ျမန္မာႏုိင္ငံသား ကေလး(၃)ဦး အပါအ၀င္ အမ်ိဳးသမီး(၂)ဦးႏွင့္ အမ်ိဳးသား(၇)ဦးကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ား အဖြဲ႕က ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းတြင္ လာေရာက္ လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။
လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာနဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၃)ရက္ေန႔အထိ အမ်ိဳးသား (၇၅၃) ဦး၊ အမ်ိဳးသမီး (၃၃၂)ဦး၊ ကေလး (၃၆)ဦး စုစုေပါင္း (၁,၁၂၁)ဦးႏွင့္ သီလရွင္ (၂)ပါးတို႔ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - CNCMC
မြန်မာနိုင်ငံသား ကလေး(၃)ဦး အပါအဝင် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၇)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ အဖွဲ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းတွင် လာရောက် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃)ရက်နေ့အထိ အမျိုးသား (၇၅၃) ဦး၊ အမျိုးသမီး (၃၃၂)ဦး၊ ကလေး (၃၆)ဦး စုစုပေါင်း (၁,၁၂၁)ဦးနှင့် သီလရှင် (၂)ပါးတို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - CNCMC