ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ်တစ်လျှောက်တွင် နှစ်စဉ် ဆောင်ရွက် နေသည့် နှစ်နယ်မြေ မီးတားလမ်းဖွံ့ဖြိုးရေး စီမံချက်ကို မြန်မာ - ထိုင်းနှစ်နိုင်ငံပူးပေါင်းကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ကျင်းပသည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြား ကော်မတီ (TBC)၏ (၉၄)ကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းဘက်က ဦးစွာ ထည့်တွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ တာချီလိတ်ဘက်အနေဖြင့် ၂၀၁၉ခုနှစ် ဇန်န၀ါရီလတွင် ပြန်လည် စတင်မည့် တောမီး အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲထားရှိပြီဖြစ်ကြောင်းနှင့် စီမံချက်ပါအတိုင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ အစည်းဝေး၏ ဆွေးနွေးချက်များအရ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးဖုံးလွှမ်းမှု ထူထပ်စွာ ဖြစ်ပေါ်လေ့ရှိသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများနှင့် နယ်နမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံများဖြင့် ပူးပေါင်းပြီး မီးခိုးမြူဖုံးလွှမ်းမှု လျှော့ချရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency
အဆိုပါ ကိစ္စရပ်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ကျင်းပသည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြား ကော်မတီ (TBC)၏ (၉၄)ကြိမ်မြောက် အစည်းအေဝးတွင် ထိုင်းဘက်က ဦးစွာ ထည့်တွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ တာချီလိတ်ဘက်အနဖြေင့် ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် ပြန်လည် စတင်မည့် တောမီး အန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေး လုပ်ငန်းများ ပူးပေါင်းနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲထားရှိပြီဖြစ်ကြောင်းနှင့် စီမံချက်ပါအတိုင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ အစည်းေဝး၏ ဆွေးနွေးချက်များအရ သိရသည်။
နှစ်နယ်မြေ မီးတားလမ်းဖွံ့ဖြိုးရေးစီမံချက်မှာ မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက် မီးတားလမ်းသတ်မှတ်ပြီး နှစ်နိုင်ငံ ပူးပေါင်းကာ ရှင်းလင်းမှုများအား ၂၀၁၇ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
တာချီလိတ် - မယ်ဆိုင် နယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်ကြသည့် နှစ်နိုင်ငံဒေသခံများက တောင်ယာ လုပ်ကိုင်ကြသည့် ဓလေ့ကြောင့် တောမီးရှို့မှုများ လုပ်ဆောင်ကြရာ ဒေသတွင်း မီးခိုးမြူများ ဖုံးလွှမ်းခြင်းနှင့် တောမီးကူးစက်လောင်ကျွမ်းခြင်းများ ဖြစ်ပွားလေ့ရှိသဖြင့် နှစ်နိုင်ငံကြား မီးတားလမ်း ဖော်ဆောင်ခြင်း၊ ဒေသခံများအား တောင်ယာမီးရှို့ခြင်း မပြုလုပ်စေရန် အသိပညာပေးခြင်းများကို လုပ်ဆောင်ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးဖုံးလွှမ်းမှု ထူထပ်စွာ ဖြစ်ပေါ်လေ့ရှိသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများနှင့် နယ်နမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံများဖြင့် ပူးပေါင်းပြီး မီးခိုးမြူဖုံးလွှမ်းမှု လျှော့ချရန် ဆောင်ရွက်နခြေင်းဖြစ်သည်။
Tachileik News Agency