တာချီလိတ် - မယ်ဆိုင် (၉၄)ကြိမ်မြောက် မြို့နယ်အဆင့် TBC အစည်းအဝေးသို့ ထိုင်းဘက်မှ (၅၆)ဦး နှင့် မြန်မာဘက်မှ (၂၅)ဦး တက်ရောက်

တာချီလိတ် - မယ်ဆိုင် (၉၄)ကြိမ်မြောက် မြို့နယ်အဆင့် TBC အစည်းအဝေးသို့ ထိုင်းဘက်မှ (၅၆)ဦး နှင့် မြန်မာဘက်မှ (၂၅)ဦး တက်ရောက်
ဒီဇငျဘာ 19, 2018
By Tachileik News Agency

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့်  တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ (၉၄)ကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးသို့ မြန်မာဘက်မှ မြို့နယ်အဆင့် TBC ဥက္ကဌ အမှတ်(၁၃၃)ခြေလျင်တပ်ရင်း၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အောင်လင်းဦး အပါအ၀င် (၅)ဦးနှင့် တက်ရောက်လေ့လာသူအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် အပါအ၀င် (၂၀)ဦး စုစုပေါင်း မြန်မာဘက်မှ (၂၅)ဦး နှင့် ထိုင်းဘက် TBC ဥက္ကဌ  အမှတ်(၂)လှုပ်ရှား၊ ယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ချားထရီးစငွန်ထမ်း အပါအ၀င် တပ်ဖက်ဆိုင်ရာအရာရှိများ၊ ချင်းရိုင်းခရိုင် နှင့် မယ်ဆိုင်မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ စုစုပေါင်း (၅၆)ဦး တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးအား အလှည့်ကျစနစ်ဖြင့် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် ကျင်းပလေ့ရှိရာ ပြီးခဲ့သည့် (၉၃)ကြိမ်မြောက် အစည်းအဝေးအား တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ)ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ (၉၄)ကြိမ်မြောက် အစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် အဓိက အားဖြင့် မြန်မာ - ထိုင်း နယ်နိမိတ်မျဉ်းအကြားရှိ "ဝ"တပ်ဖွဲ့စခန်းများကိစ္စ၊ လွယ်လန်းဒေသကိစ္စ၊ နှစ်နိုင်ငံပူးပေါင်းကာ မူးယစ်ဆေးဝါးနှိမ်နင်ရေးကိစ္စ၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁) တံတားနှင့် ပတ်သက်၍ ကုန်သွယ်ရေးကိစ္စရပ်များ အပါအဝင် နယ်စပ်အကြား သဘာဝဘေး အန္တရာယ် ကိစ္စများ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးသို့ မြန်မာဘက်မှ မြို့နယ်အဆင့် TBC ဥက္ကဌ အမှတ်(၁၃၃)ခြေလျင်တပ်ရင်း၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အောင်လင်းဦး အပါအဝင် (၅)ဦးနှင့် တက်ရောက်လေ့လာသူအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် အပါအဝင် (၂၀)ဦး စုစုပေါင်း မြန်မာဘက်မှ (၂၅)ဦး နှင့် ထိုင်းဘက် TBC ဥက္ကဌ အမှတ်(၂)လှုပ်ရှား၊ ယန္တရားတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ချားထရီးစငွန်ထမ်း အပါအဝင် တပ်ဖက်ဆိုင်ရာအရာရှိများ၊ ချင်းရိုင်းခရိုင် နှင့် မယ်ဆိုင်မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ စုစုပေါင်း (၅၆)ဦး တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအေဝးအား အလှည့်ကျစနစ်ဖြင့် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် ကျင်းပလေ့ရှိရာ ပြီးခဲ့သည့် (၉၃)ကြိမ်မြောက် အစည်းအေဝးအား တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ)ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
Photo: สิทธิมาศ นพค นนทไชย

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~