မေကြးတိုင္းေဒသႀကီးတြင္ စံမီေသာက္ေရသန္႔စက္ရံုမ်ား ျဖစ္ေပၚလာေရး စီမံခ်က္ျဖင့္ ၂၀၁၈ ခုနွစ္ ေအာက္တိုဘာလ အတြင္း ေရွာင္တခင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ရာ FDA ေထာက္ခံခ်က္ ရၿပီးေသာ္လည္း သန္႔ရွင္းမႈ အားနည္းသည့္ စက္ရံုအပါအဝင္ စက္ရံု (၁၆)ရံုကို ျဖန္႔ျဖဴးမႈ ပိတ္သိမ္း လုိက္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန တာဝန္ရိွသူထံမွ သိရသည္။
“တစ္တိုင္းလံုးမွာ ေအာက္တိုဘာလကုန္ပိုင္း အထိ စာရင္းအရ ေရသန္႔စက္ရံုေပါင္း (၈၀)ေက်ာ္ရိွၿပီး (၆)လ တစ္ႀကိမ္ ပံုမွန္ စစ္ေဆးမႈျပဳလုပ္ပါတယ္။ အခု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ရဲ႕ လမ္းညႊန္မႈနဲ႔ ေရွာင္တခင္ စစ္ေဆးမႈေတြ ျပဳလုပ္တဲ့ အခါမွာေတာ့ ျဖန္႔ျဖဴးမႈ ပိတ္သိမ္းခဲ့ရတဲ့ စက္ရံုေပါင္း (၁၆) ရံုရိွၿပီး အိမ္သံုးစက္(၁၂)ရံု၊ FDA ေလွ်ာက္ထားျခင္းမရိွဘဲ ျဖန္႔ျဖဴးေနတဲ့စက္ရံုက(၄)ရံု ပါရိွပါတယ္”ဟု မေကြးတိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန တာဝန္ခံ ေဒါက္တာျပည့္ထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တုိင္းေဒသႀကီးအတြင္းရိွ ေရသန္႔စက္ရံုမ်ား အနက္ လိုင္စင္မရိွသည့္ စက္ရံုမ်ား၊ ကြင္းဆင္းစစ္ေဆးျခင္း မျပဳရေသးဘဲ ထုတ္လုပ္ေနသည့္ စက္ရံုမ်ား၊ အိမ္သံုးစက္မ်ားျဖင့္ ထုတ္လုပ္ေနသည့္စက္ရံုမ်ား၊ FDA ေထာက္ခံခ်က္ရိွသည့္ စက္ရံုတြင္ သန္႔ရွင္းမႈအားနည္းသည့္အတြက္ ျပင္ဆင္ရန္အခ်ိန္ေပးထားေသာ္လည္း မျပင္ဆင္သည့္ စက္ရံုမ်ားကို ျဖန္႔ျဖဴးခြင့္ ပိတ္သိမ္းျခင္းျဖစ္ေၾကာင္း သိရသည္။
မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေရသန္႔စက္ရံုမ်ားအား ယင္းကဲ့သို႔ စစ္ေဆးအေရးယူေနေသာ္လည္း ေသာက္သံုးေရ ရွားပါးသည့္ ဂန္႔ေဂါခရိုင္အတြင္း၌ အမ်ားဆံုးေတြ႔ရသည့္ အိမ္သံုးေရသန္႔စက္ အသံုးျပဳ ေနသည့္ စက္ရံုမ်ားကို FDA ေထာက္ခံခ်က္ရယူရန္ႏွင့္ ျပင္ဆင္ရန္သတိေပးထားၿပီး ျဖန္႔ျဖဴးျခင္းကို ပိတ္သိမ္းျခင္း မျပဳဘဲ ေစာင့္ၾကည့္ျခင္း ျပဳလုပ္ေနေၾကာင္း သိရသည္။
မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔၏ လမ္းညႊန္မႈျဖင့္ ေအာက္တိုဘာလအတြင္း တုိင္းေဒသႀကီးအတြင္း စီမံခ်က္ျဖင့္ ေဆာင္ရြက္ေနသည့္ အေျခအေနမ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔တြင္ သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ၿပီး အသိေပးခဲ့ျခင္းျဖစ္သည္။
သတင္း/ဓါတ္ပံု - ဖီးနစ္
“တစ်တိုင်းလုံးမှာ အောက်တိုဘာလကုန်ပိုင်း အထိ စာရင်းအရ ရေသန့်စက်ရုံပေါင်း (၈၀)ကျော်ရှိပြီး (၆)လ တစ်ကြိမ် ပုံမှန် စစ်ဆေးမှုပြုလုပ်ပါတယ်။ အခု တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အခါမှာတော့ ဖြန့်ဖြူးမှု ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံပေါင်း (၁၆) ရုံရှိပြီး အိမ်သုံးစက်(၁၂)ရုံ၊ FDA လျှောက်ထားခြင်းမရှိဘဲ ဖြန့်ဖြူးနေတဲ့စက်ရုံက(၄)ရုံ ပါရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာပြည့်ထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ ရေသန့်စက်ရုံများ အနက် လိုင်စင်မရှိသည့် စက်ရုံများ၊ ကွင်းဆင်းစစ်ဆေးခြင်း မပြုရသေးဘဲ ထုတ်လုပ်နေသည့် စက်ရုံများ၊ အိမ်သုံးစက်များဖြင့် ထုတ်လုပ်နေသည့်စက်ရုံများ၊ FDA ထောက်ခံချက်ရှိသည့် စက်ရုံတွင် သန့်ရှင်းမှုအားနည်းသည့်အတွက် ပြင်ဆင်ရန်အချိန်ပေးထားသော်လည်း မပြင်ဆင်သည့် စက်ရုံများကို ဖြန့်ဖြူးခွင့် ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေသန့်စက်ရုံများအား ယင်းကဲ့သို့ စစ်ဆေးအရေးယူနေသော်လည်း သောက်သုံးရေ ရှားပါးသည့် ဂန့်ဂေါခရိုင်အတွင်း၌ အများဆုံးတွေ့ရသည့် အိမ်သုံးရေသန့်စက် အသုံးပြု နေသည့် စက်ရုံများကို FDA ထောက်ခံချက်ရယူရန်နှင့် ပြင်ဆင်ရန်သတိပေးထားပြီး ဖြန့်ဖြူးခြင်းကို ပိတ်သိမ်းခြင်း မပြုဘဲ စောင့်ကြည့်ခြင်း ပြုလုပ်နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်