တာချီလိတ်မှတဆင့် မယ်ဆိုင်မြို့တွင် ညအိပ်သူများ အိမ်ရှင်မှ တဆင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ လာရောက်ပြီး အခမဲ့ ဧည့်စာရင်းတိုင်ကြားရမည်

တာချီလိတ်မှတဆင့် မယ်ဆိုင်မြို့တွင် ညအိပ်သူများ အိမ်ရှင်မှ တဆင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ လာရောက်ပြီး အခမဲ့ ဧည့်စာရင်းတိုင်ကြားရမည်
နိုဝငျဘာ 21, 2018
By Tachileik News Agency
တာချီလိတ်မှ နယ်စပ်ဖြတ်သန်းလက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ လာရောက်ကာ ညအိပ်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ညအိပ်မည့် နေအိမ်၏ အိမ်ရှင်မှ တဆင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ပြီး ဧည့်စာရင်း မတိုင်ကြားပါက ရှောင်တခင်စစ်ဆေးတွေ့ရှိသည့်အခါတွင် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးကြေငြာထားကြောင်း သိရသည်။



"သူတို့ ကြေငြာထားတာတော့ ကြာနေပြီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ရပါတယ်ဆိုပြီး မတိုင်ကြားပဲ နေနေကြတာတွေရှိတယ်၊ သူတို့ ရှောင်တခင် ၀င်စစ်လို့ ဧည့်စာရင်းတိုင်ထားတာ မရှိရင်တော့ ဒဏ်ရိုက်ခံရမှာ၊ အဓိက ကတော့ အိမ်ခန်းငှားတွေနဲ့ မြန်မာအများစုနေတဲ့ နေရာတွေမှာ အစစ်များတယ်၊ ဧည့်စာရင်းတိုင်ခလည်း မပေးရပါဘူးတဲ့ ညအိပ်တယ်ဆိုတာကို လာပြီး အကြောင်းသာကြားပေးရမယ်လို့ ရပ်ကွက်ရုံးမှာ ရှိတဲ့အသိက ပြောပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။


Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မှ နယ်စပ်ဖြတ်သန်းလက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ လာရောက်ကာ ညအိပ်မည့် မြန်မာနိုင်ငံသားများ အနဖြေင့် ညအိပ်မည့် နေအိမ်၏ အိမ်ရှင်မှ တဆင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ပြီး ဧည့်စာရင်း မတိုင်ကြားပါက ရှောင်တခင်စစ်ဆေးတွေ့ရှိသည့်အခါတွင် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးကြငြောထားကြောင်း သိရသည်။

"ယာယီရော တစ်နှစ်စာအုပ်ရော အတူတူပဲ၊ အခု ဒီရက်ပိုင်း ဖမ်းနေတာမှာ ဧည့်စာရင်းတိုင်ထားတာ မရှိတဲ့သူတွေကို ဒဏ်ငွေရိုက်တာ၊ ဘယ်အိမ်ကိုပဲ လာလည်လည် အိမ်ရှင်က ဧည့်စာရင်းတိုင်ပေးရမှာပါ၊ မယ်ဆိုင်မှာ ညအိပ်တယ်ဆိုရင် အိမ်ခန်းငှါးဖြစ်ဖြစ် အသိအိမ်ဖြစ်ဖြစ် အားလုံးအကြုံးဝင်တယ်၊ အိပ်တယ်ဆို ဧည့်စာရင်း တိုင်ထားရမှာ၊"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်း အေဂျင်စီသို့ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် သက်ဆိုင်ရာများ အများအားဖြင့် ဝင်ရောက်စစ်ဆေးသည့် နေရာများမှ နေအိမ် လိုင်းခန်းများ နှင့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာများသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးလေ့ရှိကြောင်း သိရသည်။

"သူတို့ ကြငြောထားတာတော့ ကြာနပြေီ၊ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ရပါတယ်ဆိုပြီး မတိုင်ကြားပဲ နေနကြေတာတွေရှိတယ်၊ သူတို့ ရှောင်တခင် ဝင်စစ်လို့ ဧည့်စာရင်းတိုင်ထားတာ မရှိရင်တော့ ဒဏ်ရိုက်ခံရမှာ၊ အဓိက ကတော့ အိမ်ခန်းငှါးတွေနဲ့ မြန်မာအများစုနေတဲ့ နေရာတွေမှာ အစစ်များတယ်၊ ဧည့်စာရင်းတိုင်ခလည်း မပေးရပါဘူးတဲ့ ညအိပ်တယ်ဆိုတာကို လာပြီး အကြောင်းသာကြားပေးရမယ်လို့ ရပ်ကွက်ရုံးမှာ ရှိတဲ့အသိက ပြောပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း မြန်မာလုပ်သားများမှာ နေအိမ်အခန်းငှါး၍ နေလေ့ရှိသလို၊ ညအိပ် အလည်သွားသူများလည်းရှိသည့်နည်းတူ မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်လည်း ထိုင်းနိုင်ငံသားများမှာ ညအိပ်လာရောက်လေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~