တာခ်ီလိတ္တြင္ က်င္းပမည့္ ဂီတေဖ်ာ္ေျဖပြဲမ်ား ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ ေထာက္ခံခ်က္ရယူရမည္

တာခ်ီလိတ္တြင္ က်င္းပမည့္ ဂီတေဖ်ာ္ေျဖပြဲမ်ား ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ ေထာက္ခံခ်က္ရယူရမည္
နိုဝင်ဘာ 27, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ တုိင္းရင္းသားရိုးရာပြဲေတာ္၊ ဘာသာေရးပြဲေတာ္မ်ားမွလြဲ၍ ရန္ပံုေငြဂီတပြဲမ်ားအပါအဝင္ ဂီတေဖ်ာ္ေျဖပြဲအားလံုးအေနျဖင့္ ၿမိဳ႕နယ္ဂီတအစည္းအရံုးထံမွ ေထာက္ခံခ်က္ရယူရန္ လိုအပ္သည္ဟု ၿမိဳ႕နယ္ဂီတအစည္းအရံုးတာဝန္ရိွသူမ်ားထံမွ သိရသည္။

“ျမန္မာႏုိင္ငံဂီတအစည္းအရံုး(ဗဟို)ကေန ၂၀၁၄ ခုႏွစ္ မတ္လ(၁၀)ရက္ေန႔ ညႊန္ၾကားစာအရ စင္တင္ဂီတေဖ်ာ္ေျဖပြဲ၊ ျပင္ပဂီတေဖ်ာ္ေျဖပြဲ၊ ကာရာအိုေက၊ အဆိုၿပိဳင္ပြဲ၊ စတိတ္ရိႈးေတြမွာ ၿမိဳ႕နယ္ဂီတအစည္းအရံုးကေန ေထာက္ခံခ်က္ေပးရန္ဆိုတဲ့ ညႊန္ၾကားခ်က္ရိွပါတယ္။ ဒီလိုေဖ်ာ္ေျဖပြဲေတြ လုပ္မယ္ဆိုရင္ က်င္းပခြင့္ျပဳပါရန္ဆိုၿပီး ၿမိဳ႕နယ္ဂီတအစည္းအရံုးကိုလိပ္မူၿပီး ေလွ်ာက္ရမွာပါ။ ၿမိဳ႕နယ္ဂီတအစည္းအရံုးက ေထာက္ခံၿပီးရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဆီကို တင္ေပးပါမယ္။ ၿမိဳ႕နယ္ဂီတအစည္းအရံုးေထာက္ခံခ်က္မပါဘဲလုပ္တယ္ဆိုရင္ ကန္႔ကြက္လို႔ရပါတယ္။ ဘာရန္ပံုေငြပြဲပဲျဖစ္ျဖစ္ ေထာက္ခံခ်က္ယူဖို႔ လိုပါတယ္”ဟု တာခ်ီလိတ္     ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ အတြင္းေရးမွဴး (စီမံ) ဦးစိန္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔        ေျပာသည္။


ၿမိဳ႕နယ္ဂီတအစည္းအရံုးအေနျဖင့္ ၂၀၁၅ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့ျခင္းျဖစ္ေသာ္လည္း အဖြဲ႕အေနျဖင့္ ရန္ပံုေငြမရိွျခင္းႏွင့္ ေကာ္မတီဝင္ (၁၁)ဦးျဖင့္သာ လည္ပတ္ေနရသျဖင့္ အစည္းအရံုးႏွင့္သက္ဆုိင္သည့္ လုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္လုပ္ေဆာင္ႏုိင္ျခင္းမရိွခဲ့သျဖင့္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆)ရက္ေန႔တြင္ ေကာ္မတီသစ္ႏွင့္အတူ အလႊာ(၆)လႊာကိုပါ ဖြဲ႕စည္းၿပီး အသင္းဝင္သစ္မ်ားလက္ခံျခင္းႏွင့္အတူ အစည္းအရံုးႏွင့္ သက္ဆုိင္သည့္ လုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။


သက္တမ္း(၄)ႏွစ္ရိွမည့္ ၿမိဳ႕နယ္ဂီတအစည္းအရံုးေကာ္မတီသစ္အျဖစ္ ဂီတအလႊာအသီးသီးမွ အမ်ိဳးသား (၉)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးပါဝင္သည့္ေကာ္မတီသစ္ကို ႏိုဝင္ဘာလ(၂၆)ရက္ေန႔က ဖြဲ႕စည္းလုိက္ၿပီး မဟာဂီတအလႊာ၊ ကာလေပၚအလႊာ၊ ေခတ္ေပၚစတူရီယိုအလႊာ၊ ေခတ္သစ္အလႊာ၊ အသံဖမ္း/စက္မႈအလႊာႏွင့္ ထုတ္လုပ္ျဖန္႔ခ်ိေတးသံသြင္းအလႊာတို႔ကိုလည္း ဖြဲ႕စည္းလုိက္ကာ အသင္းဝင္သစ္မ်ားကို ဖိတ္ေခၚထားသည္ကို ေတြ႔ရသည္။


တာခ်ီလိတ္ၿမဳိ႕နယ္ဂီတအစည္းအ႐ံုးအား ၂၀၁၅ ခုႏွစ္၊ ဇြန္လ(၁၄)ရက္ေန႔တြင္ စတင္ဖြဲ႔စည္းျခင္းျဖစ္ၿပီး ေဒသတြင္း ဂီတပညာရွင္မ်ား၏ မူပိုင္ခြင့္ခ်ိဳးေဖါက္ခံရျခင္းအပါအဝင္ နစ္နာမႈမ်ားအား ကာကြယ္ရန္ႏွင့္ ေျဖရွင္းေပးရန္ ဖြဲ႕စည္းျခင္းျဖစ္သည္ဟု သိရသည္။


တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုးသို႔ အသင္းဝင္လိုသူမ်ားႏွင့္ ဆက္သြယ္လိုသူမ်ားအေနျဖင့္ ဖုန္း ၀၉ ၄၂၈၂၃၀၉၅၉ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။


သတင္း၊ဓါတ္ပံု #Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲများ မြို့နယ်ဂီတအစည်းအရုံး၏ ထောက်ခံချက်ရယူရမည်
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တိုင်းရင်းသားရိုးရာပွဲတော်၊ ဘာသာရေးပွဲတော်များမှလွဲ၍ ရန်ပုံငွေဂီတပွဲများအပါအဝင် ဂီတဖျော်ဖြေပွဲအားလုံးအနေဖြင့် မြို့နယ်ဂီတအစည်းအရုံးထံမှ ထောက်ခံချက်ရယူရန် လိုအပ်သည်ဟု မြို့နယ်ဂီတအစည်းအရုံးတာဝန်ရှိသူများထံမှ သိရသည်။

“မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကနေ ၂၀၁၄ ခုနှစ် မတ်လ(၁၀)ရက်နေ့ ညွှန်ကြားစာအရ စင်တင်ဂီတဖျော်ဖြေပွဲ၊ ပြင်ပဂီတဖျော်ဖြေပွဲ၊ ကာရာအိုကေ၊ အဆိုပြိုင်ပွဲ၊ စတိတ်ရှိုးတွေမှာ မြို့နယ်ဂီတအစည်းအရုံးကနေ ထောက်ခံချက်ပေးရန်ဆိုတဲ့ ညွှန်ကြားချက်ရှိပါတယ်။ ဒီလိုဖျော်ဖြေပွဲတွေ လုပ်မယ်ဆိုရင် ကျင်းပခွင့်ပြုပါရန်ဆိုပြီး မြို့နယ်ဂီတအစည်းအရုံးကိုလိပ်မူပြီး လျှောက်ရမှာပါ။ မြို့နယ်ဂီတအစည်းအရုံးက ထောက်ခံပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ပေးပါမယ်။ မြို့နယ်ဂီတအစည်းအရုံးထောက်ခံချက်မပါဘဲလုပ်တယ်ဆိုရင် ကန့်ကွက်လို့ရပါတယ်။ ဘာရန်ပုံငွေပွဲပဲဖြစ်ဖြစ် ထောက်ခံချက်ယူဖို့ လိုပါတယ်”ဟု တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး၏ အတွင်းရေးမှူး (စီမံ) ဦးစိန်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်ဂီတအစည်းအရုံးအနေဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း အဖွဲ့အနေဖြင့် ရန်ပုံငွေမရှိခြင်းနှင့် ကော်မတီဝင် (၁၁)ဦးဖြင့်သာ လည်ပတ်နေရသဖြင့် အစည်းအရုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ကော်မတီသစ်နှင့်အတူ အလွှာ(၆)လွှာကိုပါ ဖွဲ့စည်းပြီး အသင်းဝင်သစ်များလက်ခံခြင်းနှင့်အတူ အစည်းအရုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်း(၄)နှစ်ရှိမည့် မြို့နယ်ဂီတအစည်းအရုံးကော်မတီသစ်အဖြစ် ဂီတအလွှာအသီးသီးမှ အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၂)ဦးပါဝင်သည့်ကော်မတီသစ်ကို နိုဝင်ဘာလ(၂၆)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး မဟာဂီတအလွှာ၊ ကာလပေါ်အလွှာ၊ ခေတ်ပေါ်စတူရီယိုအလွှာ၊ ခေတ်သစ်အလွှာ၊ အသံဖမ်း/စက်မှုအလွှာနှင့် ထုတ်လုပ်ဖြန့်ချိတေးသံသွင်းအလွှာတို့ကိုလည်း ဖွဲ့စည်းလိုက်ကာ အသင်းဝင်သစ်များကို ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးအား ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ဒေသတွင်း ဂီတပညာရှင်များ၏ မူပိုင်ခွင့်ချိုးဖေါက်ခံရခြင်းအပါအဝင် နစ်နာမှုများအား ကာကွယ်ရန်နှင့် ဖြေရှင်းပေးရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးသို့ အသင်းဝင်လိုသူများနှင့် ဆက်သွယ်လိုသူများအနေဖြင့် ဖုန်း ၀၉ ၄၂၈၂၃၀၉၅၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~