ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်က သားအဖ(၂)ဦး စီးနင်းလာသည့်ဆိုင်ကယ်ကို အနောက်မှ မော်တော်ယာဉ်ဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သည့် ဖခင်ဖြစ်သူ သေဆုံးသွားပြီး မော်တော်ယာဉ်မှာ ထွက်ပြေး မောင်းနှင်သွားသဖြင့် ယာဉ်ထိန်းရဲက အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဖခင်ဖြစ်သူ အသက်(၅၂)နှစ်အရွယ် ဦးတင်စိုးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာ အပြင်းအထန်ရသွားပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်းသိရပြီး သားဖြစ်သူ အသက်(၁၄)နှစ်အရွယ် မောင်ဝေလျံခန့်မှာ ပွန်းပဲ့ဒဏ်ရာများရသွားကြောင်း သိရသည်။
လူသေဆုံးစေသည် အထိ ဝင်တိုက်မိပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မော်တော်ယာဉ်မောင်းကို ယာဉ်ထိန်းရဲက တာချီလိတ်မြို့မရဲစခန်း၌ ယာဉ်(ပ)၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၀၄ - က/၂၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းနေကြောင်း သိရသည်။
Tachileik News Agency
တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာ၊ ပြည်သူ့စစ်စခန်းအနီး တာချီလိတ် - ကျိုင်းတုံ ကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ယာဉ်ထိန်းရုံးသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ (၆)နာရီ (၁၀)မိနစ်တွင် သတင်းပေးပို့သဖြင့် အခင်းဖြစ်နေရာအား သွားရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
မယ်ယန်းဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အခင်းဖြစ်နေရာ အရောက်တွင် ရှေ့မှမောင်းနှင်နေသည့်ဆိုင်ကယ်ကို ဝင်တိုက်မိပြီး ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တို်က်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဖခင်ဖြစ်သူ အသက်(၅၂)နှစ်အရွယ် ဦးတင်စိုးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာ အပြင်းအထန်ရသွားပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်းသိရပြီး သားဖြစ်သူ အသက်(၁၄)နှစ်အရွယ် မောင်ဝေလျံခန့်မှာ ပွန်းပဲ့ဒဏ်ရာများရသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုမှ ဒဏ်ရာရသွားသည့် သားအဖ (၂)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခြင်းနှင့် ဆေးရုံတွင် သေဆုံးသွားသည့်ရုပ်အလောင်းကို မယ်ယန်းကျေးရွာရှိ နေအိမ်သို့ ပို့ဆောင်ပေးခြင်းတို့ကို တာချီလိတ်နာရေးကူညီမှုအသင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူသေဆုံးစေသည် အထိ ဝင်တို်က်မိပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မော်တော်ယာဉ်မောင်းကို ယာဉ်ထိန်းရဲက တာချီလိတ်မြို့မရဲစခန်း၌ ယာဉ်(ပ)၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၀၄ - က/၂၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်းနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း