တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ ေကာ္မတီသစ္ႏွင့္ ဂီတအလႊာမ်ား ျပန္လည္ဖြဲ႕စည္း

တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ ေကာ္မတီသစ္ႏွင့္ ဂီတအလႊာမ်ား ျပန္လည္ဖြဲ႕စည္း
နိုဝင်ဘာ 27, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ဂီတအစည္းအရံုးက သက္တမ္းျပည့္သြားသည့္ ေကာ္မတီျပန္လည္ေရြးခ်ယ္ျခင္းႏွင့္ ဂီတအလႊာမ်ားဖြဲ႕စည္းျခင္းတို႔ကို လုပ္ေဆာင္လုိက္ၿပီး ၿမိဳ႕နယ္ဂီတအစည္းအရံုး၏ လုပ္ငန္းမ်ားႏွင့္ အဖြဲ႕ဝင္မ်ားကို တိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီအဖြဲ႕အစည္းကို စတင္ဖြဲ႕စည္းျဖစ္တာက ကိုယ့္ေဒသတုိင္းရင္းသားေတြ ဂီတနဲ႔ပတ္သက္လို႔ မူပိုင္ခြင့္ခ်ိဳးေဖါက္ခံရတာမ်ိဳး၊ ေကာ္ပီကူးခံရတာမ်ိဳးေတြမရိွေအာင္၊ ရိွလာရင္ေျဖရွင္းႏိုင္ေအာင္ ဖြဲ႕စည္းခဲ့တာပါ။ စဖြဲ႕ကတည္းကေန အခုခ်ိန္ထိေတာ့ ေကာ္မတီ(၁၁)ဦးနဲ႔လည္ပတ္ေနၿပီးေတာ့ အသင္းဝင္ေတြ စနစ္တက်လက္ခံႏုိင္တာမ်ိဳးမရိွခဲ့ဘူး။ အခုကစၿပီး ေကာ္မတီအသစ္လည္းဖြဲ႕မယ္။ အသင္းဝင္ ေလွ်ာက္လႊာေတြနဲ႔ လက္ခံၿပီး လုပ္သြားၾကဖို႔ပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုး ဥကၠဌေဟာင္း ဦးစိုင္းလြိဳင္ခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ၂၉ ဘတ္စားေသာက္ဆုိင္၌ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ(၂၆)ရက္ေန႔က က်င္းပသည့္ အခမ္းအနားတြင္ ဂီတအလႊာေပါင္းစုံုမွ အမ်ိဳးသား(၁၁)ဦးႏွင့္ အမ်ိဳးသမီး (၇)ဦး စုစုေပါင္း (၁၈)ဦး တက္ေရာက္ၾကၿပီး ေကာ္မတီအတြက္ လစ္လပ္ေနသည့္ (၄)ေနရာေရြးခ်ယ္ျခင္းႏွင့္  အလႊာ(၆)ခုဖြဲ႕စည္းျခင္းမ်ားကို ေဆာင္ရြက္ၾကသည္ကို ေတြ႔ရသည္။

ၿမိဳ႕နယ္ဂီတအစည္းအရံုးေကာ္မတီသစ္အျဖစ္ ဥကၠဌ ဦးေအးခ်ိဳ၊ ဒုဥကၠဌ ဦးထြန္းေအာင္၊ အတြင္းေရးမွဴး (စီမံ) ဦးစိန္လြင္၊ တြဲဖက္အတြင္းေရးမွဴး ဦးအုိက္ခမ္း၊ စည္းရံုးေရးမွဴး ဦးတင့္ေဆြ၊ ျပန္ၾကားေရးမွဴး ဦးစိုင္းခမ္းလူ၊ ဘ႑ာေရးမွဴး ေဒၚနန္းရွဲန္းခမ္းႏြဲ႕၊ အမႈေဆာင္အဖြဲ႕ဝင္မ်ားအျဖစ္ ဦးဝင္းသိန္းမင္း(ကိုေပါက္)၊ ခြန္ေမာင္ေမာင္ေထြး၊ ဦးဝင္းျမင့္ (ေဇာ္ေဇာ္ေအာင္)ႏွင့္ ေဒၚနန္းေဆာင္ႏြန္း (ပုဇြန္)တို႔ကို ေရြးခ်ယ္လိုက္ၿပီး အမ်ိဳးသား (၉)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးပါဝင္သည့္ေကာ္မတီသစ္ကို ဖြဲ႕စည္းလုိက္ၿပီး ေကာ္မတီသက္တမ္းမွာ (၄)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္ဂီတအစည္းအရံုး၏အလႊာမ်ားဖြဲ႕စည္းရာတြင္ မဟာဂီတအလႊာတြင္ ေဒၚခင္သန္းမူႏွင့္ ဦးေအးခ်ိဳ၊ ကာလေပၚအလႊာတြင္ ေဒၚေဆြေဆြ၊ ေဒၚနီလာႏွင့္ ေဒၚလွလွျမင့္၊ ေခတ္ေပၚစတူရီယိုအလႊာတြင္ ဦးၾကည္လင္ႏွင့္ ဦးရဲထြန္းသိန္း (ကိုသားႀကီး)၊ ေခတ္သစ္အလႊာတြင္ ယာခ်ဴ၊ ေယာနစာႏွင့္ သန္းကိုကိုဦး၊ အသံဖမ္း/စက္မႈအလႊာတြင္ ဦးစိုင္းထြန္းေအး(ပီလံုးရွဲန္) ၊ ထုတ္လုပ္ျဖန္႔ခ်ိေတးသံသြင္းအလႊာတြင္ ဦးစိုင္းတြီ (Music Tai) ႏွင့္ ဦးေအးခ်ိဳ (စစ္သည္ေစာင္းသံေတးဂီတထုတ္လုပ္ေရး)တို႔ ပါဝင္ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး အဆိုပါ အလႊာ(၆)ခုအား ေကာ္မတီအဖြဲ႕က ဦးေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမဳိ႕နယ္ဂီတအစည္းအ႐ံုးအား ၂၀၁၅ ခုႏွစ္၊ ဇြန္လ(၁၄)ရက္ေန႔တြင္ ျမန္မာႏုိင္ငံဂီတအစည္းအ႐ံုး (ဗဟုိ)က တာခ်ီလိတ္ၿမိဳ႕သို႔လာေရာက္၍ ဖဲြ႕စည္းေပးခဲ့ျခင္းျဖစ္ၿပီး ဥကၠဌ ဦးစိုင္းလြယ္ခမ္း၊ ဒုတိယ ဥကၠဌ ဦးထြန္းေအာင္၊ အတြင္းေရးမွဴး ဦးစိန္လြင္၊ တြဲဖက္အတြင္းေရးမွဴး ဦးအိုက္ခမ္း၊ စည္းရံုးေရးမွဴး ဦးစိုင္းထြန္းေအး၊ ျပန္ၾကားေရးမွဴး ဦးစိုင္းခမ္းလူႏွင့္ ဘ႑ာေရးမွဴး ေဒၚနန္းခမ္းႏြဲ႕၊ အမႈေဆာင္အလုပ္ ဦးစိုင္းရွဲန္း၀န္း၊ ဦးစိုင္းမ်ဳိးေနာင္၊ ဦး၀င္းျမင့္ႏွင့္ ေဒၚနန္းေဆာင္ႏြန္းတို႔ က တာဝန္ယူခဲ့ၾကျခင္းျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕နယ္ဂီတအစည္းအရံုးသို႔ အသင္းဝင္လိုသူမ်ားႏွင့္ ဆက္သြယ္လိုသူမ်ားအေနျဖင့္ ဖုန္း ၀၉ ၄၂၈၂၃၀၉၅၉ သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး၏ ကော်မတီသစ်နှင့် ဂီတအလွှာများ ပြန်လည်ဖွဲ့စည်း
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်ဂီတအစည်းအရုံးက သက်တမ်းပြည့်သွားသည့် ကော်မတီပြန်လည်ရွေးချယ်ခြင်းနှင့် ဂီတအလွှာများဖွဲ့စည်းခြင်းတို့ကို လုပ်ဆောင်လိုက်ပြီး မြို့နယ်ဂီတအစည်းအရုံး၏ လုပ်ငန်းများနှင့် အဖွဲ့ဝင်များကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီအဖွဲ့အစည်းကို စတင်ဖွဲ့စည်းဖြစ်တာက ကိုယ့်ဒေသတိုင်းရင်းသားတွေ ဂီတနဲ့ပတ်သက်လို့ မူပိုင်ခွင့်ချိုးဖေါက်ခံရတာမျိုး၊ ကော်ပီကူးခံရတာမျိုးတွေမရှိအောင်၊ ရှိလာရင်ဖြေရှင်းနိုင်အောင် ဖွဲ့စည်းခဲ့တာပါ။ စဖွဲ့ကတည်းကနေ အခုချိန်ထိတော့ ကော်မတီ(၁၁)ဦးနဲ့လည်ပတ်နေပြီးတော့ အသင်းဝင်တွေ စနစ်တကျလက်ခံနိုင်တာမျိုးမရှိခဲ့ဘူး။ အခုကစပြီး ကော်မတီအသစ်လည်းဖွဲ့မယ်။ အသင်းဝင် လျှောက်လွှာတွေနဲ့ လက်ခံပြီး လုပ်သွားကြဖို့ပါ”ဟု တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး ဥက္ကဌဟောင်း ဦးစိုင်းလွိုင်ခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ ၂၉ ဘတ်စားသောက်ဆိုင်၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင် ဂီတအလွှာပေါင်းစုံမှ အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၁၈)ဦး တက်ရောက်ကြပြီး ကော်မတီအတွက် လစ်လပ်နေသည့် (၄)နေရာရွေးချယ်ခြင်းနှင့်  အလွှာ(၆)ခုဖွဲ့စည်းခြင်းများကို ဆောင်ရွက်ကြသည်ကို တွေ့ရသည်။

မြို့နယ်ဂီတအစည်းအရုံးကော်မတီသစ်အဖြစ် ဥက္ကဌ ဦးအေးချို၊ ဒုဥက္ကဌ ဦးထွန်းအောင်၊ အတွင်းရေးမှူး (စီမံ) ဦးစိန်လွင်၊ တွဲဖက်အတွင်းရေးမှူး ဦးအိုက်ခမ်း၊ စည်းရုံးရေးမှူး ဦးတင့်ဆွေ၊ ပြန်ကြားရေးမှူး ဦးစိုင်းခမ်းလူ၊ ဘဏ္ဍာရေးမှူး ဒေါ်နန်းရှဲန်းခမ်းနွဲ့၊ အမှုဆောင်အဖွဲ့ဝင်များအဖြစ် ဦးဝင်းသိန်းမင်း(ကိုပေါက်)၊ ခွန်မောင်မောင်ထွေး၊ ဦးဝင်းမြင့် (ဇော်ဇော်အောင်)နှင့် ဒေါ်နန်းဆောင်နွန်း (ပုဇွန်)တို့ကို ရွေးချယ်လိုက်ပြီး အမျိုးသား (၉)ဦးနှင့် အမျိုးသမီး (၂)ဦးပါဝင်သည့်ကော်မတီသစ်ကို ဖွဲ့စည်းလိုက်ပြီး ကော်မတီသက်တမ်းမှာ (၄)နှစ်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ဂီတအစည်းအရုံး၏အလွှာများဖွဲ့စည်းရာတွင် မဟာဂီတအလွှာတွင် ဒေါ်ခင်သန်းမူနှင့် ဦးအေးချို၊ ကာလပေါ်အလွှာတွင် ဒေါ်ဆွေဆွေ၊ ဒေါ်နီလာနှင့် ဒေါ်လှလှမြင့်၊ ခေတ်ပေါ်စတူရီယိုအလွှာတွင် ဦးကြည်လင်နှင့် ဦးရဲထွန်းသိန်း (ကိုသားကြီး)၊ ခေတ်သစ်အလွှာတွင် ယာချူ၊ ယောနစာနှင့် သန်းကိုကိုဦး၊ အသံဖမ်း/စက်မှုအလွှာတွင် ဦးစိုင်းထွန်းအေး(ပီလုံးရှဲန်) ၊ ထုတ်လုပ်ဖြန့်ချိတေးသံသွင်းအလွှာတွင် ဦးစိုင်းတွီ (Music Tai) နှင့် ဦးအေးချို (စစ်သည်စာင်းသံတေးဂီတထုတ်လုပ်ရေး)တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ အလွှာ(၆)ခုအား ကော်မတီအဖွဲ့က ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးအား ၂၀၁၅ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)က တာချီလိတ်မြို့သို့လာရောက်၍ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဦးစိုင်းလွယ်ခမ်း၊ ဒုတိယ ဥက္ကဌ ဦးထွန်းအောင်၊ အတွင်းရေးမှူး ဦးစိန်လွင်၊ တွဲဖက်အတွင်းရေးမှူး ဦးအိုက်ခမ်း၊ စည်းရုံးရေးမှူး ဦးစိုင်းထွန်းအေး၊ ပြန်ကြားရေးမှူး ဦးစိုင်းခမ်းလူနှင့် ဘဏ္ဍာရေးမှူး ဒေါ်နန်းခမ်းနွဲ့၊ အမှုဆောင်အလုပ် ဦးစိုင်းရှဲန်းဝန်း၊ ဦးစိုင်းမျိုးနောင်၊ ဦးဝင်းမြင့်နှင့် ဒေါ်နန်းဆောင်နွန်းတို့ က တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်ဂီတအစည်းအရုံးသို့ အသင်းဝင်လိုသူများနှင့် ဆက်သွယ်လိုသူများအနေဖြင့် ဖုန်း ၀၉ ၄၂၈၂၃၀၉၅၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~