ထုိင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား(၁၅) ဦးကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္း (၁၃) ႀကိမ္ေျမာက္အျဖစ္ ဒီဇင္ဘာလ (၂၂)ရက္ေန႕ ေန႔လယ္(၁၁)နာရီဝန္းက်င္တြင္ ထိုင္းတာဝန္ရွိသူမ်ားမွ လာေရာက္ လႊဲေျပာင္းေပးရာ လုပ္ခလစာ မရသူမ်ားလည္း ပါဝင္ေၾကာင္းသိရသည္။
ဖမ္းဆီးခံရၿပီး ျပန္လည္လြဲေျပာင္းလာသူမ်ား အမ်ားစုမွာ ထိုင္းငံ ဘန္ေကာက္ၿမိဳ႕ ၊ ခ်င္းမိုင္ၿမိဳ႕နယ္မ်ားတြင္ အေထာက္ထားမဲ့ ေနထိုင္ အလုပ္ လုပ္သူမ်ား၊ ဗီဇာသက္တမ္းေက်ာ္လြန္ေနထိုင္၍ အလုပ္ လုပ္ကိုင္ေနၾကသူမ်ား၊ မူးယစ္ေဆးဝါးသုံးစြဲ၍ ဖမ္းဆီးခံရသူမ်ားပါဝင္ၿပီး အခ်ိဳ႕မွာ ထိုင္းအလုပ္ရွင္မ်ားမွ လုပ္အားခမေပးဘဲ အလုပ္ လုပ္ေနရစဥ္ ဖမ္းဆီးခံရသူမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
"ကြ်န္မကေတာ့ပြဲစားနဲ႔ ဗီဇာပတ္စ္ပို႔ လုပ္ၿပီးသြားတယ္။ (၅၈)ရက္ပဲ ေနထိုင္ခြင့္ ရွိေပမဲ့ ဒီတိုင္းမွီခိုအေနနဲ႕ ေနလိုက္တာ။ သက္တမ္းက မကုန္ဘူး။ ျပန္ရမယ့္ရက္က ကုန္ေနတာေပါ့။ ရွစ္လၾကာသြားတယ္။ အလုပ္ဝင္လုပ္ေနတာေပါ့။ သူေဌးကလည္း လိမ္တယ္ ပိုက္ဆံလည္း မေပးဘူး။ လစာေတြ မေပးဘူး။ ဖမ္းခံရတဲ့ေန႔က သူဆိုင္ကို မလာဘူး။ ထိုင္းရဲေတြ အလုပ္ လုပ္တဲ့ေနရာ လာဖမ္းေတာ့ သူေဌးမကို ဖုန္းဆက္တယ္။ သူလာမယ္ေျပာၿပီး လာတယ္။ ကၽြန္မတို႔ လုပ္အားခေတြ မရေသးဘူးလို႔ ထိုင္းရဲေတြကို ေျပာျပေပမဲ့ အလုပ္ရွင္က ထိုင္းရဲတစ္ေယာက္ကို ဘာေျပာလိုက္လဲေတာ့မသိဘူး။ ကၽြန္မတို႔ကို လုပ္အားခလည္း မေပးဘူး။ ဒီတိုင္းအခ်ဳပ္က်ၿပီး ျပန္ပို႔ခံရတာေပါ့။ လုပ္အားခေတြလည္း တစ္က်ပ္မွ မရဘူး။ ေတာ္ေတာ္မ်ားမ်ား အဲဒီလိုခံၾကရတယ္။ ဘယ္အဖြဲ႕ကို အကူအညီေတာင္းရမလဲဆိုတာလည္း မသိဘူးေလ။ ကိုယ္က ရက္ေက်ာ္ေနတဲ့အျပစ္ကလည္း ရွိေနတယ္ဆိုေတာ့ အလုပ္ရွင္က ပိုက္ဆံ မေပးခ်င္တာနဲ႕ ရဲဆီကလည္း ျပန္မေရြးဘူး။ ဒီတိုင္း အခ်ဳပ္ထဲမွာပဲ ေနလိုက္ရတာေပါ့ “ ဟု ျပန္လည္ ပို႔ေဆာင္ခံရသူတစ္ဦးျဖစ္သည့္ မစိုးသႏၱာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ျမန္မာႏုိင္ငံသား အမ်ိဳးသား (၁၃)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔ကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရး တံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ လာေရာက္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ၿပီး အမ်ားစုမွာ ရွမ္းျပည္နယ္ႏွင့္ မြန္ျပည္နယ္မွျဖစ္ၿပီး ဒီဇင္ဘာလအတြင္း လႊဲေျပာင္းေပးလာသည့္ ျမန္မာႏိုင္ငံသား ဦးေရ စုစုေပါင္းမွာ အမ်ိဳးသား (၆၂)ဦး၊ အမ်ိဳးသမီး (၂၃)ဦးႏွင့္ ကေလး(၃)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။
ယေန႔ လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထိုင္းႏိုင္ငံ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကၿပီးထိုင္း နုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၂၂)ရက္ေန႔အထိ အမ်ိဳးသား (၈၀၈) ဦး၊ အမ်ိဳးသမီး (၃၅၃)ဦး၊ ကေလး (၃၉)ဦး စုစုေပါင္း (၁၂၀၀)ဦးႏွင့္ သီလရွင္ (၂)ပါးတို႔ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲ ေပးေလ့ရိွေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
ဖမ်းဆီးခံရပြီး ပြန်လည်လွဲပြောင်းလာသူများ အများစုမှာ ထိုင်းငံ ဘန်ကောက်မြို့၊ ချင်းမိုင်မြို့နယ်များတွင် အထောက်ထားမဲ့ နေထိုင် အလုပ် လုပ်သူများ၊ ဗီဇာသက်တမ်းကျော်လွန်နေထိုင်၍ အလုပ် လုပ်ကိုင်နကြေသူများ၊ မူးယစ်ဆေးဝါးသုံးစွဲ၍ ဖမ်းဆီးခံရသူများပါဝင်ပြီး အချို့မှာ ထိုင်းအလုပ်ရှင်များမှ လုပ်အားခမပေးဘဲ အလုပ် လုပ်နေရစဉ် ဖမ်းဆီးခံရသူများလည်း ပါဝင်ကြောင်း သိရသည်။
"ကျွန်မကတော့ပွဲစားနဲ့ ဗီဇာပတ်စ်ပို့ လုပ်ပြီးသွားတယ်။ (၅၈)ရက်ပဲ နေထိုင်ခွင့် ရှိပေမဲ့ ဒီတိုင်းမှီခိုအနေနဲ့ နေလိုက်တာ။ သက်တမ်းက မကုန်ဘူး။ ပြန်ရမယ့်ရက်က ကုန်နေတာပေါ့။ ရှစ်လကြာသွားတယ်။ အလုပ်ဝင်လုပ်နေတာပေါ့။ သူဌေးကလည်း လိမ်တယ် ပိုက်ဆံလည်း မပေးဘူး။ လစာတွေ မပေးဘူး။ ဖမ်းခံရတဲ့နေ့က သူဆိုင်ကို မလာဘူး။ ထိုင်းရဲတွေ အလုပ် လုပ်တဲ့နေရာ လာဖမ်းတော့ သူဌေးမကို ဖုန်းဆက်တယ်။ သူလာမယ်ပြောပြီး လာတယ်။ ကျွန်မတို့ လုပ်အားခတွေ မရသေးဘူးလို့ ထိုင်းရဲတွေကို ပြောပြပေမဲ့ အလုပ်ရှင်က ထိုင်းရဲတစ်ယောက်ကို ဘာပြောလိုက်လဲတော့မသိဘူး။ ကျွန်မတို့ကို လုပ်အားခလည်း မပေးဘူး။ ဒီတိုင်းအချုပ်ကျပြီး ပြန်ပို့ခံရတာပေါ့။ လုပ်အားခတွေလည်း တစ်ကျပ်မှ မရဘူး။ တော်တော်များများ အဲဒီလိုခံကြရတယ်။ ဘယ်အဖွဲ့ကို အကူအညီတောင်းရမလဲဆိုတာလည်း မသိဘူးလေ။ ကိုယ်က ရက်ကျော်နေတဲ့အပြစ်ကလည်း ရှိနေတယ်ဆိုတော့ အလုပ်ရှင်က ပိုက်ဆံ မပေးချင်တာနဲ့ ရဲဆီကလည်း ပြန်မရွေးဘူး။ ဒီတိုင်း အချုပ်ထဲမှာပဲ နေလိုက်ရတာပေါ့ “ ဟု ပြန်လည် ပို့ဆောင်ခံရသူတစ်ဦးဖြစ်သည့် မစိုးသန္တာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံသား အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အများစုမှာ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်မှဖြစ်ပြီး ဒီဇင်ဘာလအတွင်း လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား ဦးရေ စုစုပေါင်းမှာ အမျိုးသား (၆၂)ဦး၊ အမျိုးသမီး (၂၃)ဦးနှင့် ကလေး(၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ယနေ့ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြပြီးထိုင်း နိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ အမျိုးသား (၈၀၈) ဦး၊ အမျိုးသမီး (၃၅၃)ဦး၊ ကလေး (၃၉)ဦး စုစုပေါင်း (၁၂၀၀)ဦးနှင့် သီလရှင် (၂)ပါးတို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲ ပေးလေ့ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း