာ အလြယ္တကူထားရိွေပးေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက စီမံေဆာင္ရြက္ထားၿပီးျဖစ္ပါတယ္”ဟု စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳက ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားသည္။
ေျမြကိုက္ခံရမႈအမ်ားဆံုးေဒသမ်ားမွာ ပဲခူးတုိင္းေဒသႀကီး၊ စစ္ကိုင္းတုိင္းေဒသႀကီး၊ မေကြးတုိင္းေဒသႀကီး၊ ဧရာဝတီတုိင္းေဒသႀကီး၊ မႏၱေလးတုိင္းေဒသႀကီး၊ ရန္ကုန္တုိင္းေဒသႀကီးတို႔ျဖစ္ၿပီး တစ္ႏုိင္ငံလံုးအေနျဖင့္ ၂၀၁၃ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္အတြင္း ေျမြကိုက္ခံရသူ (၇၆၈၁၂) ဦးရိွသည့္အနက္ (၇၄၀၈၉)ဦးကို ကုသေပးႏုိင္ခဲ့ၿပီး (၂၇၂၃)ဦး ေသဆံုးခဲ့ရာ ေသဆံုးသူ (၄)ရာခုိင္ႏႈန္းရိွခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။
ေျမြကိုက္ခံရမႈျဖစ္စဥ္၏ (၉၀)ရာခိုင္ႏႈန္းမွာ ေျမြေပြးကိုက္ခံရမႈျဖစ္ၿပီး (၆)ရာခုိင္ႏႈန္းမွာ ေျမြေဟာက္ကိုက္ခံရမႈႏွင့္ က်န္ (၄)ရာခုိင္ႏႈန္းမွာ အျခားေျမြအမ်ိဳးအစားအကိုက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
အင္းစိန္ရိွ ေဆးဝါးစက္ရံုက ေျမြေပြးအဆိပ္ေျဖေဆး (၉၀)ရာခုိင္ႏႈန္း၊ ေျမြေဟာက္အဆိပ္ေျဖေဆး (၁၀)ရာခုိင္ႏႈန္းထုတ္လုပ္ေနသည့္အျပင္ ေျမြေပြးႏွင့္ေျမြေဟာက္အဆိပ္ႏွစ္မ်ိဳးလံုးအတြက္ေျဖေဆးကိုလည္း ထုတ္လုပ္ေနၿပီး ယခင္က ေျမြဆိပ္ေျဖေဆးအရည္ကို ထုတ္လုပ္ေနရာမွ သာမန္အခန္းအပူခ်ိန္တြင္ သိုေလွာင္ႏုိင္သည့္ ေအးခဲေျမြဆိပ္ေျဖေဆးကိုလည္း ထုတ္လုပ္လာျခင္းျဖစ္သည္။
ေျမြဆိပ္ေျဖေဆးမ်ားကို စက္မႈဝန္ႀကီးဌာနမွ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ တုိက္ရိုက္ေရာင္းခ်ေပးလွ်က္ရိွၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေဆးရံုမ်ားသို႔ ျဖန္႔ျဖဴးေပးကာ အခမဲ့ထိုးႏွံေပးေနျခင္းျဖစ္ၿပီး ေဆးဝါးစက္ရံု(အင္းစိန္)တြင္လည္း မည္သူမဆို ဝယ္ယူႏုိင္ေၾကာင္း သိရသည္။
BPI မွ ထုတ္လုပ္ႏိုင္သည့္ ေျမြဆိပ္ေျဖေဆးမ်ားႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၇) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ လႈိင္းဘြဲ႔မဲဆႏၵနယ္မွ ဦးခင္ခ်ိဳက ေမးျမန္းမႈကို စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ဳိက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
Tachileik News Agency
***********
မြွေဆိပ်ဖြေဆေးများကို ကျေးလက်ကျန်းမာရေးဆေးပေးခန်းများတွင် ထားရှိပေးနိုင်ရန်အတွက် သာမန်အခန်း အပူချိန်တွင်သိုလှောင်ထားနိုင်သည့် အေးခဲခြောက်မြွေဆိပ်ဖြေဆေး (၁၃၀၀၀၀)ကို ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် အတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“၂၀၁၈ -၁၉ ဘဏ္ဍာနှစ်မှစ၍ မြွေကိုက်ခံရတဲ့လူနာများကို အချိန်မီကယ်တင်နိုင်ရေးအတွက် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီဆေးတွေဟာ သာမန်အခန်းအပူချိန်မှာ ထားရှိနိုင်တဲ့အတွက် မြွေကိုက်ခံရမှုမြင့်မားတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကျေးလက်ဆေးပေးခန်းများမှာ အလွယ်တကူထားရှိပေးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်”ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
မြွေကိုက်ခံရမှုအများဆုံးဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြွေကိုက်ခံရသူ (၇၆၈၁၂) ဦးရှိသည့်အနက် (၇၄၀၈၉)ဦးကို ကုသပေးနိုင်ခဲ့ပြီး (၂၇၂၃)ဦး သေဆုံးခဲ့ရာ သေဆုံးသူ (၄)ရာခိုင်နှုန်းရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြွေကိုက်ခံရမှုဖြစ်စဉ်၏ (၉၀)ရာခိုင်နှုန်းမှာ မြွေပွေးကိုက်ခံရမှုဖြစ်ပြီး (၆)ရာခိုင်နှုန်းမှာ မြွေဟောက်ကိုက်ခံရမှုနှင့် ကျန် (၄)ရာခိုင်နှုန်းမှာ အခြားမြွေအမျိုးအစားအကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
အင်းစိန်ရှိ ဆေးဝါးစက်ရုံက မြွေပွေးအဆိပ်ဖြေဆေး (၉၀)ရာခိုင်နှုန်း၊ မြွေဟောက်အဆိပ်ဖြေဆေး (၁၀)ရာခိုင်နှုန်းထုတ်လုပ်နေသည့်အပြင် မြွေပွေးနှင့်မြွေဟောက်အဆိပ်နှစ်မျိုးလုံးအတွက်ဖြေဆေးကိုလည်း ထုတ်လုပ်နေပြီး ယခင်က မြွေဆိပ်ဖြေဆေးအရည်ကို ထုတ်လုပ်နေရာမှ သာမန်အခန်းအပူချိန်တွင် သိုလှောင်နိုင်သည့် အေးခဲမြွေဆိပ်ဖြေဆေးကိုလည်း ထုတ်လုပ်လာခြင်းဖြစ်သည်။
မြွေဆိပ်ဖြေဆေးများကို စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တိုက်ရိုက်ရောင်းချပေးလျှက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးရုံများသို့ ဖြန့်ဖြူးပေးကာ အခမဲ့ထိုးနှံပေးနေခြင်းဖြစ်ပြီး ဆေးဝါးစက်ရုံ(အင်းစိန်)တွင်လည်း မည်သူမဆို ဝယ်ယူနိုင်ကြောင်း သိရသည်။
BPI မှ ထုတ်လုပ်နိုင်သည့် မြွေဆိပ်ဖြေဆေးများနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက မေးမြန်းမှုကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency