ငဖဲၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴး ဝင္းေမာင္ဦးစီးအဖြဲ႔၊ တပ္မေတာ္၊ မေကြးမူးယစ္တပ္ဖြဲ႔စု(၁၅) ပဒါန္းလႈပ္ရွားအဖြဲ႔၊ ေျမစာရင္းႏွင့္ အျခားဌာနဆိုင္ရာမ်ားပါဝင္ေသာ ပူးေပါင္းစစ္ေၾကာင္းအဖြဲ႔မ်ားက အုပ္စု(၂)စုခဲြကာ ဒီဇင္ဘာလ (၃) ရက္ေန႔မွ (၉)ရက္ေန႔အတြင္း ဘိန္းခင္း(၁၈) ဧကကို ဖ်က္ဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီမွာက စပါး၊ ေျပာင္း၊ ပဲနဲ႔ ခရမ္းခ်ဥ္သီးေတြ စိုက္ပ်ိဳးျဖစ္ထြန္းေပမဲ့ သယ္ယူပို႔ေဆာင္ေရး မေကာင္းေတာ႔ စားဖို႔ပဲစိုက္ၾကတယ္။ ဗဟုသုတကလည္း မရိွၾကေတာ႔ ဘိန္းစိုက္တာ ေကာင္းတယ္ပဲထင္ၾကတယ္။ အခုလို ႏွစ္စဥ္ စစ္ေၾကာင္းေတြဆင္း၊ ဘိန္းခင္းေတြဖ်က္ဆီးၿပီး ဘိန္းမေကာင္းေၾကာင္း ပညာေပးေဟာေျပာေပးတဲ့အတြက္ ေဒသခံအေတာ္မ်ားမ်ားကေတာ့ ဘိန္းမေကာင္းမွန္း သိလာၾကပါၿပီ''ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးခ်စ္လိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ငဖဲၿမိဳ႕နယ္ေတာင္ဘက္ျခမ္းႏွင့္ ပဘဲေက်းရြာအုပ္စု၊ ေနာင္ေက်းရြာအုပ္စုမ်ားရိွ ေတာေတာင္မ်ားတြင္ စိုက္ပ်ိဳး ထားသည့္ အျမင့္ (၁)လကၼမွ (၈)လကၼခန္႔ရိွ ဘိန္းစိုက္ခင္းမ်ားကို ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေဒသမ်ားတြင္ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာႏွင္႔ ဒီဇင္ဘာလမ်ားတြင္ ဘိန္းစိုက္ပ်ိဳးေလ႔ရိွၿပီး ႏွစ္စဥ္ ဘိန္းခင္းရွာေဖြဖ်က္ဆီးျခင္းႏွင့္ အသိပညာေပးျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း-ဖီးနစ္
ဓာတ္ပံု-ရဲစခန္း
**************
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဌာနဆိုင်ရာများပူပေါင်းအဖွဲ့က ဘိန်းခင်းများ ရှာဖွေဖျက်ဆီးနေရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့အထိ ဘိန်းစိုက်ခင်း(၁၈)ဧကကို ဖျက်ဆီးထားပြီး ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမောင်ဦးစီးအဖွဲ့၊ တပ်မတော်၊ မကွေးမူးယစ်တပ်ဖွဲ့စု(၁၅) ပဒါန်းလှုပ်ရှားအဖွဲ့၊ မြေစာရင်းနှင့် အခြားဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းစစ်ကြောင်းအဖွဲ့များက အုပ်စု(၂)စုခွဲကာ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၉)ရက်နေ့အတွင်း ဘိန်းခင်း(၁၈) ဧကကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာက စပါး၊ ပြောင်း၊ ပဲနဲ့ ခရမ်းချဉ်သီးတွေ စိုက်ပျိုးဖြစ်ထွန်းပေမဲ့ သယ်ယူပို့ဆောင်ရေး မကောင်းတော့ စားဖို့ပဲစိုက်ကြတယ်။ ဗဟုသုတကလည်း မရှိကြတော့ ဘိန်းစိုက်တာ ကောင်းတယ်ပဲထင်ကြတယ်။ အခုလို နှစ်စဉ် စစ်ကြောင်းတွေဆင်း၊ ဘိန်းခင်းတွေဖျက်ဆီးပြီး ဘိန်းမကောင်းကြောင်း ပညာပေးဟောပြောပေးတဲ့အတွက် ဒေသခံအတော်များများကတော့ ဘိန်းမကောင်းမှန်း သိလာကြပါပြီ''ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးချစ်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ငဖဲမြို့နယ်တောင်ဘက်ခြမ်းနှင့် ပဘဲကျေးရွာအုပ်စု၊ နောင်ကျေးရွာအုပ်စုများရှိ တောတောင်များတွင် စိုက်ပျိုး ထားသည့် အမြင့် (၁)လက္မမှ (၈)လက္မခန့်ရှိ ဘိန်းစိုက်ခင်းများကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများတွင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဘိန်းစိုက်ပျိုးလေ့ရှိပြီး နှစ်စဉ် ဘိန်းခင်းရှာဖွေဖျက်ဆီးခြင်းနှင့် အသိပညာပေးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း