တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အကြား နယ်စပ်တစ်လျှောက်တွင် ၂၀၁၈ နောက်ဆုံး(၃)လ ကာလအတွင်း မြန်မာဘက်မှ စိတ်ကြွဆေးပြား (၃)သိန်းခွဲကျော် ဖမ်းဆီးရမိပြီး ထိုင်းဘက်က စိတ်ကြွဆေးပြားပေါင်း သိန်းတစ်ထောင်ကျော် ဖမ်းဆီးရမိထား

တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အကြား နယ်စပ်တစ်လျှောက်တွင် ၂၀၁၈ နောက်ဆုံး(၃)လ ကာလအတွင်း မြန်မာဘက်မှ စိတ်ကြွဆေးပြား (၃)သိန်းခွဲကျော် ဖမ်းဆီးရမိပြီး ထိုင်းဘက်က စိတ်ကြွဆေးပြားပေါင်း သိန်းတစ်ထောင်ကျော် ဖမ်းဆီးရမိထား
ဒီဇငျဘာ 20, 2018
By Tachileik News Agency

မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးစီမံချက်ဖြင့် ၂၀၁၈ခုနှစ် နောက်ဆုံး (၃)လ ကာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွင် တာချီလိတ်ခရိုင်က စိတ်ကြွဆေးပြားပေါင်း (၃)သိန်းခွဲကျော် ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်က စိတ်ကြွဆေးပြားပေါင်း သိန်းတစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း  (၉၄)ကြိမ်မြောက် TBC အစည်းအဝေးတွင် ဆွေးနွေးချက်များအရ သိရသည်။


တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ (၉၄)ကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ပြီး နယ်စပ်ရေးရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးကိစ္စများအား ဆွေးနွေးရာတွင် နှစ်နိုင်ငံ စီမံချက်ဖြင့် ဖမ်းဆီးရမိသည့်  အချက်အလက်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ တာချီလိတ်ခရိုင်အနေဖြင့်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက် Joint Action Plan ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ရာတွင်  အမှုပေါင်း (၄၅)မှုရှိခဲ့ရာမှ တရားခံပေါင်း (၅၇)ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်းနှင့် စိတ်ကြွ ဆေးပြား ပေါင်း ( ၃၆၇,၅၄၁ )ပြား၊ ဘိန်းစိမ်း (၂၂.၄၅)ကီလို၊ ဘိန်းဖြူ (၀.၂)ကီလို၊ ကတ်တမင်း (၀.၆၄၅)ကီလို နှင့် အိုက်စ်(ရေခဲ) (၀.၂၅)ကီလိုတို့ကို ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း နယ်စပ်လမ်းကြောင်းနှင့် နီးစပ်သည့် ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့တွင် စီမံချက် ကာလဖြစ်သည့် အောက်တိုဘာ မှ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိသည့် အမှုရေအတွက်မှာ (၄၂)မှုရှိပြီး တရားခံ(၇၂)ဦးကို ဖမ်းဆီးရမိ၍ အရေးယူ ဆောင်ရွက်ထားရှိပြီး အဆိုပါ အမှုများမှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေးပြား စုစုပေါင်း ( ၁၀၇,၅၆၀,၃၉၈ )ပြား၊ ဟီးရိုးအင်း (၉၁)ကီလိုဂရမ်၊ အိုက်စ်(ရေခဲ) (၁၄၉,၇၇၉)ကီလိုဂရမ် နှင့် ခေတာမင် (၉၉)ကီလိုဂရမ်တို့ ပါဝင်ကြောင်း ဆွေးနွေးပွဲတွင် အမှတ်(၅)တိုင်းမူးယစ်အဖွဲ့မှ ညွှန်ကြားရေးမှူး နိုင်းမားနို့စ် ကိုးမိတ်၏ ဖြေကြားချက်အရ သိရသည်။

မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အကြား ထိစပ်နေသည့် နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၀)ဦး၊ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) မှ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော  ထိုင်းနိုင်ငံ ကိုယ်စားလှယ် (၁၈)ဦးတို့ တောင်ကြီးမြို့တွင် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီးနောက်  Joint Action Plan အစီအစဉ်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency


 (၉၄)ကြိမ်မြောက် TBC အစည်းအဝေးပုံ


တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှတ်တမ်းပုံ

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးစီမံချက်ဖြင့် ၂၀၁၈ခုနှစ် နောက်ဆုံး (၃)လ ကာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွင် တာချီလိတ်ခရိုင်က စိတ်ကြွဆေးပြားပေါင်း (၃)သိန်းခွဲကျော် ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်က စိတ်ကြွဆေးပြားပေါင်း သိန်းတစ်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း (၉၄)ကြိမ်မြောက် TBC အစည်းအေဝးတွင် ဆွေးနွေးချက်များအရ သိရသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် နှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်ခရိုင်တို့တွင် မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက် Joint Action Plan အား အကောင်အထည်ဖော်ရာမှ နယ်စပ် တစ်လျှောက်တွင် ထိုင်းဘက်က ပိုမို ဖမ်းဆီးရမိခြင်းများရှိခဲ့ကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ (၉၄)ကြိမ်မြောက် အစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မဲခေါင်ဒယ်လ်တာဟိုတယ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ပြီး နယ်စပ်ရေးရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါးကိစ္စများအား ဆွေးနွေးရာတွင် နှစ်နိုင်ငံ စီမံချက်ဖြင့် ဖမ်းဆီးရမိသည့် အချက်အလက်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ တာချီလိတ်ခရိုင်အနဖြေင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက် Joint Action Plan ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် အမှုပေါင်း (၄၅)မှုရှိခဲ့ရာမှ တရားခံပေါင်း (၅၇)ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်းနှင့် စိတ်ကြွ ဆေးပြား ပေါင်း ( ၃၆၇,၅၄၁ )ပြား၊ ဘိန်းစိမ်း (၂၂.၄၅)ကီလို၊ ဘိန်းဖြူ (ဝ.၂)ကီလို၊ ကတ်တမင်း (ဝ.၆၄၅)ကီလို နှင့် အိုက်စ်(ရေခဲ) (ဝ.၂၅)ကီလိုတို့ကို ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အတွင်း နယ်စပ်လမ်းကြောင်းနှင့် နီးစပ်သည့် ချင်းရိုင်း နှင့် မယ်ဆိုင်မြို့တို့တွင် စီမံချက် ကာလဖြစ်သည့် အောက်တိုဘာ မှ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိသည့် အမှုရေအတွက်မှာ (၄၂)မှုရှိပြီး တရားခံ(၇၂)ဦးကို ဖမ်းဆီးရမိ၍ အရေးယူ ဆောင်ရွက်ထားရှိပြီး အဆိုပါ အမှုများမှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေးပြား စုစုပေါင်း ( ၁၀၇,၅၆၀,၃၉၈ )ပြား၊ ဟီးရိုးအင်း (၉၁)ကီလိုဂရမ်၊ အိုက်စ်(ရေခဲ) (၁၄၉,၇၇၉)ကီလိုဂရမ် နှင့် ခေတာမင် (၉၉)ကီလိုဂရမ်တို့ ပါဝင်ကြောင်း ဆွေးနွေးပွဲတွင် အမှတ်(၅)တိုင်းမူးယစ်အဖွဲ့မှ ညွှန်ကြားရေးမှူး နိုင်းမားနို့စ် ကိုးမိတ်၏ ဖြကြေားချက်အရ သိရသည်။

မြန်မာနိုင်ငံအရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်အကြား ထိစပ်နေသည့် နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၀)ဦး၊ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) မှ Secretary General Mr. Sirinya Sitdhichai ဦးဆောင်သော ထိုင်းနိုင်ငံ ကိုယ်စားလှယ် (၁၈)ဦးတို့ တောင်ကြီးမြို့တွင် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီးနောက် Joint Action Plan အစီအစဉ်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ အရှိန်ဟုန်မြှင့်တင် ဆောင်ရွက်နကြခြေင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~