“မေကြးတိုင္းေဒသႀကီးမွာ ခရီးသြားလုပ္ငန္းဖြံ႔ၿဖိဳးတိုးတက္ေစဖို႔အတြက္ ျပည္ေထာင္စုဝန္ႀကီးရဲ႕ ခြင့္ျပဳခ်က္ယူၿပီး တိုင္းေဒသႀကီး ဘတ္ဂ်က္နဲ႔ေဆာက္လုပ္ေနတာျဖစ္ၿပီး လာမယ့္ မန္းေရႊစက္ေတာ္ ဘုရားပြဲေတာ္အမီ ဖြင့္လွစ္နိင္ဖို႔ ရည္ရြယ္ထားပါတယ္”ဟု တိုင္းေဒသႀကီး သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လ်ွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။
မေကြးတိုင္းအတြင္း သစ္ထုတ္လုပ္ေရးဆင္(၂၀၄)ေကာင္ရွိၿပီး သစ္ထုတ္လုပ္ငန္းမ်ားအား ေလွ်ာ့ခ်ထားသည့္ အတြက္ ဆင္မ်ားအား အက်ဳိးရွိစြာ အသုံးခ်နိင္ရန္ႏွင့္ ဆင္အေျချပဳခရိီးသြားလုပ္ငန္းျဖင့္ ျပည္တြင္းျပည္ပ ဧည့္သည္မ်ား စဲြေဆာင္နိင္ရန္ မေကြးတိုင္းအတြင္း ပထမဆံုးဆင္စခန္းအား ေဆာက္လုပ္ျခင္းျဖစ္ေၾကာင္းသိရၿပီး တစ္ႏိုင္ငံလုံး၌ ဆင္စခန္း(၁၉)ခုရွိေၾကာင္း သိရသည္။
“ဆင္စခန္းေဆာက္လုပ္ေနတဲ့ေနရာဟာ မန္းေခ်ာင္းနဲ႔ သဘာဝသစ္ေတာေတြ စိမ္းလန္းစိုေျပတဲ့ေနရာ ျဖစ္တာေၾကာင့္ ျပည္တြင္း၊ ျပည္ပခရီးသြားေတြအတြက္ အပန္းေျဖစခန္းေတြေဆာက္လုပ္မယ္ဆိုရင္ လာေရာက္လည္ပတ္ေလ့လာသူမ်ား ညအိပ္ႏိုင္ၿပီး ေရႊစက္ေတာေဘးမဲ့ေတာမွာရိွတဲ့ ျမန္မာ့ ၾကယ္လိပ္ေတြနဲ႔ ေရႊသမင္ေတြကို အခ်ိန္ယူေလ့လာႏိုင္ၾကမွာ ျဖစ္ပါတယ္”ဟု ဟုိတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန မေကြး တိုင္းေဒသႀကီး ရံုးခြဲမွ တိုင္းေဒသႀကီးဦးစီးမွဴး ဦးျမင့္စိန္က ေျပာသည္။
အဆိုပါ ဆင္စခန္းအား ေရႊစက္ေတာ္သုိ႔သြားသည့္ (၈)မိုင္လမ္းေဘး မိုင္တိုင္အမွတ္(၅) မိုင္ (၃)ဖာလုံႏွင့္ (၅) မိုင္ၾကား သံပုရာကုိင္းေက်းရြာအနီး မန္းေခ်ာင္းနံေဘး၌ တည္ေဆာက္ေနျခင္းျဖစ္သည္။
သတင္း/ဓာတ္ပံု - ဖီးနစ္
“မကွေးတိုင်းဒေသကြီးမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြည်ထောင်စုဝန်ကြီးရဲ့ ခွင့်ပြုချက်ယူပြီး တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ဆောက်လုပ်နေတာဖြစ်ပြီး လာမယ့် မန်းရွှေစက်တော် ဘုရားပွဲတော်အမီ ဖွင့်လှစ်နိင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။
မကွေးတိုင်းအတွင်း သစ်ထုတ်လုပ်ရေးဆင်(၂၀၄)ကောင်ရှိပြီး သစ်ထုတ်လုပ်ငန်းများအား လျှော့ချထားသည့် အတွက် ဆင်များအား အကျိုးရှိစွာ အသုံးချနိင်ရန်နှင့် ဆင်အခြပြေုခရိီးသွားလုပ်ငန်းဖြင့် ပြည်တွင်းပြည်ပ ဧည့်သည်များ စွဲဆောင်နိင်ရန် မကွေးတိုင်းအတွင်း ပထမဆုံးဆင်စခန်းအား ဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရပြီး တစ်နိုင်ငံလုံး၌ ဆင်စခန်း(၁၉)ခုရှိကြောင်း သိရသည်။
“ဆင်စခန်းဆောက်လုပ်နေတဲ့နေရာဟာ မန်းချောင်းနဲ့ သဘာဝသစ်တောတွေ စိမ်းလန်းစိုပြေတဲ့နေရာ ဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားတွေအတွက် အပန်းဖြေစခန်းတွေဆောက်လုပ်မယ်ဆိုရင် လာရောက်လည်ပတ်လေ့လာသူများ ညအိပ်နိုင်ပြီး ရွှေစက်တောဘေးမဲ့တောမှာရှိတဲ့ မြန်မာ့ ကြယ်လိပ်တွေနဲ့ ရွှေသမင်တွေကို အချိန်ယူလေ့လာနိုင်ကြမှာ ဖြစ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မကွေး တိုင်းဒေသကြီး ရုံးခွဲမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။
အဆိုပါ ဆင်စခန်းအား ရွှေစက်တော်သို့သွားသည့် (၈)မိုင်လမ်းဘေး မိုင်တိုင်အမှတ်(၅) မိုင် (၃)ဖာလုံနှင့် (၅) မိုင်ကြား သံပုရာကိုင်းကျေးရွာအနီး မန်းချောင်းနံဘေး၌ တည်ဆောက်နခြေင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်