မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်မှ စတင်၍ စမ်းသပ်တင်ပို့နေပြီး လာမည့်ဘဏ္ဍာနှစ်တွင် ထပ်တိုးတင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေး အလုံးရေ (၁)သိန်းထုတ်လုပ်နေပြီး မြွေဆိပ်ဖြေဆေးအလုံးရေ (၂)သိန်းမှ (၃)သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားရာ ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံသည့် မြွေဆိပ်ဖြေဆေးများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
“၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများသို့ မြွေဆိပ်ဖြေဆေးအလုံး (၅၀၀) စမ်းသပ်တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ မြွေဆိပ်ဖြေဆေးအလုံး (၅,ဝဝဝ)ခန့်ကို ထပ်မံတင်ပို့နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါတယ်”ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေး အလုံးရေ (၁)သိန်းထုတ်လုပ်နပြေီး မြွေဆိပ်ဖြေဆေးအလုံးရေ (၂)သိန်းမှ (၃)သိန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထားရာ ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံသည့် မြွေဆိပ်ဖြေဆေးများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ကြိုးစားနခြေင်းဖြစ်ကြောင်း သိရသည်။
မြွေမှမြွေဆိပ်ထုတ်ပြီး မြင်းသွေးအတွင်းထိုးသွင်းပြီးနောက် မြင်းသွေးရည်မှ ထုတ်လုပ်ရခြင်းဖြစ်ရာ
ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ၂၀၁၆ ခုနှစ်မတိုင်မီကာလအထိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန် နည်းပညာ လုံလောက်မှုမရှိခြင်း၊ မြွေဆိပ်ဖြေဆေးထုတ်ရန် မြင်းများကို ပြည်တွင်း၌ လုံလောက်အောင် ဝယ်ယူရရှိမှု မရှိခြင်း၊ မြွေဆိပ်ဒဏ်ကြောင့် မြင်းသေဆုံးမှု အလွန်မြင့်မားခဲ့ခြင်း၊ ပြည်ပမှမြင်းများ ဝယ်ယူ တင်သွင်းရာတွင်လည်း ပြည်တွင်းမြွေဆိပ်ဒဏ် ခံနိုင်ရည်မရှိခြင်းနှင့် မြေဆိပ်ဖြေဆေး ထုတ်လုပ်သည့် စက်ပစ္စည်းများ ခေတ်မမီတော့ခြင်းများကြောင့် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုမှာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီခြင်းမရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၂-၁၃ သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုကဏ္ဍ၌ အကူအညီများပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ၏ နည်းပညာအကူအညီနှင့် ဘရာဇီးနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများရရှိခဲ့သဖြင့်၂၀၁၆ ခုနှစ်၊ မေလအတွင်း အင်းစိန်ဆေးဝါးစက်ရုံအတွင်း နိုင်ငံတကာအဆင့်မီ မြွေဆိပ်ဖြေဆေးစက်ရုံသစ်ကို WHO GMP guideline များနှင့်အညီ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းလိုအပ်ချက်ထက် ပိုလျှံအောင် ထုတ်လုပ်နိုင်ခဲ့သည့်အပြင် မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုအတွင်း မြင်းသေဆုံးမှုကိုလည်း လျှော့ချနိုင်ခဲ့ရာ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေး နှစ်မှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အထိကာလအတွင်း မြွေဆိပ်ဖြေဆေးအလုံး (၁၇၁,၅၀၀)လုံးခန့် ထုတ်လုပ်မှုအတွက် မြင်းအကောင်ရေ (၁,၅၀၀)ကျော် သေဆုံးခဲ့ရာမှ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် အတွင်း မြွေဆိပ်ဖြေဆေး (၁၁၂,၂၄၄)လုံး ထုတ်လုပ်မှုတွင် မြင်း(၅၇)ကောင်နှင့် ၂၀၁၈ ခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး (၅၃,ဝဝဝ)ထုတ်လုပ်ရာတွင် မြင်း(၄)ကောင်သာ သေဆုံးခဲ့ကြောင်း သိရသည်။
မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာတွင် မြွေအဆိပ်ကို မြင်း၏သွေးအတွင်း ထိုးသွင်းပြီးနောက် မြင်း၏သွေးရည်ကြည်မှတစ်ဆင့် မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency